Listen

Description

Q: အစ်ကိုရေ နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုဘဲ သီးသန့်ကြော်ငြာချင်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲဗျ။ Audience Targeting ဘယ်လိုလုပ်ရမလဲ?

A: တစ်ခုရှိတာက ဘယ် Platform မှာမှ မြန်မာနိုင်ငံသားသီးသန့်ဆိုပြီးတော့မပါဘူးပေါ့။ ဥပမာ - Facebook ဆိုရင် United State, Brazilian, Australian ဆိုပြီး တခြားသောနိုင်ငံသားတွေကို Target ထားလို့ရပေမယ့် မြန်မာကတော့မပါဘူးပေါ့။ အဲ့တော့ ကျွန်တော်တို့က Foreign ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို Target ထားချင်ရင်ဘယ်လိုလုပ်ရလဲဆိုတော့ Boosting လုပ်မယ့်အစား မြန်မာတွေရဲ့ community ကိုဝင်ရတယ်။ Community ကလည်း online community နဲ့ offline community ဆိုပြီးနှစ်ပိုင်းကွဲသေးတယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော်အရင်က Singapore မှာ show ပွဲတစ်ပွဲလုပ်ဖူးတယ်။ မြန်မာ show ပွဲဆိုတော့ လက်မှတ်ကမြန်မာတွေပဲဝယ်မှာဆိုတော့ Facebook မှာ Singapore ကမြန်မာတွေကိုဘယ်လို Target ထားကြမလဲဆိုပြီး စဉ်းစားကြတယ်။ အဲ့အချိန်မှာ survey ကောက်ပြီး research လုပ်ပြီးတဲ့အချိန်မှာ ဘာသွားတွေ့လဲဆိုတာ့ မြန်မာတွေကိုးကွယ်တဲ့ တရုတ်ဘုံကျောင်းကိုတွေ့တယ်။ အဲ့တရုတ်ဘုံကျောင်းကို Singapore မှာရှိတဲ့ ကျွန်တော့်အသိတွေကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ Sunday တိုင်းမှာပွဲလုပ်တာကိုသိလာတယ်။ အဲ့တော့ ကျွန်တော်တို့က ဘုံကျောင်းကဆရာတော်ကို အဲ့ပွဲနေ့မှာ show ပွဲအကြောင်းကြော်ငြာချင်လို့ပါ ဝထ္ထုငွေတစ်ခုလည်း ကပ်ပါမယ်ဆိုပြီး ဝင်လျှောက်တယ်။ ဆိုတော့အဲ့တာက offline မှာလုပ်တဲ့အပိုင်း၊ Online မှာကျ ကျွနတော်တို့ဘယ်လိုလုပ်ကြလဲဆို Singapore မှာကျောင်းတက်နေတဲ့ကျောင်းသားတွေရဲ့ WhatsApp chat တွေ Facebook Group တွေ Messenger Group တွေရှိတယ်။ အဲ့ Group Chat တွေမှာရှိတဲ့ ကျောင်းသားလေးတွေနဲ့ အစ်ကိုတို့ ဒါလေးလုပ်ဖို့ရှိတယ် ဝိုင်းကူပေးလို့ရလားဆိုပြီး လိုက်ချိတ်တယ်။ ကူပေးလို့အဆင်ပြေတယ်ဆို အစ်ကိုတို့ commission ဘယ်လောက်ပေးမယ် ကူညီပေးပါဆိုပြီး request လုပ်လိုက်တဲ့အချိန်မှာ သူတို့ကဆိုင်ရာဆိုင်ရာ Group တွေမှာလိုက်ပြီး ကြော်ငြာပေးတယ်ပေါ့နော်။ အဲ့တာက ပိုပြီးထိရောက်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့က Singapore မှာရှိတဲ့မြန်မာ၊ American မှာရှိနေတဲ့မြန်မာ၊ Thai မှာရှိနေတဲ့မြန်မာဆိုပြီး သီးသန့်သွားလို့မရတဲ့အချိန်မှာ ခုနကလိုနည်းလမ်းတွေနဲ့သွားရတာပေါ့။ အဲ့တော့ ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာက customers တွေအကြောင်းကို အရင်စုံစမ်းပြီး သူတို့ ဘယ် community မှာရှိလဲဆိုတာကိုလိုက်ရှာရပြီးတော့ အဲ့ community ကိုကျွန်တော်တို့ရဲ့ message တွေဘယ်လိုပို့ပေးရမလဲဆိုပြီးစဉ်းစားရပါတယ်။ အဲ့တော့ အဲ့နိုင်ငံမှာ survey အရင်လုပ်ပြီးတော့ marketing activity တစ်ခုသွားမယ်ဆိုရင်ပိုပြီးတော့ အဆင်ပြေမယ်လို့ထင်ပါတယ်။ မဟုတ်ရင် boosting ဖိုးသာကုန်သွားမယ် လိုချင်တဲ့ target ကိုမထိဘူးဆိုတာမျိုးဖြစ်သွားမှာပါ။