Listen

Description

Q: ကို Alex ရှင့်။ digital marketer တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းပြုမယ် ဆိုရင် ဘယ်လိုစကေးတွေလိုမလဲရှင့်။ ဘယ်လိုအခက်ခဲတွေကြုံတွေ့နိုင်လဲ ပြောပြပေးပါ။



A: နံပါတ်တစ်လိုမှာက ဘာသာစကားပါ။ ကိုယ်က မြန်မာလိုပဲပြောလာတာလေ။ မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ သိတာ။ တရုတ်စာတောင်သိပ်သိမနေဘူး။ ဆိုတော့ ဘာသာစကားအခက်အခဲက အများကြီးရှိပါတယ်။ ကျွန်တော်တို့ အခု မြန်မာနိုင်ငံကနေ တခြားနိုင်ငံကိုသွားမယ့်လူတွေများပါတယ်။ ကျွန်တော်တို့ team ထဲမှာ တောင်ရှိပါတယ်။ ကျွန်တော်ကတော့ နိုင်ငံခြားသွားမယ်ဆိုရင် သွားသာသွားလို့ အမြဲတမ်းအားပေးလေ့ ရှိတယ်။ သူတို့ရဲ့ opportunity လည်း အခုမှမဟုတ်ဘူး။ အရင်တည်းက နိုင်ငံခြားမှာသွားပြီးအလုပ် လုပ်ခွင့်ရတယ်ဆိုရင်သွား။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ မှာကတည်းက ကျွန်တော့်အနေနဲ့ပြောနေကျ နိုင်ငံခြားသွားလို့ရရင်သွား။ ဘာလို့လဲဆိုတော့ exposure တစ်ခုလိုတယ်။ အဓိက ဘာသာ စကားမှာပြဿနာရှိပါတယ်။ သူတို့ရဲ့ ဘာသာစကားကို အနည်းဆုံးတော့ ပြောတက် နားထောင်တက် 4 skills မှာ 2 skills လောက် တော့ လုပ်တတ်အောင်တော့ သင်ထားစေချင်တယ်။ ဒါမှလည်း သူတို့နဲ့စကားပြောတဲ့အခါ အဆင်ပြေ မှာပါ။ hard skills တွေကသိပ်ကိစ္စမရှိဘူး။ hard skills ဆိုတာ ဥပမာ- marketing skill တို့ digital marketing skill တို့ဘာတို့ညာတို့က သိပ်ကိစ္စမရှိဘူး။ ကျွန်တော်တို့ရဲ့ မြန်မာပြည်ရဲ့ digital marketer တွေရဲ့ hard skills ကိုယုံပြီးသား။ ဒါပေမဲ့ soft skills တွေမှာ အများကြီးလိုတယ်။ သူတို့ရဲ့ culture တွေ သိဖို့လိုတယ်။ သူတို့ရဲ့ language ကိုနားလည်ဖို့လိုတယ်။ သူတို့ရဲ့ market ကိုသိဖို့လိုတယ်။ အဲ့တော့ အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ အရင်ဆုံး learn လုပ်ဖို့လိုပါတယ်။ ဘာရှိသေးလဲဆိုတော့ သူတို့ရဲ့ holiday တွေသိဖို့လိုတယ်။ သူတို့ရဲ့ behavior တွေသိဖို့လိုတယ်။ ဆိုတော့ soft skills တွေအကုန်လုံးသိပြီဆိုတော့ မှပဲ ဒါနိုင်ငံခြားကိုသွားပြီးအသက်မွေးတယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းမှာပေါ့နော်။

#marketing #digitalmarketing #market #career #askalex #askalexmm