Q: Hello bro! Google Ads နဲ့ပတ်သက်ပြီး hand-on experience ဘယ်လိုရှာရမလဲ။ Thank you for sharing bro.
A: ကိုယ့်ဟာကို work press မှာ website ရေးလိုက်။ ပြီးရင် Google domain တစ်ခုဝယ်လိုက်။ Google domain ကတစ်နှစ်ကို ဆယ့်နှစ်ကျပ်လောက်ပဲရှိတယ်။ work press မှာသွားရေးရင် blue host ဘာညာ သရကာနဲ့ဆိုရင် ကျွန်တော်ထင်တယ်။ blue host ရဲ့ basic plan ကတစ်လကို share hosting plan နဲ့ပဲ ဆိုရင် တစ်လကိုငါးဒေါ်လာ။ ဆိုတော့ဟိုကောင်က တစ်နှစ်ကိုဆယ့်နှစ်ကျပ်ဆိုတော့ တစ်လကိုတစ်ကျပ် ပေါ့လေ။ ခြောက်ဒေါ်လာရှိတယ်။ သုံးဆယ့်ငါးနဲ့မြှောက်ရင် နှစ်သောင်းပေါ့နော်။ အဲ့တော့ website တစ်ခုကို နှစ်သောင်းနဲ့ run လို့ရပါပြီ။ အဲ့ဒီ website ကနေ Google Ads ကိုအဲ့ပေါ်မှာပြန်သုံးပါ။ အဲ့တော့ နှစ်ဒေါ်လာသုံးဒေါ်လာငါးဒေါ်လာလောက် ပြန်သုံးမယ်ဆိုရင် တစ်လကို ဥပမာ- အစမ်းပေါ့လေ တစ်ပတ် ကိုငါးဒေါ်လာလောက်နဲ့ပဲ boost ပြီးတော့ hand-on experience ကိုရှာလို့ရပါတယ်။ ကျွန်တော်လုပ်လာ တာကို ပြောပြတာ။ အရင်တုန်းကသိတယ်မလား Facebook boosting ထိုင်ရင် အကုန်လုံးကိုယ့်ပိုက်ဆံနဲ့ ကိုယ် boost လုပ်တာ။ ကျွန်တော့် Alex Khine ရုပ်ကြီးနဲ့ ဟိုဒီ boost လုပ်ကြည့်ပြီးတော့မှ ဒီ Facebook ads feature ကတော့ ဒါလေးတော့ဖြစ်တယ်။ ဒီ Google ads feature ကတော့ ဒါလေးတော့ဖြစ်တယ်။ ထားပါတော့ traffic boost မယ်ဆိုရင်တော့ cost per result ကဒီလောက်တော့ဖြစ်သွားနိုင်တယ်။ စတဲ့ data တွေရလာပြီဆိုတော့မှ client အတွက်ဆိုရင် ဘယ်နေရာလေးက ဘယ်လိုမျိုးသုံးလို့ရတယ်။ ကိုယ့် branded ဆိုရင် ဘယ်နေရာလေးက ဘယ်လိုမျိုးသုံးလို့ရတယ်ဆိုတော့ ကျွန်တော်ကတော့အဲ့ဒီ hand-on experience ကိုကိုယ့်ကိုကိုယ်ထဲကို invest ပြန်လုပ်ပြီးတော့မှ ကျွန်တော့် hand-on experience ရှာတာပါ။ ကျွန်တော်လုပ်လေ့ရှိတဲ့ပုံစံ ပေါ့လေ။
#marketing #digitalmarketing #market #career #askalex #askalexmm