Listen

Description

Q: မြန်မာပြည်က အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအနေနဲ့ social  media marketing အတွက် fbအပြင် နောက်ထပ် နေရာယူထားသင့်တဲ့ platform ကဘာလည်းဆရာ 

A: Facebook အပြင်ဆိုရင်တော့ ကျွန်တော်တို့က customer ကို အရင်ဆုံးကြည့်စေချင်ပါတယ်။ ဘာလို့ ကြည့်စေချင်လဲဆိုတော့ ကိုယ့်ရဲ့ customer တွေထဲက ဘယ်လိုမျိုး target ကို ဘယ်လိုမျိုး customer base ကိုသွားမှာလဲပေါ့၊ ဥပမာ အိမ်မှာ Wi-fi ရှိတယ်ဆိုရင် လူတွေက YouTube ကိုသွားကြတယ် အခုနောက်ပိုင်းသတိထားမိတာ၊ အိမ်မှာ Wi-fi မရှိဘူးဆိုရင် နယ်က segment တွေဆို TikTok ကိုသွားကြတဲ့ ဟာတွေရှိတယ် ၊ အဲ့လိုမှ နည်းနည်းလေးပိုပြီးတော့ management level ရောက်သွားတယ်၊ C3 တို့ဘာတို့  target သွားတယ် ဥပမာ golf  ရိုက်တဲ့ club တွေဘာတွေ ရောင်းမယ်ဆိုရင်က LinkedIn တို့ website တို့သွားတဲ့ဟာတွေရှိတာဆိုတော့ကျတော့ Facebook ကကျော်သွားတယ်ဆိုရင်တော့ အမျိုးမျိုးသော နေရာမျိုးတွေရောက်နိုင်တယ်၊ အဲ့အခါကျတော့ ကိုယ့်ရဲ့ customer တွေဘယ်လိုမျိုးနေရာမျိုးမှာ ရှိနေချင်လဲဆိုတာမျိုးလေးကို ဘာလုပ်စေချင်လဲဆိုတော့ research လေးလုပ်လိုက်ပါ။ ဥပမာဗျာ message မှာ chat လုပ်လိုက်ပေါ့ ကျွန်တော်တို့ customer အယောက် ၂၀၊ ၃၀ လောက်ကို ကျွန်တော်တို့ research လေးလုပ်ချင်လို့ပါ Facebook အပြင် အခြားသော ဘယ်လိုမျိုး promote platformတွေကို အသုံးအများဆုံး platformတွေ ၂ခုလောက်ဘဲ ပြောပြပေးပါဆိုရင် သူတို့ဘက်က ပြောပြပေးလေ့ရှိပါတယ်။ ကျွန်တော်ကို မေးတာထက်စာရင် ကိုယ့် customer တွေကို ပြန်မေးတာက အများကြီးအဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm