Q: Hi Ko Alex! Same post ကို target audience မပြောင်းဘဲ objective မှာ engagement နဲ့ boost ပြီးမှ message ပြောင်း boost ရင်ပြပြီးသားသူတွေပဲ သွားပြမှာလား။
A: objective ပြောင်းတယ်ဆိုတာက campaign ပြောင်းသွားတာလေနော်။ campaign ပြောင်းတယ်ဆို ကတည်းက ပြပြီးသားသူတွေကိုလည်း ပြနိုင်ပါတယ်။ တခြားသူတွေကိုလည်း ပြနိုင်ပါတယ်။ objective နဲ့ Facebook ကဘယ်လိုပြန်ပြီး map လုပ်လည်းဆိုတော့ Facebook အနေနဲ့က engagement နဲ့ပဲ boost လိုက်တယ်ဆိုရင် အဲ့လို post မျိုး တခြားသော post တွေသန်းနဲ့ချီပြီး တစ်ကမ္ဘာလုံးမှာ နေ့တိုင်းကို တက်နေတာ။ အဲ့လိုအချိန်မှာ Facebook ကကျွန်တော်တို့လို post တွေကို engage လုပ်နေတဲ့ target ထားတဲ့လူတွေကို အရင်ဆုံးသွားပြသေးတယ်။ အဲ့လူတွေက engage လုပ်တဲ့အချိန်မှာ ဆက်ပြီးပြသွားတာ ပေါ့နော်။ message လည်းထိုနည်းတူစွာပဲ ကျွန်တော်တို့လို post တွေကို message ပို့နေတဲ့လူတွေ ရှိတယ်။ အဲ့လူတွေကို ဦးစားပေးပြပေးတာပါ။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့က engage လုပ်တတ် ပြီးတော့ message ပို့တဲ့သူကတစ်ယောက်တည်း ဖြစ်နေနိုင်တယ်။ အဲ့တာဆိုရင် ပြပြီးသားသူကိုလည်း ပြနိုင်သလို တခြားအပြင်လူကိုလည်း Facebook အနေနဲ့ ဆက်ပြီးတော့ပြနိုင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm