Q: ထပ်မေးရတာအားနာပါတယ်။ post တစ်ခုကို dollar 120 ကျော်လောက်ကြော်ငြာပြီးရင် Facebook က ထပ်မပို့တော့ဘူးဆိုတာ ဟုတ်ပါလားရှင်။ dollar ၁၀၀ ကျော်သွားတာနဲ့ သိပ်မသွားဘူးခံစားရလို့ပါ ကျေးဇူးပါရှင့်။
A: မဟုတ်ပါဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ရဲ့ ads potential reach ပေါ်မှာတော့မူတည်တယ်။ ထားပါတော့ potential reach အရမ်းနည်းနေတယ်။ တစ်သန်းလောက်ပဲရှိတယ်ဆိုရင်တော့ ဖြစ်နိုင် တယ်။ ဒေါ်လာတစ်ရာဖိုး boost လိုက်တယ်ဆိုရင်က လူအယောက်သုံးသိန်းလောက် ရောက်သွားတယ် ဆိုရင်က နည်းနည်းလေးနှေးသွားတယ်။ ထပ်မပို့တာမဟုတ်ဘူး..။ အဲ့လိုမဟုတ်ဘဲ potential reach ကကြီးတယ်ဆိုရင် မနှေးဘူး လေ။ သူ့ဟာသူဆက်သွားတယ်။ brand အကြီးတွေဆိုရင် post တစ်ခုကို ဒေါ်လာလေးငါးရာ boost လုပ် လာခဲ့တာပါ။ ကျွန်တော်တို့အခု level up group ကနေလည်း post တစ်ခုကို ဒေါ်လာလေးငါးရာ boost လုပ်ရတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့က KPI တစ်ခုပေးပြီး boost တာဖြစ်တဲ့အတွက် နှေးသွား တာတော့ ကျွန်တော်သတိထားမိတယ်။ Facebook ကထပ်မပို့ဘူးဆိုတာတော့ မဟုတ်ဘူးဗျ။
#marketing #digitalmarketing #market #career #askalex #askalexmm