Listen

Description

Q: Facebook Shop ကနောက်ပိုင်းမှာ error များလို့သိပ်မသုံးကြတော့ဘူးဆိုတာရောဟုတ်လားဗျ။ မြန်မာ နိုင်ငံအနေအထားနဲ့ရော အသုံးဝင်သေးလားဗျ။ ကျွန်တော်  shop ဆောက်ကြည့်တာ 48 နာရီကျော်လည်း shop ကို publish လုပ်လို့မရဖြစ်နေလို့။ 

A: အဲ့တော့ shop ကဝယ်တာတော်တော်လေးနည်းတယ်ပေါ့နော်။ shop ကအဲ့လောက်ကြီး effective ဖြစ် တယ်လို့တော့ မထင်ဘူး။ ကျွန်တော်ကတော့ shop ဆိုတာထက် ဒီဘက် agency မှာ service ပေးနေ တာလေးတစ်ခုရှိတယ်။ chat box ထဲမှာ commerce platform သေးသေးလေးတစ်ခုထည့်ပေးလိုက်တာ။ shop ကသွားကြည့်တယ်ဝယ်တယ်ဆိုတာက အရမ်းရှားတယ်။ မြန်မာနိုင်ငံမှာက post တွေ့တယ်။ send message ပို့လိုက်တယ်။ message box မှာဝင်မေးတယ်။ ဘယ်လောက်လဲ။ ဘယ်မှာဝယ်လို့ရလဲ။ ဘာအရောင်တွေရှိလဲ။ ပစ္စည်းလာပို့ပေးလား။ ဘယ်လောက်ကျလဲ။ စတာတွေမေးကြတာများတော့ ကျွန်တော်က လူတွေသိပ်မသွားဖြစ်တဲ့ Facebook shop ဆိုတာထက် Facebook messenger platform ထဲမှာ e-commerce သေးသေးလေးတစ်ခုဝင်လုပ်လိုက်တာက ပိုပြီး effective ဖြစ်နိုင်တယ်လို့မြင်တယ်။ ကျွန်တော်တို့လုပ်လည်းလုပ်ပေးနေတဲ့ client တွေရှိပါတယ်။ shop ကတော့အရင်တုန်းကလုပ်ကြည့်တာ သိပ်ပြီးအဆင်မပြေဘူးပေါ့လေ။ public ကလုပ်လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့နေရာမှာ custom experience ပဲ မကောင်းလို့လား။ ဒါမှမဟုတ် မြန်မာနိုင်ငံလူတွေကပဲ behavior မရှိလို့လားမသိဘူး။ ကိုယ်ပဲအသုံးမကျ လို့လားမသိဘူး။ အဲ့ဒီ shop section ထဲက product တွေက ဝယ်ကြတာအရမ်းနည်းပါတယ်။ chat bot ထဲကလုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Level Up page ရှိပါတယ်။ သွားပြီးမေးကြည့်ပါ။ e-commerce platform ကိုဘယ်လိုမျိုးဆောက်ထားတာလဲဆိုတာ ကျွန်တော်တို့ဖြေပေးပါမယ်။ 

#marketing #digitalmarketing #market #career #askalex #askalexmm