Listen

Description

Q: DM strategy မှာ analysis အတွက်ကောင်းတဲ့ tools လေးတွေညွှန်ပေးပါဦး။  A: ဘယ်လိုမျိုး stage မှာသုံးချင်လဲပေါ့နော်။ tools တွေကတော့ အများကြီးပဲ။ သုံးရမယ့်ပိုက်ဆံတွေလည်း အများကြီးပဲ။ ကျွန်တော်သုံးနေကြ အဓိက tools တွေပြောပြမယ်။ ကျွန်တော်တို့ဆီမှာ Fanpage Karma ဆိုတဲ့ tool တစ်ခုရှိတယ်။ အဲ့တာက media insight တွေကိုလိုချင်တယ်ဆိုရင် သုံးတာ။ ကျွန်တော်တို့ရဲ့ competitor analysis တို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင် အဲ့ဒီ Fanpage Karma ဆိုတဲ့ tool ကိုသုံး တယ်။ ပြီးရင် customer sentiment analysis ကိုသုံးမယ်ဆိုရင် Bagan Intelligence နဲ့ Macnab Finance ဆိုပြီး tool တွေရှိတယ်။ မြန်မာပြည်က tool တွေပါ။ အဲ့နှစ်ခုကတော့ တော်တော်လေးသုံး သင့်တဲ့ အထဲမှာပါတယ်။ ပြီးတော့ tool တွေတော့မဟုတ်ဘူး။ refer လုပ်တဲ့ insight တွေရှိတယ်။ ဥပမာ- campaign agent လိုမျိုး insight တွေ။ ခုနကပြောတဲ့ case study တွေပေါ့လေ။ ကျွန်‌တော်တို့က case study တွေက အမြဲလိုက်ကြည့်နေရတာဆိုတော့ campaign agent လိုမျိုးတွေ king lion ရဲ့ case study လိုမျိုးတွေ Harvard case study လိုမျိုးတွေ စတဲ့ဟာတွေရှိတယ်။ အဲ့တာအကုန်လုံးကို ကျွန်တော်တို့က ကြည့်ပါတယ်။ ပြီးရင် tools မဟုတ်ဘူး။ public insight တွေကြည့်ချင်တယ်ဆိုရင်က Deloitte ရဲ့ consumer survey တွေရှိတယ်။ ပြီးရင် World Bank ရဲ့ SME တွေရဲ့ spanning power ကိုပြတဲ့ဟာ တွေရှိတယ်။ ဆိုတော့အဲ့တာတွေအကုန်လုံးကတော့ ကျွန်တော်တို့က bigger budget ကိုကြည့်တော့မယ် ဆိုရင် ဘယ် settle မှာ ပိုက်ဆံတွေဘယ်လောက်သုံးနေကြတာလဲဆိုတဲ့ဟာကို မြင်ရပါလိမ့်မယ်။ ဒါက တော့ ကျွန်တော်တို့သုံးနေတဲ့ tool တွေပေါ့။ ဒါပေမဲ့ strategy ဆွဲတဲ့အချိန်မှာ ဘယ်လိုမျိုးနေရာမှာလိုလဲ ဆိုတာကို သိရင်ပိုပြီးကောင်းတာပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm