Listen

Description

Q: Boost တဲ့အခါ detailed targeting, custom audience နဲ့ look alike တို့ကဘယ်လိုကွာတာလဲ သိချင်လို့ပါ။
A: Detailed Targeting, custom audience နဲ့ look alike ဘာတွေကွာတာလဲဆိုတော့ detailed targeting ကိုတော့ ကျွန်တော်တို့က psychographic targeting လို့ခေါ်တယ်။ Geo, Demo, နဲ့ Psycho ရယ် အသက်အရွယ်ရယ်၊ နေရပ်လိပ်စာရယ်၊ သူတို့စိတ်ဝင်စားမယ့် topic တွေရယ်ကို ရွေးလိုက်ပြီးတော့မှ boost လိုက်တဲ့ဟာမျိုးကို Detailed Targeting လို့ခေါ်တယ်။ Custom Audience ကကျတော့ retargeting, remarketing လို့လည်းခေါ်တယ် Remarketing ကဘယ်လိုသွားလဲဆိုတော့ ကျွန်တော်တို့ရဲ့ video ကိုကြည့်ဖူးတဲ့သူပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ website ကိုလာဖူးတဲ့သူပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ customer အဟောင်းတွေကိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ App ကိုသုံးခဲ့ဖူးတဲ့သူတွေကိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဆိုင်ကိုလာခဲ့ဖူးတဲ့သူကိုဖြစ်ဖြစ် ပြောချင်တာကတော့ ကျွန်တော်တို့နဲ့ တစ်ခုခု engage လုက်ဖူးတဲ့ customer တွေကို target ပြန်ထားပြီးတော့ အဲ့လူတွေကို target ပြန်ထားတာကို Retargeting လို့ခေါ်တာပါ။ Facebook ကကြော်ညာမယ်ဆိုရင်တော့ လူအယောက်တစ်ထောင်လိုတယ်။ Retargeting ကို people who like your page နဲ့သုံးမယ်ဆိုရင်တော့ ကိုယ့် page ကို like လုပ်ထားတဲ့သူအနည်းဆုံး ၁ထောင်ရှိဖို့တော့လိုမယ်။ သိန်းနဲ့ချီပြီး ရှိရင်တော့ပိုပြီးအဆင်ပြေတာပေါ့။ Detailed Targeting ကဘာလို့အဆင်ပြေတာလဲဆိုတော့ Million နဲ့ချီပြီး Targeting သွားနေတဲ့အချိန်မှာ Facebook ကကိုယ့်ရဲ့ content ကိုစိတ်ဝင်စားတဲ့သူတွေကိုရွေးပြပေးသွားတာဖြစ်လို့ အများကြီးပိုပြီး effective ဖြစ်တယ်။ အဲ့တောကြောင့်မလို့ ကျွန်တော်စောစောက မေးခွန်းတစ်ခုမှာပြောခဲ့တာ video တစ်ပုဒ်ကို view နဲ့ boost လုပ်လိုက်ပြီး ရလာတဲ့ total view ကို custom audience ဆောက်ပြီးတော့မှ product post တင်လိုက်ရင် ပိုပြီးအဆင်ပြေတယ်ပေါ့။ Look alike ကဘယ်လိုလဲဆိုတော့ ခုနက ကျွန်တော်တို့ video ကိုကြည့်သွားတဲ့သူတွေနဲ့တူတဲ့ တခြားသောသူတွေကို Facebook က target ထားပေးတာ။ ဥပမာ - ကျွန်တော်က အဲ့ video ကိုကြည့်သွားတယ်၊ ကျွန်တော်က Marketing, Technology, ဓာတ်ပုံရိုက်ရတာ စတာတွေကို စိတ်ဝင်စားတယ်ထားလိုက်ပါတော့ ကျွန်တော်နဲ့တူတဲ့တခြားသောတစ်ယောက်၊ တခြား character ရှိတယ်၊ သူကလည်း ကျွန်တော့်လိုပဲ Marketing, Technology, ဓာတ်ပုံရိုက်ရတာကိုကြိုက်တယ်။ အဲ့တာဆိုရင် Facebook ကအဲ့ video ကို အဲ့တစ်ယောက်ကိုသွားပြပေးတယ်။ အဲ့တာကို Look alike ‌audience လို့ခေါ်တာ။ အဲ့တော့ကျွန်တော်တို့သွားတဲ့ Process က Customer Journey မှာ awareness, interest, decide, avocado ဆိုပြီးရှိတယ်။ အဲ့တော့ ပထမဆုံးက လူတွေစိတ်ဝင်စားအောင်နဲ့ သိအောင်လို့ detailed targeting ကိုသွားတယ်။ လူတွေဝယ်အောင်လုပ်တဲ့အချိန်မှာတော့ custom audience (သို့) Look alike audience ကိုဆောက်တယ်။ အဲ့လိုမျိုးအပိုင်းခွဲပြီးတော့သွားတာတော့ ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ custom audience ကတော့ Facebook က အဲ့ video ကိုကြည့်သွားတဲ့သူတွေကို ဆွဲထုတ်ဖို့အချိန်ယူရတဲ့အတွက်ကြောင့် ကြိုဆောက်ဖို့လိုပါမယ်။