Listen

Description


Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။
A: ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က narrow audience ကိုအရင်ပြောလိုက်မယ်ပေါ့နော်။ ကျွန်တော် တို့ထည့်လိုက်တဲ့ narrow audience မှာ၊ ကျွန်တော်တို့ target မှာ၊ audience size ကဘယ်လောက်ကျန် လဲဆိုတာ ကျွန်တော်တို့ကအမြဲတမ်းကြည့်ရတယ်။ audience size နည်းနည်းလေးပဲကျန်တော့တဲ့ချိန်မှာ ဥပမာ-တစ်သိန်းနှစ်သိန်းကတော့ နည်းတယ်ပေါ့နော်။ ၁ million ကနေ 3 million ကတော့အဆင်ပြေတဲ့ အထဲမှာပါတယ်။ အဲ့တော့ 1 million ပြည့်ခါနီး number တွေအရ တစ်သိန်းနှစ်သိန်းပဲပြတဲ့အချိန်မှာတော့ ကျွန်တော်တို့က စျေးကတော့ကြီးနေမှာပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ custom audience တွေ၊ look a like တွေထည့်သုံးတဲ့အချိန်မှာ ကျန်တဲ့ဟာတွေလောက် result မကောင်းဘူးဆိုတာက ဘယ်လိုမျိုး ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ custom audience တွေ၊ look a like တွေပြန်စောင့်လိုက်တဲ့အချိန် တိုင်းမှာ Facebook ဘက်ကနေပြီးတော့ learning phase တစ်ခုလိုတယ်ပေါ့နော်။ သတ်မှတ်လိုက်တဲ့ audience ကဘယ်လောက်ရှိတာလဲ။ အဲ့ဟာကိုပြန်တွက်ရတယ်ပေါ့နော်။ ပထမဆုံး run တဲ့ ads တွေက တော့ စျေးကြီးမှာပဲ။ ဒါပေမဲ့ အဲ့ဒီ audience နဲ့ပဲ၊ look a like နဲ့ပဲ run လာတဲ့ဟာက တစ်လလောက် ရှိလာပြီဆိုရင်တော့ သူ့ရဲ့ audience ကတဖြည်းဖြည်းသိသာလာပြီးတော့ result တွေကကောင်းလာပါ လိမ့်မယ်။ စလုပ်တဲ့အချိန်တွေမှာတော့ စျေးကြီးမှာပေါ့နော်။ သူ recommend ပေးတဲ့ Budget ပဲသုံးသုံး စျေးကြီးမှာပဲ။
#marketing #digitalmarketing #market #career #askalex #askalexmm