Q: engagement boost ပြီးသားကို message နဲ့ပြန်လုပ်တာဘယ်လိုမှရွေးလို့မရဘူး။ အကုန်ရွေးလို့ရတယ်။ boost ထားတဲ့ဟာကိုပဲပြန်ရွေးလို့မရဘူး။ ပြီးတော့ leads တို့ engagement, traffic အဲ့ထဲမှာလည်း calls, message ကတော်တော်ဗရှုပ်သွားသလိုပဲ။ တစ်ချက်လောက်ရှင်းပြပေးပါအုံး ကို Alex။
A: ကိုသန့်ထိုက်အောင် - ပထမဆုံး engagement နဲ့ boost ပြီးသားကို message နဲ့ပြန်လုပ်လို့မရတော့ဘူး ဆိုတာက ကျွန်တော်တို့က အဲ့ boost တစ်ခုမှာ run လို့ပြီးသွားတဲ့အချိန်မှာ campaign နောက်တစ်ခုဆောက် မယ်ဆိုရင် အဲ့ campaign ကလည်း အရှေ့ကရွေးထားတဲ့ objective နဲ့မတူဘူးဆိုရင် ပြန်ပြောင်းလို့မရဘူး။ အဲ့တော့ကျွန်တော်တို့လည်း ဘာလုပ်လေ့ရှိလဲဆိုတော့ တစ်ချို့ content တွေကို engagement နဲ့အရင် boost ပြီးမှ message နဲ့ပြန်လိုက် boost ကြည့်တဲ့ဟာတွေလည်း ရှိတာပေါ့နော်။ အဲ့တော့ကိုယ်က message နဲ့ပဲ boost ရင် boost မယ်လို့စဉ်းစားထားလို့ရှိရင် engagement campaign နဲ့ဆောက်လိုက် ကတည်းက Ads ပေါ်မှာ call to action (send message) ကိုတစ်ခါတည်းထည့်ထားပေါ့နော်။ မထည့် ထားဘဲနဲ့ engagement နဲ့ run ပြီး message နဲ့ပြန်ချင်တယ်ဆိုရင် app က run ပြီးသားဖြစ်သွားတဲ့ အတွက် post ကို edit မပေးတော့ဘူး။ call to action ပေးမထည့်တော့ဘူး။
ကို Alex - သူကဆိုလိုချင် တာက one post, one content ကို objective တစ်ခုတည်းနဲ့ပဲ boost လို့ရတာပေါ့နော်။
ကိုသန့်ထိုက်အောင် - objective တစ်ခုဆိုတာထက် သူနဲ့ similar ဖြစ်တဲ့ objective တွေပြန်ရွေးလို့ရတယ်ပေါ့နော်။ ဉပမာ- video ဆိုရင် engagement နဲ့ run တဲ့ဟာကို video view နဲ့ပြန် run လို့ရတယ်။ ဒါပေမဲ့ကိုယ်က call to action တစ်ခုခုကိုပြန်ထည့်ပြီးတော့ run ချင်တဲ့ ဉပမာ- traffic နဲ့ပြောင်းမယ်တို့၊ send message မှာထည့်မယ်တို့၊ what app ကို drive တဲ့ဟာထည့်မယ်တို့ဆိုရင် call to action တွေကပေးမထည့်တော့ ဘူး။ ဘာလို့လဲဆိုတော့ Ads က run ထားပြီးသားဖြစ်သွားတဲ့အတွက် လုံးဝပေးမထည့်တော့ဘူး။ အဲ့တော့ နဂိုတည်းက message နဲ့ run မယ်လို့စဉ်းစားထားတာရှိရင်တော့ တစ်ခါတည်း engagement နဲ့မ run ခင်ကတည်းက အဲ့ post ပေါ်မှာ call to action လေးထည့်ပေါ့နော်။ ဥပမာ- ကိုယ်က website ကိုပဲ drive ချင်တာဆိုရင်တော့ learn more တို့ဘာတို့ထည့်ပေါ့နော်။
#marketing #digitalmarketing #market #career #askalex #askalexmm