Listen

Description

Q: ကို Alex ရေ Facebook Media Buying သင်တန်း ဘယ်မှာတက်သင့်လဲဗျ။ အခြေခံတော့ သေချာသိပြီးပါပြီ။ Advance Level အထိသင်ချင်တာပါဗျ။

A: Facebook Media Buying ဆိုတာက Facebook Boosting ပေါ့နော်။ Facebook Media Buying ဆိုရင်တော့ Facebook မှာ Blueprint ဆိုတဲ့ website ရှိပါတယ်။ ကျွန်တော်က Facebook ရဲ့ Blueprint မှာတက်ဖို့အားပေးပါတယ်။ Blueprint လောက်လည်းစုံတဲ့သင်တန်းမရှိပါဘူး။ ဘာလို့ဆို Facebook က Features အသစ်ထွက်တိုင်း Blueprint မှာသွားပြီး update လုပ်ပေးပါတယ်။ Training တွေလည်းယူလို့ရပါတယ်။ ပြီးတော့ Facebook က certificate လည်းပေးတဲ့အတွက် အဆင်ပြေပါတယ်။ အဲ့ site မှာ certification အတွက်လည်းဖြေလို့ရတယ်။ Certification ကဘာတွေရသေးလဲဆို Digital Marketing Associated တို့ Media Buying အတွက်ဆိုလည်း Media Planning Professional တို့ Media Buying Professional ဆိုပြီးဖြေလို့လည်းရပါတယ်။ ကျန်တဲ့ Marketing Developer အတွက်လည်းဖြေလို့ရသလို Creative ပိုင်းကိုသွားချင်တယ်ဆိုရင်လည်း Creative Strategy Professional ဆိုတာရှိတယ်။ Media Buying Professional အတွက်စာမေးပွဲဖြေမယ်ဆိုရင်တော့ total 105 min အတွင်းဆိုတော့ 2 နာရီနီးပါးလောက်တော့ကြာပါမယ်။ ဒီမှာက Media Buying အတွက်စုံစုံလင်လင်ပါတာဖြစ်လို့ ဒီမေးခွန်းအတွက် အဆင်ပြေမယ်လို့တော့ထင်ပါတယ်။ ပြီးတော့ ဒီမှာက Core Course တွေဖြစ်တဲ့ Optimize ဘယ်လိုလုပ်ရမလဲ၊ ပြီးရင် Parameter တွေဘယ်လိုဆောက်ရလဲ၊ Personalize ဘယ်လိုလုပ်ရလဲ၊ Campaign Resources တွေကိုဘယ်လိုဖတ်ပြီးတော့ analyze လုပ်ရလဲဆိုတာတွေက Meta Blueprint မှာ သင်လို့ရပါတယ်၊ ဖြေလို့ရပါတယ်၊ သင်လည်းသင်စေချင်ပါတယ်။ အဲ့တော့ Media Buying အတွက်သင်ချင်တယ်ဆိုရင်တော့ Meta က Blueprint က အဆင်အပြေဆုံးပါ။