Q: creative team (graphic designer) က deadline အမြဲကျော်တယ်။ management ကို report ထားလည်း ထိရောက်တဲ့အထိ ပြောင်းလဲမထားဘူး။ အဲ့ဒါမျိုးဆို ဘယ်လိုလုပ် ရမလဲ။
A: creative team က dead line အမြဲကျော်တယ် ဆိုတော့၊ management ကို report ထားလည်း ထိရောက်တဲ့အထိပြောင်းလဲမလာဘူးဆိုရင်တော့ အကြံ ပေးချင်တာကတော့ ဒီမှာလည်းကိုယ်က middle management ပေါ့နော်။ အကယ်လို့သာ higher management team ပေါ့နော်။ BOD တွေအနေနဲ့ ကိုယ့်ရဲ့ feedback ကိုဥပေက္ခာပြုထားတယ်ဆိုရင်က လုပ်လို့ရတာနှစ်ခုပဲရှိတယ်။ တစ်ခုကထွက်။ မြှောက်ပေးတာတော့မဟုတ်ပါဘူး။ ဘယ်လောက်ထိ serious ဖြစ်လဲပေါ်မှာမူတည်တယ်ပေါ့နော်။ ကိုယ့်ရဲ့ suggestion တွေ၊ ကိုယ့်ရဲ့ documentation တွေကို အမြဲတမ်းချောင်ထိုးတယ်ဆိုရင်တော့ ဘာလို့လုပ်နေမလဲ။ ကျွန်တော်ကတော့ အဲ့လိုလုပ်တတ်တဲ့ management style ကိုမကြိုက်ဘူး။ ဆိုတော့ကျွန်တော်ဆိုရင် ထွက်မှာပေါ့လေ။ အဲ့လိုမဟုတ်ဘူး။ management team ရဲ့အခက်အခဲကလည်း graphic designer ရဲ့ role အတွက်ကို substitute လုပ်ဖို့ ရှာမရတာပဲဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်ရဲ့ SOB တွေကိုကောင်းကောင်းလုပ်လို့မရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အဲ့ဒီ management team မှာ creative team ရဲ့ head ကသေချာမကြပ်မတ်နိုင်တာပဲဖြစ်ဖြစ် ပေါ့နော် ဖြစ်နိုင်တယ်။ ဆိုတော့ကျတော့ နောက်ထပ်တစ်ခု option ကဘာလဲဆိုတော့ အဲ့ဒီရဲ့ feedback တွေအကုန်လုံးကို deadline ကျော်သွားတိုင်းမှာ ဆိုင်ရာ management team ကို report လုပ်ဖို့ လိုအပ်တယ်။ mail နဲ့။ Viber လောက်၊ Messenger လောက်မလုပ်ဘဲနဲ့ mail နဲ့ report လုပ်ဖို့လိုအပ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က middle management level ယူထားတဲ့အချိန်မှာ ကိုယ့်ရဲ့ ဖင်ကိုလုံအောင်ကာဖို့လိုတယ်။ account သမားကအဆင်ပြေနိုင်ပေမဲ့ ကိုယ့်ရဲ့တခြားသော brander တွေ ကြောင့် ပြဿနာဖြစ်နေတယ်ဆိုရင် အဲ့ဒီ account သမားရဲ့တာဝန်ဖြစ်မလာအောင် ထားပါတော့ကိုယ်က client site မှာဆိုရင် post တင်တာတွေနောက်ကျတယ်တို့၊ agency site ဆိုရင်လည်း client ကကိုယ့်ကို ကြိတ်နေပြီဆိုရင် ကိုယ့်ရဲ့ management team ကကိုယ့်ကိုလာပြီးထောင်းတယ်ဆိုရင်က ငါဘယ်နေ့ ဘယ်နေ့က designing process ရဲ့ designing SOB နဲ့ပတ်သက်ပြီးတော့မှ complain လုပ်ထားတဲ့ ဟာတွေရှိတယ်။ ဒီဟာတွေကြောင့် ငါဒီလိုမျိုးပြဿနာတွေကို ကြုံရတာဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဖင်ကိုလုံအောင်ကာရပါတယ်။ အဲ့လိုမျိုးကာနိုင်တော့မှပဲလည်း ပြောရရင်အကြိတ်ခံရတဲ့ ရန်ကဝေးတာပေါ့နော်။ ဆိုတော့အဲ့ဒီနှစ်ခုကိုတော့လုပ်ပါ။ report အမြဲတမ်းတင်ပါ။ feedback အမြဲတမ်းတင်ပါ။ management က take care လုပ်သော်ရှိ၊ မလုပ်သော်ရှိ။ ကျွန်တော်လည်းဒီမှာအမြဲတမ်းမှာတယ်။ team ကလာတဲ့ feedback အကုန်လုံးကို take care လုပ်ဖို့က HOD တွေရဲ့တာဝန်ရှိတယ်ဗျာ။ ဒါပေမဲ့ HOD တွေကလည်း ပြောမယ်ဆို ကိုယ့်ဟာကို pack ဖြစ်နေတာဆိုတော့ တခါတလေလွတ်သွားတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာတွေဖြစ်မသွားအောင်ဆိုပြီးတော့ ထူးခြားဖြစ်စဉ်ဖြစ်တိုင်းမှာ report တွေတင်ခိုင်းတယ်။ ထူးခြား ဖြစ်စဉ်ဖြစ်ပြီးတော့ report တင်တယ်ဆိုရင် အဲ့တာတွေအကုန်လုံးကို file နဲ့တွဲထားပြီးတော့မှ ကျွန်တော် တို့ရဲ့ management meeting မှာပြန်ပြီးတော့ဆွေးနွေးကြတာပေါ့လေ။ ကျွန်တော်ကတော့ middle management လူတွေအကုန်လုံးကို တစ်ခုလေးပြောချင်တာက နှစ်ဖက်ပေါ့နော်။ တစ်ဖက်က management ကိုလည်းတင်။ နောက်တစ်ဖက်ကကျတော့ ကိုယ့်ရဲ့ designer ကိုဘယ်လိုကူပေးနိုင်မလဲပေါ့နော်။ ဘာလို့လဲဆိုတော့ designer ရဲ့ designing process ကြာတယ်ဆိုတာက တစ်ခုဖြစ်နိုင်တာသည် ကိုယ့်ရဲ့ပေးတဲ့ brief က ရှင်းရှင်းလင်းလင်းမဟုတ်လို့လားပေါ့။ အဲ့တော့သူ့ကို ရှင်းရှင်းလင်းလင်း brief ပေးနိုင်အောင်ကိုယ်ကရော ဘာကူညီပေးနိုင်မလဲပေါ့လေ။ ဥပမာ-ကိုယ်က reference photo သုံးခု၊ ငါးခုလောက်ကို ကိုယ့်ဘက်ကနေပေးရမလား။ ပြီးရင်ကိုယ်လိုချင်တဲ့ USB ကိုကိုယ့်ဘက်ကနေ ပေးရမှာ လား။ သူတို့ရဲ့ process အလွယ်ကူဆုံးဖြစ်အောင် ကိုယ်က middle management ကနေပြီးတော့မှ ဘာလုပ်ပေးနိုင်လဲဆိုတဲ့ ပုံစံမျိုးလေးစဉ်းစားပြီးတော့မှ အဲ့ဒီ designer သော်လည်းကောင်း၊ creative head သော်လည်းကောင်း သွားပြီးတော့ညှိနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးကိုယ့်အတွက်ကို နှစ်ဖက် လုံးနဲ့ management နဲ့ရော၊ creative head နဲ့ရောသွားပြီးတော့ စကားပြောနိုင်မယ်ဆိုရင်တော့ အများကြီးပိုပြီးတော့ ကိုယ့်အတွက်ကိုအဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm