Listen

Description

Q: Campaign Bid Strategy အကြောင်းလေးရှင်းပြပေးပါလား ဆရာ။ Lowest cost, Cost Cap, Bid Cap တစ်ခုချင်းစီရဲ့ အားသာချက်နဲ့အားနည်းချက်တွေ၊ ဘယ်လိုမျိုးသုံးသင့်တယ်ဆိုတာမျိုးကိုပါ။ ကျေးဇူးတင်ပါတယ်။

A: Campaign Bid Strategy က အဓိကကတော့ Cost Control ပေါ့လေ။ Video ထဲမှာပါတဲ့ No Cost Control ဆိုတာကတော့ ရှင်းတယ် Facebook ကိုယုံကြည်ပြီးတော့ အကုန်လုံးပုံအပ်လိုက်ပြီးတော့ Facebook ကနေပြီးတော့ အကုန်လုပ်သွားတဲ့သဘောပေါ့။ Cost Control နဲ့ကဘာကွာသွားလဲဆိုတော့ Cost Control အောက်မှာက Cost Cap နဲ့ Bid Control ဆိုပြီးတော့နှစ်မျိုးထပ်ရှိတယ်။ Cost Cap ကတော့ benchmark သတ်မှတ်လိုက်တာ။ Benchmark သတ်မှတ်တယ်ဆိုတာက Message တစ်စောင်ကို 1 dollar ပေးနိုင်တယ်လို့ သတ်မှတ်လိုက်တဲ့အချိန်မှာ Facebook က 1 dollar ပတ်ချာလည်နားကိုပဲသွားပြနေတာ။ 1 dollar ပတ်ချာလည်ဆိုတော့ 1.08, 1.09, 0.9, 0.8 တွေလည်းဖြစ်သွားနိုင်တယ်။ အဲ့လိုမျိုးကို Cost Cap နဲ့လုပ်ထားလို့ရတယ်။ Cost Cap မှာ 1 dollar အထက်၊အောက် 25% လောက် Facebook ကပြပေးနေတဲ့အချိန်မှာ Bid Cap မှာကျ 1 dollar ထက်ကိုပိုမသုံးတော့ဘူး။ Bid cap မှာကျ ကိုယ်ထားထားတဲ့ amount အောက်ပဲသုံးပေးနေတဲ့အချိန်မှာ Cost Cap ကကျ အဲ့နားပတ်ချာလည်လောက်သုံးပေးတယ်။ အဓိကကတော့ အဲ့တာကွာတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က Cost Cap ဒါမှမဟုတ် Bid Cap ထားထားတဲ့အချိန်မှာ ဘယ်မှာသွားပြီး ပြဿနာဖြစ်နိုင်လဲဆိုတော့ Cost Cap, Bid Cap ထားထားတဲ့ amount က အရမ်းနည်းနေတဲ့အချိန်မှာ Facebook ကကြော်ငြာမပြတော့ပဲ reach မရတော့ဘူး။ Reach မရတော့တဲ့အခါကျ လိုချင်တဲ့ resource တွေမရတော့တာဖြစ်တတ်ပါတယ်။ ဆိုတော့ Cost Cap, Bid Cap ကို ကိုယ့်ရဲ့ average cost per result ဘယ်လောက်ရလဲဆိုတာသိတော့မှ ထားစေချင်တယ်။ မဟုတ်ဘူးဆိုရင်တော့ lowest cost နဲ့သွားစေချင်ပါတယ်။ အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ ဒီ link မှာ - https://bit.ly/3O3jAaW သွားဖတ်လို့ရပါတယ်။