Listen

Description

Q: ကျွန်မရဲ့ local product လေးကို digital marketing အတွက် agency အပ်ရင် တစ်လတစ်လတိုင်းတာ လို့ရတဲ့ report တောင်းလို့ရသလားရှင်။ အခုက boost လိုက် ပုံတင်လိုက်နဲ့ပဲ ငွေပေးနေရသလိုဖြစ်နေ လို့ပါ။ boost ကား boost ၏။ မရောင်းရလည်းဖြစ်နေလို့ပါ။ 

A:    ကျွန်တော်တို့က အဲ့ဒီ business တစ်ခုကိုစစချင်းကတည်းက ဘာကို deliver လုပ်ရမှာလဲ။ ဘယ်လိုမျိုး objective ကို deliver လုပ်ရမှာလဲဆိုတာကို စပြီးမေးတယ်။ အရင်ဦးဆုံး ဘာလုပ်ချင်လဲဆိုတာတော့ agency ကိုပြောပြရတာပေါ့။ ငါတိုကဒီ brand ။ စျေးရောင်းချင်တယ်။ အဲ့တော့စျေးရောင်းတဲ့နေရာမှာ ဘာကိုတိုင်းရမလဲဆိုတော့ ကျွန်တော်တို့ agency အနေနဲ့ကတော့ မရောင်းပေးဘူးလေနော်။ marketing agency ဖြစ်နေတာကိုး။ ကျွန်‌တော်တို့က up to lead generation အထိကို KPI ပေးတယ်။ တစ်လမှာ message ဘယ်နှစ်စောင်ဝင်လာမယ်ဆိုတဲ့ promise ကိုပေးလို့ရ တယ်။ ပေးလည်းပေးသင့်တယ်။ ဒါမှမဟုတ် brand awareness အတွက်ကိုဖောက် ချင်တယ်ဆိုရင်လည်း တစ်လမှာ brand အကြောင်းကိုလူဘယ်နှစ်ယောက်သိသွားမှာလဲ။ တစ်လမှာ brand love ဥပမာ- word of mouth လို့ခေါ်တဲ့ comment ဘယ်နှစ်စောင် engagement ဘယ်နှစ်ခုရမှာလဲဆိုတဲ့ promise လေးတော့ ပေးသင့်တယ်။ ပေးတဲ့အချိန်မှာလည်း တစ်ခုလေးအရေးကြီးတာက အမြဲတမ်း last previous ဆိုတဲ့ အရင်လပဲတွက်တွက် အရင်နှစ်ပဲတွက်တွက်ပေါ့နော်။ ကျွန်တော်တို့က promise မပေးခင်မှာ best shop တစ်ခုကို set လုပ်ရတယ်။ အရင်သုံးလခြောက်လစာမှာ တစ်လကို message အစောင်ရေနှစ်ရာဝင်တယ်။ ကျွန်တော်တို့နဲ့ လက်တွဲမယ်ဆိုရင် နှစ်ရာငါးဆယ်ရအောင်လုပ်ပေးမယ်။ အဲ့ဒါကိုမှ ကျွန်တော်တို့က goal တစ်ခု set လုပ်လိုက်ပြီးတော့မှ မောင်းတယ်။ monthly report ပေးသွားတယ်။ monthly report မှာ လည်း ဘာကိုအဓိကပေးလေ့ရှိလဲဆိုတော့ ပုံမှန် standard report ကတော့ ဒီလမှာ reach ဘယ်လောက် ရလဲ။ ဘယ်လောက်သုံးလိုက်လဲ။ impression ဘယ်လောက်ရလဲ။ impression ကတော့အများဆုံးဖြစ်မှာ ပဲ။ ဘယ်နှစ်ကြိမ်မြင်လိုက်လဲ။ ဘယ်နှစ်ယောက်မြင်တာလဲ။ ဘယ်နှစ်ယောက်က engage လုပ်သွား တာလဲ။ engage လုပ်တဲ့အချိန်မှာမှ view, like, comment, share တွေ link tag တွေပါတယ်။ ပြီးတော့အောက်ဆုံးအဆင့်မှာမှ message ဘယ်နှစ်စောင်ဝင်လာတာလဲ။ အဲ့နေရာမှာ နည်းနည်းလေး tricky ဖြစ်တာကကျတော့ Facebook က organic ဝင်လာတဲ့ message အရေအတွက်ကိုတိုင်းလို့မရဘူး။ သူ့ရဲ့ page ပေါ်မှာတိုင်းလို့မရဘူး။ new message ပဲပြတာ။ message ပို့ဖူးတဲ့သူတွေကလာပို့ရင်လည်း မပြတော့ဘူး။ ဆိုတော့ဘာကို KPI အနေနဲ့သတ်မှတ်လဲဆိုတော့ ကြော်ငြာတဲ့အချိန်မှာ ads လုပ်လိုက်တဲ့ အချိန်မှာ boost လုပ်လိုက်တဲ့အချိန်မှာ ဝင်လာတဲ့ message အစောင်အရေအတွက်ကိုတော့ promise တစ်ခုတော့ပေးပါတယ်။ ပေးလည်းပေးသင့်ပါတယ်။ အဲ့ဟာကိုနေ့တိုင်းကြည့်ပြီးတော့မှ target change တဲ့ဟာတွေ၊ content creation လုပ်တဲ့ဟာတွေကို ဆက်ပြီးတော့ဆုံးဖြတ်တာပါ။ ဆိုတော့ boost လိုက်၊ ပုံတင်လိုက် ပိုက်ဆံပေးနေရတာကတော့ ကျွန်တော့်အနေနဲ့ဖြစ်စေချင်တာက‌တော့ အဲ့ထက်ပိုပြီးတော့ level up ဖြစ်စေချင်တယ်ပေါ့နော်။ ဆေးထိုးတာမဟုတ်ပါဘူး။ ဒါပေမဲ့ဖြစ်စေချင်တာကတော့ report လုပ်စေချင်တယ်။ business owner တွေဘက်ကလည်းတောင်းစေချင်ပါတယ်။ ဘယ်လိုတောင်းရမလဲ မသိတာကတော့ ခုနကပြောသလိုပေါ့။ ဘယ်လောက်သုံးလိုက်လဲ၊ ဘယ်နှစ်ယောက် reach ဖြစ်သွားလဲ၊ ဘယ်နှစ်ယောက် impression ဖြစ်သွားလဲ၊ ဘယ်နှစ်ယောက် engage လုပ်လိုက်လဲ၊ ဘယ်နှစ်ယောက် message လာပို့လဲ။ အဲ့တာလေးသိရင်ကိုမဆိုးဘူး။ နည်းနည်းလေးထပ်သွားရင် post by post breakdown ထပ်ပြီးတောင်းလို့ရတယ်။ တစ်လမှာ ၁၂ post တင်တယ်ပဲထား။ ကျွန်တော်တို့ရဲ့ content topic လေးခုထဲမှာ ၁ခုကို သုံးလေးခုတင်ပြီးတော့မှ content topic လေးခုမှာ တစ်ခုကို 3 post နဲ့ ၁၂ post ရှိတယ်ပဲထား။ ဘယ် content topic ကလူစိတ်ဝင်စားတာအများဆုံးလဲ။ အဲ့တာကိုဘယ်လို define ဖွင့်လို့ ရလဲဆိုတော့ engagement ဘယ်လောက်ထိရထားတာလဲ။ ဒါမှမဟုတ်ရင် ဘယ် topic က ဘယ် content က boost လိုက်တဲ့အချိန်မှာ like အများဆုံးရတာလဲ။ အဲ့တာတွေအကုန်လုံးက ကျွန်တော်တို့ရဲ့ ads manager ထဲမှာမြင်ရတယ်။ အဲ့ data တွေကို ကျွန်တော်တို့က agency ကနေ owner တွေဘက်ကိုပြန်ပြီး report ပြနိုင်တယ်ဆိုလို့ရှိရင် ဘာအကျိုးထူးလဲဆိုတော့ ဒီလမှာတော့ HAPA ရဲ့ whisky နဲ့ပတ်သက်တဲ့ ပုလင်းကလူကြိုက်များတယ်။ အဲ့ content ကိုပဲ message လာပို့နေတာ။ rum နဲ့ပတ်သက်တဲ့ content ကို  message လာပို့တာနည်းတယ်ဆိုရင် business owner က နောက်လမှာ whisky နဲ့ပတ်သက်တဲ့ ဟာကိုပဲ ပိုတင်ကြမလား။ အဲ့လိုစဉ်းစားလို့ရတယ်။ အကြံပေးချင်တာက report တောင်းစေချင်ပါတယ်။ report ပေးစေချင်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm