Listen

Description

Q: digital marketer တွေရဲ့ job description နဲ့ responsibilities တွေက ဘာလဲဆရာ။ အလုပ်ခေါ်စာ တွေမှာ အမျိုးမျိုးတွေ့နေလို့။ A: digital marketer လို့ပြောတယ်ဆိုရင်တော့ အစုံသုပ်ရပါတယ်။ လူတိုင်းက digital marketer ပါ။ ပြောရ မယ်ဆိုရင် traditional marketing သမားတွေတောင် အခုလက်ရှိအချိန်မှာ digital ပေါ်ကိုတက်နေတဲ့ marketer တွေပါ။ ဆိုတော့ job description ကတော့ အမျိုးစုံနဲ့ကြိုးခုန်နိုင်ရပါတယ်‌။ နောက်ပိုင်းဆိုရင် Omni-channel marketer တွေဘာတွေလာတော့မှာ။ online ရော offline ရောသိရမယ်။ ထုံးလိုကြေ ရေလိုနှောက် ဘယ် platform မဆို အေးဆေးဖြစ်နေရမယ်ဆိုတဲ့ job description ကိုမြင်ရနိုင်တယ်။Omni-channel marketer  ပေါ့လေ။ အဲ့တော့ digital marketing ရဲ့ job description ကတော့မရှိပါဘူး။ digital marketing ကပြောမယ်ဆို ရင် content marketing, media buying, digital PR, data နဲ့ပတ်သက်တဲ့အပိုင်းတွေ၊ ပြီးရင် KOL Marketing တွေစတဲ့ဟာတွေ အများကြီးရှိတယ်။ ပြီးရင် mail marketing တွေရှိတယ်။ အများကြီးထဲကမှ general ဖြစ်တဲ့ဝေါဟာရတစ်ခုကို marketer လို့ခေါ်တာဆိုတော့ digital marketer ဆိုတဲ့ job description ကတော့အများကြီးဖြစ်နိုင်ပါတယ်။ အကုန်လုံးသိရင်တော့ အကောင်းဆုံးပေါ့လေ။ ကျွန်တော်လည်းအခု လိုက်ပြီးတော့လေ့လာနေတဲ့ အပိုင်းတွေရှိပါတယ်။ အရင်ကမသိတဲ့အပိုင်းတွေလိုက် လေ့လာနေတယ်ဆိုတော့ digital marketer လို့ပြောမယ်ဆိုရင်တော့ သူတို့ရေးထားတဲ့ job description ကသူတို့ခေါ်တဲ့ job description ပါပဲ။ အဲ့လိုမဟုတ်ဘဲနဲ့ digital marketer လို့ကိုယ့်ဟာကို မသုံးသပ်ချင်ဘူး။ content specialist/Story Teller အဖြစ်သတ်မှတ်တယ်ဆိုရင် content အပိုင်းကို၊ creative အပိုင်းကိုလုံးဝ ပိုင်နိုင်တယ်ဆိုရင်တော့ content expert ဖြစ်မှာပေါ့လေ။ အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်က media buying specialist ။ ပြီးရင် Facebook အပြင် YouTube ads တွေ၊ programmatic တွေနဲ့ပတ်သက်တဲ့ platform တွေအားလုံးမှာ အကျွမ်းတဝင် matrix တွေကအစ ရင်းရင်းနှီးနှီးရှိရပါလိမ့်မယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်က KOL specialist , PR specialist ဆိုရင်လည်း ကျွန်တော်အမြဲတမ်းပြောနေကျလိုမျိုး T model အနေနဲ့ သွားစေချင်တယ်။ digital marketing အပြင်ကိုမှ ဘယ်အပိုင်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်မှာလဲဆိုတဲ့ ကိုယ့်ကိုကိုယ်သုံးသပ်ဆုံးဖြတ်ပါ။ ကျွန်တော်တို့ကတော့ digital marketer လို့ဘယ်တော့မှမခံယူဘူး။ ကျွန်တော်သည် marketer ပါ။ ကျွန်တော်သည် စီးပွားရေးသမားပါ။ အဲ့တော့ business person တစ်ယောက်ဖြစ်တဲ့အလျောက် business industry မှာရွေ့နေတဲ့အရွေ့နောက်ကို ကျွန်‌တော်လိုက်တယ်။ ကြိုပြီးတော့ခန့်မှန်းတယ် လိုက်တယ်။ တစ်ခုတည်းကို in general ကြီးကိုသွားတာတော့ မကြိုက်ဘူး။ အဲ့တော့ ကျွန်တော်သည် data ကိုမရရအောင်ကြည့်တယ်။ ဖတ်တယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့မှ strategy ပေါ် မှာမူတည်ပြီးတော့မှ ဆက်သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်သည် ကိုယ့်ဟာကိုယ် marketer strategic အနေနဲ့ပဲခံယူပါတယ်။ business သမားအနေနဲ့ပဲ ခံယူပါတယ်။ ညီမ လဲ့ရွှေရည်အနေနဲ့ digital marketing ဆိုတဲ့ general list ကြီးပဲမဟုတ်ဘဲနဲ့ တစ်ခုလေးကိုတော့ specialist အနေနဲ့ဖြစ်နေ‌အောင် အဲ့တစ်ခုနဲ့ပတ်သက်လာရင် ဘာမေးမေး၊ ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်းဆိုတဲ့ ပုံစံမျိုးဖြစ်နေ အောင် လုပ်ထားစေချင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm