Q : Freelance Digital Marketer တစ်ယောက် အတွက် Portfolio တစ်ခုဘယ်လိုဆောက်ရမလဲ?
A : Portfolio တစ်ခုလိုတယ်ဆိုတာက ကိုယ်အရင်က ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်ဖူးလဲ ဆိုတာကို ပြန်ပြနိုင်အောင်လို့ပါ။ Portfolio မရှိဘူးဆိုဘယ်လိုလုပ်ရမလဲ? မရှိဘူးဆိုရင် အလကားလုပ်ပေးလိုက်ပါ။ ကျွန်တော်ဆို consulting ကို freelance စလုပ်ခါစ လွန်ခဲ့သုံးနှစ်တုန်းက (consulting ကို freelance တစ်ခါမှ မလုပ်ဖူးတုန်းက)ဆိုရင် star ticket က အမက ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်တိုင်ပင်တယ်။ ကျွန်တော် အကြံပေးခွင့်ရတယ်။ ဒုတိယ တစ်ခုက ကနုတ် Phone accessories က ကျွန်တော့် ကျောင်းနေဖက်သူငယ်ချင်းတွေ၊ သူတို့ကိုဆိုလည်း တစ်လကို charges နည်းနည်းနဲ့ လုပ်ပေးခဲ့တယ်။ နောက်တစ်ခုက Angeles ဆိုတဲ့ Phone accessories Brand။ အဲ့သုံးခုကို နှစ်နှစ်လောက်ကြာအောင်လုပ်ပေးခဲ့တယ်။ Success stories တွေရအောင် try တယ်။ ပြီးရင်အဲ့တာတွေအကုန်လုံးကို ကိုယ့် Portfolio ထဲထည့်တယ်။ ပြီးတော့ အရင်တုန်းကလည်း ဘာတွေလုပ်ပေးခဲ့ဖူးလဲဆို တစ်လရဲ့ first sunday တိုင်းမှာ လူ ၃ ယောက်နဲ့တွေ့ပြီး free consulting ပေးတယ်။ သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နားထောင်ပြီးတော့ ဘာတွေလုပ်သင့်လဲဆိုတဲ့ အကြံဥာဏ်ပေးတယ်။ charges ယူလို့ရပေမယ့် ကျွန်တော့် Portfolio ကပိုက်ဆံထက် အရေးကြီးတယ်။ ဆိုတော့ Freelance သမားတစ်ယောက်အတွက် Portfolio လိုမယ်၊ Networking လိုမယ်။ အဲ့တာတွေမရှိဘူးဆိုရင် အလကားလုပ်ပေးလိုက်ပါ။
Q: How to build a portfolio for a digital marketer?
A: The need for a portfolio is to show you what you've done in the past as a freelance digital marketer. If you don't have any work that you have done in the past to fill in a portfolio, do it for free charges. When I first started consulting as a freelancer three years ago (when I had never worked as a consultant as a freelancer), my friend from Star Ticket called me for advice. So I had the opportunity to give advice. The second one was Kanot Phone accessories and I did it with a small monthly fee. Another was the phone accessories brand Angle. It took about two years to do all three and I tried to get success stories. Then I put all of that into my portfolio. And one more thing that I have done in the past is that I meet three people on the first Sunday of every month and give them a free consultation. I listened to their problems and advised them on what to do. I can ask them for charges for consultation but my portfolio is more important than money. So for a freelancer, you will need a portfolio and networking. If you do not have them, do it for free.