Listen

Description

Q: Boosting Budget တွေသုံးသင့်သလောက်လည်းသုံး၊ အမျိုးမျိုးသော content idea တွေနဲ့လည်းတင်ပေမဲ့ ဘယ်လိုမှ engagement မရတဲ့ page တစ်ခုကို ဘယ်လိုလုပ်ရမလဲရှင့် ၊ သူတို့ကဘဲ  ကိုယ့် product ကိုနားမလည်တာလား interested မဖြစ်လို့လား ဘယ်လိုပုံစံနဲ့ ဆက်သွားရမလဲ ဖြေပေးပါအုံးရှင့်။ 

A: သုံးသင့်သလောက်သုံးတယ်ဆိုတာ ဘယ်လောက် သုံးတယ်ဆိုတဲ့ဟာ မူတည်တာပေါ့ boost တယ်ဆိုရင်တော့ အနည်းဆုံးတော့ တစ်ဒေါ်လာဖိုး boost တယ်ဆိုရင်တောင်မှ ဆယ်ဂဏန်းလောက်တော့ ရတယ်ဟုတ်၊ engagement နဲ့ ဒီမှာဆိုရင်တော့ 1K လောက် ရတယ်။ အဲ့တော့ ဘယ်လိုမြင်လဲ? 

ကိုသန့်ထိုက်အောင်− engagement မရဘူးဆိုတဲ့ဟာကိုမှ comment မရတာကို ပြောချင်တာလား။ Engagement တွေကတော့ အခု 1K ဆိုလို့ရှိရင် engagement တွေချည်းဘဲပေါ့လေ။

Ko Alex - ကျွန်တော်မြင်တာကတော့ very much content နဲ့ဆိုင်တဲ့ဟာတွေ ဘာလို့လဲဆိုတော့  buying က  ပြချင်တဲ့ သူဆီကို အဲ့   content ရောက်သွားတယ်ဆိုရင်  buying က တာဝန်ကျေသွားပြီ၊ အဲ့တော့ objective က အကယ်လို့သာ engagement လိုချင်တယ် comment လိုချင်တယ် ဆိုလို့ရှိရင် အဲ့ဒီ content ထဲမှာ call to action ပုံစံမျိုးတွေ၊ ပြီးလို့ရှိရင် အဲ့ဒီ content ရဲ့ story  telling approach တွေကတော့ အများကြီးပါသင့်တယ်လို့ထင်တယ် အခုဟာတော့ အဲ့ page ကိုကြည့်ကြည့်တာတော့ ကျွန်တော်တို့သတိထားမိတာ နံပတ်(၁) ရေးထားတဲ့ အရေး အသား content ထက်စာလို့ရှိရင် content တွေ topic တွေက နည်းနည်းရှုပ်တယ် ဆိုတော့ အဲ့ဟာတွေသည် customer စိတ်ဝင်စားတဲ့ဟာမျိုးဖြစ်နိုင်လားဆိုတဲ့ဟာမျိုး အရင်ကြည့်စေချင်ပါတယ်၊ ဒုတိယအချက်ကကျတော့ စာအရှည်ကြီးကို အပေါ်မှာရေးတာထက်စာလို့ရှိရင် ကျွန်တော် page မှ ကျွန်တော်ဘာနဲ့ရေးလေ့ရှိလဲဆို ကျွန်တော် ပုံတွေနဲ့ခွဲချလိုက်ပြီးတော့မှ ပုံ(၁)မှာ ဘာရှိတယ်၊ ပုံ (၂)မှာဘာရှိတယ်၊ ပုံ (၃)မှာ ဘာရှိတယ် သွားလိုက်တဲ့အချိန်မှာ နည်းနည်းလေးပိုပြီးတော့ ဖတ်ရတာ သက်တောင့်သက်သာရှိတာပေါ့၊ မဟုတ်ရင်ကစာအရှည်ကြီးရေးရတဲ့ဟာကို ဘယ်သူမှ မဖတ်ချင်ဘူးပေါ့၊ ကျွန်တော့ အနေနဲ့ မြင်တာက content marketing ကို အဓိက လုပ်စေချင်ပါတယ်။ content idea တွေအမျိုးမျိုးနဲ့ တင်တယ်ဆိုရင်တောင်မှ အလုပ်မဖြစ်ဘူးဆိုရင် ဘာကိုဆက်ပြီးအကြံပေးချင်လဲ ဆိုတော့ အလုပ်ဖြစ်တဲ့ page တွေကို သွားကြည့်ပြီးတော့မှဘဲ အလုပ်ဖြစ်တဲ့ page တွေရဲ့ ပုံစံမျိုးနဲ့ ၃၊၄၊၅၊ လလောက်ကို သွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။ ဒါမှမဟုတ်လဲ ကျွန်တော်တို့ဆီက ကူညီပေးလို့ရတယ် ဝင်ပြီးစျေးရောင်းတာပါ။

#marketing #digitalmarketing #market #career #askalex #askalexmm