Q: နောက်ပိုင်းမှာ digital marketing ကပိုပြီးအလုပ်ဖြစ်နိုင်တာလားဗျ။ traditional marketing ထက် အခု နောက်ပိုင်းက digital ဘက်ပဲရောက်လာတာတွေ့ရလို့ပါ။ traditional marketing ရဲ့ future လေးလည်း သိချင်ပါတယ်။
A: traditional marketing ကတော့ပျောက်မှာမဟုတ်ဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံထက် အဆပေါင်း များစွာ digitalize ဖြစ်ပြီးသွားတဲ့ developed countries အကုန်လုံးက traditional marketing ကိုသုံး နေကြတုန်းပါပဲ။ bus car ကြော်ငြာတွေ၊ bus car ဂိတ်တွေမှာ bus-stop app တွေကြော်ငြာတဲ့ ဟာမျိုးတွေ ရှိတယ်။ billboard တွေရှိတယ်။ radio ကတော့ podcast ဖြစ်သွားတာပေါ့နော်။ radio ဆိုပြီးတော့ ရှားသွားတယ်။ ဟိုဘက်မှာလဲ radio အကုန်လုံးက online ပေါ်ကနားထောင်လို့ရနေတာဆိုတော့ radio ရှားသွားတယ်။ ဥပမာ Spotify podcast, apple podcast, google podcast တို့ ဘာတို့ ရှိလာတာပေါ့လေ။ ပြီးတော့ commercial ။ television commercial ကတခြားနိုင်ငံမှာလည်း သုံးနေကြတုန်း။ ဒါပေမဲ့တစ်ခုရှိတာက ဟိုတစ်နေ့က ကျွန်တော့်အစ်ကိုတစ်ယောက်နဲ့ စကားပြောရင်းနဲ့ ခေါင်းထဲဝင်လာတာက သူက field marketing သမား။ field marketing ဆိုတာ brand promoter တွေငှားတဲ့အဖွဲ့။ သူတို့အနေနဲ့က လုံးဝ offline ဘက်ကိုသွားတာပေါ့လေ။ ကျွန်တော်တို့ကျတော့ online ပေါ့။ မြင်လာတာကကျတော့ ကျွန်တော် တို့နှစ်ယောက်သဘောတူထားတာဘာလဲဆိုတော့ digital ပိုအလုပ်ဖြစ်နိုင်လား၊ traditional marketing ပိုအလုပ် ဖြစ်နိုင်လားဆိုတဲ့ဟာက ကိုယ့်ရဲ့ target audience ကနံပါတ်တစ်။ ဆိုလိုချင်တာက awareness နဲ့ engagement ကို digital ဘက်ကနေကောင်းကောင်း run လို့ရတယ်။ အခုဆိုရင် Facebook မှာလူ ၁၈ သန်းကနေ သန်း ၂၀ ကြားရှိတယ်။ Facebook ပေါ်မှာမသုံးတဲ့သူတွေကြတော့ traditional နဲ့ပဲအလုပ် လုပ်ရတော့တာ။ ဒါပေမဲ့ Facebook ပေါ်မှာခဏဏပြလို့ရတယ်။ နံပါတ်တစ်က digital သည် cost affective အရမ်းဖြစ်တယ်။ စျေးပေါတာကိုပြောတာမဟုတ်ဘူး။ တစ်ခါတစ်လေကျရင် စျေးမပေါဘူး။ ဒါပေမဲ့ cost effective ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းလို့ရတယ်။ ကျွန်တော်တို့ billboard ဟံသာဝတီအဝိုင်းမှာထောင်ထားတယ်။ billboard ကြီးကို တစ်လကိုသိန်းနှစ်ဆယ် သုံးဆယ်ပေးပြီး ထောင်တာနဲ့ Facebook ads ကိုသိန်းသုံးဆယ်လောက်ပေးတယ်ဆိုရင် လူအယောက်တစ်ထောင်ကို မြင်ဖို့အတွက် ၀.၅ လောက်ကိုပေးရတယ်ဆိုရင် ဒေါ်လာ ၅၀၀ ဆိုရင် လူတစ်သန်းလောက် reach ဖြစ်သွား နိုင်တယ်။ အဓိကနံပါတ်မြင်ရတယ်။ reach, impression, video view ဘယ်လောက်ရသွားတယ်ဆိုတဲ့ နံပါတ်တွေမြင်ရတယ်။ နောက်တစ်ခု ကောင်းတာက digital မှာကနည်းနည်းလေးသုံးလည်းရတယ်။ ဥပမာဗျာ billboard ကိုသွားပြီးတော့ ကျွန်တော်တစ်ဝက်ပဲယူမယ်။ ဘယ်လောက်စျေးပေးပါဆိုပြီး ပြောလို့မရဘူး။ ဒီမှာကကျတော့ ကျွန်တော်တစ်ဒေါ်လာပဲ boost လုပ်ချင်တယ်။ ၁၀ ဒေါ်လာပဲ boost လုပ်ချင်တယ်။ ရတယ်။ အဲ့လိုမျိုး top funnel မှာ run တဲ့ awareness တွေ engagement တွေ inspiration တွေ run တဲ့အချိန်မှာတော့ digital ကတော့အများကြီး effective အများကြီး ဖြစ်နိုင်ပါတယ်။ နောက် တစ်ခုထပ်ပြီးစဉ်းစားကြည့်ရအောင်။ လူတွေအနေနဲ့ အမြဲတမ်းအရေးကြီးတာက customer experience က အရေးကြီးတာပေါ့နော်။ customer experience ကိုဘယ်နိုင်ငံက ဘယ် marketer မဆိုစကားပြောနေကြတာ CX, UX ပေါ့လေ။ customer experience, user experience ။ customer experience က ထိတွေ့ကိုင်တွယ်လို့ရရင် ခေါင်းထဲကိုပိုရောက်တယ်။ ဥပမာ- ဒီမှာဖြန်းထားတဲ့ Steller ဆိုတဲ့ air freshener ရှိတယ်။ ဒါကို ဆယ်မိနစ် ဒါမှမဟုတ် မိနစ်နှစ်ဆယ်နေရင် တစ်ခါဖြန်းပေးတယ်။ ဒီဟာကအနံ့တွေအများကြီးရှိတယ်။ ကျွန်တော်တို့က ဥပမာ- lavender အနံ့ ဘယ်လိုမျိုးရှိလဲ ကိုယ့်ဟာကိုယ်ခေါင်းထဲတွေးကြည့်ရတယ်။ နောက်တစ်ခုက green fantasy ။ အဲ့တော့ green fantasy လို့ပြောရင်တော်တော်စဥ်းစားရမယ်။ green fantasy အနံ့ကဘာလဲမသိဘူး။ အရမ်း မွှေးတာပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာထက် အဲ့ဒီရောင်းတဲ့ showroom မှာ အဲ့ဒီရောင်းတဲ့ road show မှာ အဲ့ဒီအနံ့လေးဖြန်းပေး ထားမယ်။ အခန်းသုံးခန်းကန့်လိုက်ပြီးတော့ အနံ့သုံးခုကိုထည့်ထားပြီး ဘယ်လောက်ထိအနံ့ရနိုင်လဲဆိုတဲ့ customer experience ပေးနိုင်တယ်ဆိုရင်က ကျွန်တော်တို့အတွက်အများကြီး ပိုပြီးခေါင်းထဲဝင်သွားနိုင် တယ်။ online ထက်စာရင်ပေါ့နော်။ အဓိကဘာပြောချင်တာလဲဆိုတော့ digital ကပိုအလုပ်ဖြစ်တာလား။ traditional ကပိုအလုပ်ဖြစ်တာလားဆိုတာထက် digital channel လည်းအလုပ်ဖြစ်နိုင်တာမဟုတ်ဘူး။ traditional ချည်းသက်သက်လည်း အလုပ်ဖြစ်နိုင်တာမဟုတ်ဘူး။ အလုပ်ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်ပြောတာ largest skill ပေါ့နော်။ small business တွေကတော့ digital နဲ့သွားတာပိုပြီးတော့ cost effective ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပိုက်ဆံသုံးတဲ့အချိန်မှာ cost effective ပိုဖြစ်နိုင်တယ်ပေါ့လေ။ ဒါပေမဲ့ largest skill သွားတယ် ဆိုရင် အကြံပေးချင်တာက OMNI channel approach ။ ကျွန်တော်တို့က online နဲ့ offline နှစ်ခုလုံးကိ