Listen

Description

Q: page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share မိရင် နောက်ပိုင်းမှာ penalty ပေးမယ်လို့ ကြားမိတယ်ဗျာ။ Facebook group တွေတောင်နောက်ပိုင်း ဖယ်ရှားပစ်မလားပဲနော်။  A: Facebook Group တွေကတော့ တစ်သက်လုံး Facebook ကဖယ်မှာတော့ မဟုတ်ဘူး။ တစ်သက်လုံးတော့ ပြောလို့မရပေမဲ့ ရေတိုမှာတော့ ဖယ်မှာမဟုတ်ဘူး။ Facebook ရဲ့ ၂၀၁၈ update တုန်းက ဇူကာဘတ် ပြောခဲ့တဲ့ Facebook သည် friends and families တွေရဲ့ meaningful conversation တွေကို drive လုပ်ချင်တာ။ friends and families တွေရဲ့ meaningful conversation ဆိုတာ Facebook group တွေမှာအဖြစ်များတာ။ ပြီးတော့ Facebook group တွေကို သူတို့က Empower လုပ်ချင်လို့ Facebook community ဆိုတဲ့ တစ်နှစ်မှာတစ်ခါ advance လုပ်နေတာပေါ့လေ။ အဲ့တော့ ဘယ်တော့မှာတော့ Facebook community တွေကိုဖျက်ပစ်မှာတော့မဟုတ်ဘူး။ Facebook community သည် Facebook ရဲ့ strength တစ်ခုထဲမှာပါတယ်။ Facebook ရဲ့လူသုံးအများဆုံး feature ထဲမှာပါတယ်။ ဒါပေမဲ့ page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share ရင် penalty ပေးမယ်ဆိုတာလည်း ကျွန်တော့်အမြင် မဟုတ်ဘူး။ မဟုတ်ဘူးဆိုတာ Facebook ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ native content ကိုဦးစားပေးတယ်။ native content ဆိုတာက ကျွန်တော်ဆိုရင် page ပေါင်းသောင်းခြောက် ထောင်ရှိတယ်။ ကျွန်တော့် client page တွေကျွန်တော်ရဲ့ company ငါးခုရဲ့ business entity ငါးခုရဲ့ page တွေလည်းရှိနေတာ ဆိုတော့ ထားပါတော့။ ကျွန်တော့်အခု Alex Khine page မှာမြင်မှာပါ။ FYI page ရဲ့ content ကို Alex Khine page မှာလာ share တယ်ဆိုရင် engagement ကကျကိုကျတယ်။ ပြေးကြည့်စရာမလိုဘူး။ ဘာလို့ လဲဆိုတော့ native မဟုတ်လို့။ Alex Khine page ပေါ်မှာအဲ့ဒီ content ကြီးရေးနေတာမဟုတ်ဘူး။ FYI မှာ ရေးပြီးတော့မှ ဒီမှာလာ share တာ။ ဆိုတော့ group တွေလည်းအတူတူပဲ။ group ထဲမှာသွားရေးရင် engagement တက်တယ်။ သွားရေးတဲ့သူက page access ရရမရရ။ group ထဲမှာရေးပြီးတော့ page ကို mention ခေါ်လို့ရတယ်။ page  က post ကြီးကို group ထဲမှာသွား share ရင်ကျတော့ native content မဖြစ်တဲ့အတွက်ကြောင့် engagement ကျကိုကျတယ်။ engagement ကျရင် reach ကျတယ်။ organic reach ကျရင် penalty လို့ပဲခေါ်နေကြလားမသိဘူး။ ဘာလို့လဲဆိုတော့ organic reach တွေ 28Day မှာကျလာပြီဆိုရင် Facebook ကဘာပြောလဲဆိုတော့ ဒီကောင်တင်တဲ့ post ကိုလူတွေကစိတ်မဝင်စားဘူး။ အဲ့တော့ ဒီကောင့်ကိုနောက်ပိုင်း post တွေမပြနဲ့တော့။ ဘာလို့လဲဆိုတော့ ဒီကောင်က လူစိတ်မဝင်စား တာကိုတင်တယ်ဆိုရင် ဒီကောင့် post တွေများတယ်ဆိုရင် Facebook ကိုဘယ်သူမှ သုံးမှာမဟုတ်တော့ဘူး။ ဒီကောင့် post တွေကို reach လျှော့ အဲ့တာကို penalty လို့ခေါ်တာဖြစ်တယ်။ အဲ့လိုလျှော့ရင်း လျှော့ရင်းနဲ့ သေသွားကြတာ။ ဆိုတော့အကြံပေးချင်တာက page access ရရမရရ လုပ်စေချင်တာက native content လုပ်ကြပါ။ ဒါလည်းကိုယ့်ရဲ့ business model marketing strategy ပေါ့လေ။ ကျွန်တော့်ရဲ့ FYI page ကိုသွားကြည့်မယ်ဆိုရင် link တွေကြီးပဲမြင်ရမယ်။ FYI media ရဲ့ link ကို page လာပြီးတင်ထားတာလေ။ ပြောရမယ်ဆိုရင် ကို Alex က page reach ကျတယ်လည်းပြောတယ်။ ဘာလို့ FYI မှာ link တွေပဲချတာ လည်းဆိုတော့ အဲ့တာကျွန်တော့် marketing strategy။ ကျွန်တော့်ခေါင်းထဲမှာ reach ကျတာက အဲ့လောက်ကြီးမရှိဘူး။ long term ကိုသွားတဲ့အချိန်မှာ media ဖြစ်တဲ့အလျှောက် media ကဘယ်နည်း နဲ့မှ စျေးရောင်းမှာမဟုတ်ဘူး။ ရောင်းမယ်ဆိုရင်လည်း ကျွန်တော့်မှာနောက်ထပ် strategy တစ်ခုရှိတယ် ပေါ့လေ။ အဲ့တော့ ဘယ်နည်းနဲ့မှ marketing media page မှာစျေးရောင်းမှာမဟုတ်တဲ့အတွက် page ကို ဝင်လာတယ်။ see first လုပ်ထားတယ် save လုပ်ထားမယ်ဆိုရင် Facebook ကအဲ့လူတွေကို ပိုပြီးပြပေးတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်မှန်းတာက တစ်လနှစ်လငါးလသွားမှာမဟုတ်ဘူး။ ကျွန်တော်သည် ဒါကို at least သုံးလေး ငါးနှစ် ဒီ brand ကို build လုပ်ရမှာ။ အဲ့အချိန်မှာ ဖြေးဖြေးချင်းတက်သွားလည်း ကျွန်တော့်စိတ်ထဲမရှိဘူး။ ကြားထဲမှာတော့ ကျွန်တော့်ရဲ့ favorite အနေနဲ့ run စရာတွေရှိလာမှာပေါ့လေ။ ဒါပေမဲ့ဒါသည် FYI marketing ကို drive လုပ်မဲ့ strategy ဖြစ်တဲ့အလျှောက် native ကို‌တော့မတင်ဘူး။ ဒါပေမဲ့ အခုလိုမျိုး Facebook group တွေထဲမှာ post တွေ share ရင် penalty ပေးတယ်ဆိုလို့ရှိရင် သွား share မဲ့အစား native post တွေ native content တွေသွားတင်မှာ။ အဲ့တာက ပိုပြီးတော့အများကြီး affective ဖြစ်နိုင် ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm