Q: delivery service အသစ်တစ်ခုကို စျေးကွက်ဖောက်ချင်တာ ဘယ်လိုဖောက်သင့်လဲ။ အစ်ကိုမြင်တာလေး ပြောပြပေးပါ။
A: delivery service ကိုကျွန်တော်မြင်တာက customer experience ပေါ့လေ။ ဘာလို့လဲဆိုတော့ delivery service တွေက ကျွန်တော်တို့အများစု အာရုံစိုက်နေတာတစ်ခုက client ပုံစံမျိုးပါ။ ကျွန်တော်တို့ B2B online shop ပုံစံမျိုးတွေကို အာရုံစိုက်ပြီးသွားကြတာများတယ်။ ကျွန်တော်ထင်တာကတော့ online shop တွေဆိုတာထက် customer တွေဘက်ကိုလည်း နည်းနည်းလေးအာရုံစိုက်စေချင်တယ်။ ဘာလို့လဲ ဆိုတော့ customer တွေကိုယ်တိုင်ကနေ ဒီ business နဲ့လုပ်ပေးပါလို့ တောင်းဆိုနေတယ်ဆိုရင် business တွေကလည်း ငြင်းလို့မရဘူး။ အဲ့တော့ဘာအကြံပေးချင်လဲဆိုတော့ end user ဒါမှမဟုတ် consumer လို့ပဲခေါ်မလား။ အဲ့လိုမျိုး end user ရဲ့ express ကိုလည်းဂရုစိုက်စေချင်တယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက ပစ္စည်းလာပို့ပြီဆိုရင် delivery ရဲ့အိတ်နဲ့လာပို့တာ။ ပြီးရင် delivery အိတ်ကို ဖြဲကြတယ်။ ပစ္စည်းယူကြတယ်။ အိတ်ကိုလွှင့်ပစ်ကြတယ်။ အဲ့လိုလွှင့်ပစ်တာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုမျိုး customer experience ပိုပြီးကောင်းအောင် ကိုယ့်အတွက်အမှတ်တရသိမ်းထားလို့ရအောင် စဉ်းစားလို့ ရတယ်ဆိုတဲ့ဟာမျိုးလေး လုပ်စေချင်တယ်။ နောက်တစ်ပိုင်းကကျတော့ delivery လုပ်တယ်ဆိုရင်က ဘယ်လို content လဲပေါ့လေ။ content ဆိုတဲ့နေရာမှာဗျာ ၂၀၂၀၊ ၂၀၂၁ လောက်က Food Panda ကနေ rider တွေရဲ့ experience တွေကိုပြသွားတဲ့ပုံစံမျိုးပေါ့။ အဲ့တာတွေလည်း content လေ။ emotional ဖြစ်သွားနိုင်တဲ့ content မျိုးကိုပိုပြီးတော့ပြတယ်။ မဟုတ်ရင် အကုန်လုံးက product ဆိုတော့ ပစ္စည်းပို့ ပေးတဲ့ product ပဲဖြစ်နေမှာပေါ့။ အဲ့လိုမဟုတ်ဘဲ emotional content တွေကိုပါဆက်ပြီးတော့ ရနိုင် မယ်ဆိုရင်တော့ အများကြီးပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။ ဒါကတော့ ကျွန်တော့် tool sense ပါ။ အဲ့တော့ ကျွန်တော်တို့ လက်ရှိအချိန်မှာ TikTok ကိုသွားကြည့်စေချင်တယ်။ delivery သုံးလေး ငါးယောက်လောက်ကို go pro camera လေးနဲ့ သူတို့ရဲ့သွားတဲ့ဟာလေးတေကို ရိုက်ထားပေးပြီးတော့ TikTok မှာပုံမှန်လေးတင်ပေးနိုင်မယ်ဆိုရင်တော့ နည်းနည်းလေးလူပိုကြိုက်မယ်လို့ မြင်ပါတယ်။ ဒါက ကျွန်တော့် tool sense ပါ။
#marketing #digitalmarketing #market #career #askalex #askalexmm