Listen

Description

Q: Facebook new page experience နဲ့ classic page နဲ့ဘာကွာလဲသေချာသိချင်ပါတယ်။ ကျေးဇူးပြုပြီး ပြောပြပေးပါလား။ 

A: Facebook new page experience ကကျတော့ profile ပုံစံမျိုးဖြစ်သွားတာ။ classic page ကကျတော့ အရင်တုန်းက page ပုံစံပေါ့လေ။ ဘာကွာလဲဆိုတော့ profile ပုံစံဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်မြင် တာက Facebook က meta ဖြစ်သွားတဲ့ အချိန်မှာ  creator ဆိုပြီးထွက်လာတယ်။ business suite ထွက်လာတယ်။ creator studio ထဲမှာ အရင်တုန်းက Facebook page ပေါ်က data ကြည့်မယ်ဆိုရင် Facebook ရဲ့ insights ကိုဝင်ကြည့် တယ်။ အဲ့ဒီဟာထက်စာရင် အခုဟာက ကျွန်တော်ဟိုတစ်နေ့က level up team က client တစ်ယောက် အတွက်ကို report တင်ဖို့အတွက်ကို အကူအညီတောင်းတဲ့အချိန်မှာ သူတို့ report ပြင်နေတာလေး ဝင်ကြည့်တော့ creator studio ကိုအဓိကမြင်မိတယ်ပေါ့နော်။ ကျွန်တော်မြင်တာကတော့ Facebook, Instagram, နောက်ဆုံး What apps ပါပါလာမလားတော့မသိဘူး။ အဲ့တာတွေအကုန်လုံးကို creator studio ထဲကိုထည့်နေတာလေး သတိထားမိတယ်။ ဆိုတော့ new page experience ကအဲ့တာပါ။ Facebook အနေနဲ့ လူတွေနဲ့ပိုပြီးရင်းနှီးတဲ့ခံစားချက်တစ်ခုရနိုင်မဲ့ profile ပုံစံမျိုးကို experience တစ်ခု ပေးလိုက်ပြီးတော့ ကျန်တဲ့ post တင်ဖို့အတွက်ဘာတွေညာတွေကို creator studio တို့၊ business suite တို့ဘာတို့ကနေ ပိုပြီးတော့သွားစေချင်တဲ့ ပုံစံမျိုးပါပဲ။ မြင်တာကတော့ Facebook တစ်ခုတည်းမှာပဲ အကုန်လုံးလုပ်လို့ရတာထက်စာရင် Facebook သီးသန့်၊ Instagram သီးသန့်၊ နောက်ပိုင်း AR, VR platform တွေမှာလည်းသီးသန့်မလုပ်တော့ဘဲနဲ့ creator studio က content creation တွေအကုန်လုံးကို manage လုပ်လို့ရမှာဆိုတဲ့ဘက်ကို သွားတာဖြစ်ဖို့များတယ်။ အဲ့တာကြောင့်ပဲ creator studio ကို Bulid လုပ်ပြီးတော့ Facebook, Instagram ကိုသူတို့သွားတယ်။ တဖြည်းဖြည်းနဲ့ AR နဲ့ပတ်သက်တဲ့ဟာတွေ studio နဲ့ပတ်သက်တဲ့ဟာတွေကို ပေါင်းလာနိုင်ချေများတယ်လို့တော့ ယူဆတယ်။ အဓိက new page တွေကိုလုပ်လာတဲ့ရည်ရွယ်ချက်နဲ့ new page နဲ့ old page ဘာကွာလဲဆိုတဲ့ အပိုင်းလေးတော့မြင်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm