Listen

Description


Q: ဆရာ cost per result က post တစ်ခုနဲ့ တစ်ခု မတူဘူးနော် ဆရာ ဘာလို့မတူတာလဲဗျ တစ်ချက်လောက်ဖြေပေးပါနော်။ ဥပမာ အနေနဲ့ မက်ဆေ့တစ်စောင် s 0.58 ဒေါ်လာ ဖျတ်ပြီး နောက်တစ်ခုကျ အဲ့ထက်ပိုဖျတ်နေတယ်ဆရာ ဘာဖစ်လို့လဲအကို တစ်ချက်လောက် ဖြေပေးပါဗျ။
A: ကျွန်တော်တို့ Facebook ရဲ့ algorithms အရကော ပြီးတော့ ပထမဦးဆုံးကတော့ delivery system ဆိုတဲ့ဟာ ရှိတယ် ကျွန်တော်တို့ကတော့ Facebook မှာ ads run တယ်ဆိုလို့ရှိရင် အနောက်မှာ option house လိုမျိုးရှိတယ် လေလံတင်ရတဲ့ဟာ biding လုပ်ရတဲ့ဟာရှိတယ်၊ bid လုပ်ရတဲ့ ဟာမှာကျွန်တော်တို့အပြင်က လေလံတင်ရတဲ့ဟာတွေနဲ့မတူတဲ့ဟာက အပြင်မှာဆိုရင် ပိုက်ဆံပိုများတဲ့ သူကိုပစ္စည်းကိုရောင်းတာပေါ့ အခုဒီမှာကကျတော့ပိုက်ဆံ များများပေးရတဲ့ သူကို ရောင်းတာမဟုတ်ဘူး ကျွန်တော်တို့ create လုပ်ထားတဲ့ content မှာ copy ရော စာရော ပုံရော ဒါမှမဟုတ် video ရောပေါ့လေ အဲ့ဟာကျွန်တော်တို့ target နဲ့ ဘယ်လောက် relevant ဖြစ်လဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ delivery score တွေ သူတို့ဘာသူတို့အနောက်မှာ သတ်မှတ်ထားတဲ့အရာတွေရှိတယ် အဲ့တော့ အဲ့ score တွေကနည်းနေလို့ရှိရင် result က ဈေးလည်းပိုများနိုင်မယ် reach လည်းပိုနည်းနိုင်မယ် အဲ့တော့ ads မ run ခင်မှာ လုပ်ရမယ့် ဟာက content create လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ audience နဲ့ကိုက်မဲ့ပုံစံမျိုး အပေါ်မူတည်ပြီးတော့ ဦးစားပေး လုပ်ရမှာပေါ့ တကယ်လို့ 0.58 နဲ့ မက်ဆေ့ဖျက်နေတဲ့ဟာ ဘယ်လိုမျိုးစာသားရေးထားလဲ content idea သုံးထားလဲ ဘယ်လိုမျိုး virtual သုံးထားတာလဲ နောက်တစ်ခု 0.58 ထက်ပိုများသွားတဲ့ဟာမှာကျတော့လည်း အကိုဘယ်လိုမျိုးဟာ သုံးထား တာလဲ အကိုရဲ့ audience တွေက targeting မှာ မပြောင်းဘူးဆိုရင်တောင် အကို audience က ဘယ်လိုမျိုးပုံစံကို ပိုကြိုက်လဲဆိုတဲ့ဟာကို အကိုအဲ့မှာ မြင်ရမှာပေါ့ မြင်ရတော့ ပိုပြီးတော့ create လုပ်ပေးရမှာပေါ့လေ အဲ့တာဆိုရင်တော့ 0.58 ဝန်းကျင်လောက်ရပါလိမ့်မယ် အဲ့ဟာအမြဲတမ်းကြီးတော့ ဒီဝန်းကျင်ဘဲသွားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ Facebook ကလည်း အမြဲသူတို့ရဲ့ algorithms တွေကလည်း အမြဲတမ်းချိန်းနေတာဆိုတော့ အပြောင်းအလဲတော့ရှိမှာ အမြဲတမ်းကြီးတော့ ဒီနားမှာဘဲသွားနေမှာမဟုတ်ဘူး ကျွန်တော် additional အနေနဲ့ ထပ်ပြီးတော့ ဖြည့်ရရင် ဒီအောက်မှာ ကိုသန်းထက်အောင် ပြောသွားတဲ့ relevant ရောဘယ်လိုတွက်လဲဆိုတဲ့ဟာမျိုး link လေးချပေးထားတယ် တစ်ချက်လေးကြည့်ကြည့်ပေးပါ။ additional ဖြည့်ရရင်ဆိုတော့ကာ ဥပမာ ကျွန်တော်တို့ cost per message ကဘယ်လိုမျိုးတွက်လဲဆိုတော့ ကျွန်တော်တို့ရဲ့ content တစ်ခုစီမှာမူတည်ပြီးတော့မှနည်းနည်းလေး ပြန်ချုပ်ပေးရရင် content တစ်ခုစီမှာ မူတည်ပြီးတော့ အဲ့content ပေါ်မှာစိတ်ဝင်စားပြီးတော့ ကျွန်တော်တို့ မက်ဆေ့ဝင်လာတဲ့ နှုန်းပေါ်မူတည်ပြီးတွက်ကြတာဆိုတော့ content တစ်ခုထဲကိုဘဲ ကျွန်တော် တို့ boost ရင်တောင်မှ ads တစ်ခုထဲကိုဘဲ boost ရင်တောင်မှ အချိန်ပေါ်မှာမူတည်ပြီးကွာနိုင်တဲ့ ဟာမျိုးတွေ ဖြစ်နိုင်တယ် ဥပမာ ကျွန်တော် world cup အချိန်မှာ ဘောလုံးနဲ့ပတ်သက်တဲ့ ကြော်ငြာတစ်ခုကို အဲ့အချိန်မှာ boost လိုက်တယ်ဆိုလို့ရှိရင် relevant ဖြစ်လို့ဘောလုံးကန်တဲ့ အချိန် relevant ဖစ်လို့ အဲ့လိုအချိန်မျိုးမှာ cost နည်းနေနိုင်ပေမဲ့ world cup ပြီးသွားတဲ့ အချိန်မှာ boost တဲ့အချိန်မှာ relevant မဖြစ်တော့တဲ့အချိန်မှာ ဆက်စပ်မှုမရှိတော့တဲ့အချိန်မှာ cost များတဲ့ဟာမျိုးဖြစ်နိုင်တာပေါ့ အဲ့တာတွေသည် ပြောရမယ် ဆိုရင် world cup ကတော့ အခုပြီးသွားတာဆိုတော့ အလွယ်ဆုံး အမြန်ဆုံး ဆက်စပ်မှုရှိနိုင်ဆုံး ဟာကို ပြောပြတာ တခြားသောအများကြီးဖြစ်နိုင်ပါသေးတယ် ခုနက ကိုသန်းထက်အောင် ပြောသလိုဘဲ ဘာလုပ်ရလဲဆိုတော့ test လုပ်ရတယ် ads တွေရွေးပြီး testလုပ်တယ်၊ CPO နဲ့ content တွေကို test လုပ်ကြတယ် အဲ့လိုမျိုးတွေသွားတယ်ဆိုအများကြီး ဈေးသက်သာပါလိမ့်မယ်။ ကျွန်တော်တို့ time ရော placement တွေရောနဲ့ အများကြီးဆိုင်တယ်ပေါ့
#marketing #digitalmarketing #market #career #askalex #askalexmm