Q: fake account တစ်ခုကို ဘယ်လိုအထိရောက်အမြန်ဆန်ဆုံးထိန်းချုပ်နိုင်မလဲခင်ဗျာ။
A: post တင်ပြီး boost ချလိုက်ပါ။ အဲ့တာအထိရောက်ဆုံးနဲ့ အမြန်ဆုံးပါပဲ။ ဆိုတော့အဲ့နေရာမှာ အဓိကက ကျွန်တော်ရဲ့ Alex Khine page ပေါ့လေ။ ဘယ်လိုမျိုးသွားလဲဆိုတော့ facebook.com/alexkhine page ဆိုတဲ့ link ရှိတယ်။ username ရှိတယ်။ ဒီ username ကိုအဓိကသုံးတာပေါ့နော်။ အထိရောက်ဆုံး ထိန်းချုပ် ကတော့ post တင်ပြီး boost ချလိုက်ပါ။ နောက်တစ်နည်းကကျတော့ verification badge ချုပ်တာပေါ့နော်။ ဒါက fake page လုပ်တယ်ဆိုတာက ကိုယ့်အတွက်ကိုယ် fake လုပ်နေတဲ့လူတွေပေါ်လာပြီ ဆိုတဲ့အကြောင်းကို ဟိုဘက်ကိုသွားပြီးအကြောင်းကြားလို့ရတယ်။ platform ကိုသွားအကြောင်းကြား ပြီးတော့မှ ငါတို့ရဲ့အစစ်ကဒီမှာ ဘယ်နေ့ကစပြီးဖွင့်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ page history ကိုဓာတ်ပုံ ရိုက်လိုက်၊ အဲ့တာကိုဟိုဘက် platform ကိုပြတယ်ဆိုလို့ရှိရင် ဟိုဘက် platform က verification process လည်း run ပေးသလို ဟိုဘက် page အတုကိုလည်း report လုပ်တယ်ဆိုလို့ရှိရင် သူတို့ကိုဖြုတ်ချ ပေးပါတယ်။ ဒါပေမဲ့ အမြန်ဆုံးနဲ့အထိရောက်ဆုံးကတော့ post တင်လိုက်တာအကောင်းဆုံးပဲ။ ဥပမာဗျာ ဘဏ်တွေဆိုရင် အလိမ်ခံရလွန်းလို့ ဒီ page က original page ပါ။ အစစ်အမှန်ပါ။ ဒီ page ကိုပဲဆက်သွယ် ပါဆိုတဲ့ဘက်ကို သွားကြတာပိုပြီးတော့များပါတယ်။ အဲ့တော့ ကျွန်တော့်အနေနဲ့အကြံပေးချင်တာကတော့ page ကိုပဲဆက်သွယ်ကြပါဆိုတဲ့ ပုံစံမျိုးကိုပဲ push လုပ်စေချင်ပါတယ်။ ပြီးရင် verification badge လေး လျှောက်မယ်ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm