Q: IT Class တွေဖွင့်တဲ့ သင်တန်းကျောင်းအတွက် Content အပြင်အခြား ဘာ Marketing Campaign တွေ plan တွေလုပ်သင့်လဲဗျ။ နောက်ပြီး IT class တွေဆိုတော့ အရမ်းကြီးကွန့်ရေးလို့လည်းမရဘူး။ နောက်ပြီး တစ်လတစ်ခါ အတန်းတွေပဲဆိုတော့လည်း content ရေးရတာ အရမ်းခေါင်းစားပါတယ်။ ဒီစာပဲမထပ်ချင်တော့ ဒါကိုပဲ တစ်လတစ်ခါ စာပြောင်းရေးရတာ အဆင်မပြေလို့ပါ။ သူက အခြားလို အရမ်းလေကျယ်ပြီး ကွန့်ရေးလို့လည်း မကောင်းလို့လေ။ နောက်တစ်ခုက Reel မှာ video တင်ရင် reel လို့မပေါ်ဘဲ Facebook post အဖြစ်ပဲပေါ် နေတယ်။ အဲ့တာဘယ်လိုများဖြစ်တာလဲ မသိဘူးခင်ဗျ တစ်ချက်လောက် ဖြေပေးပါအုံး။
A: ကျွန်တော်ထင်တာကတော့ အစ်ကိုက long form content တစ်ခုလိုနေတာ။ long form content ဆိုတာ ဘာလဲဆိုတော့ အစ်ကိုက creation ဆိုတာမျိုးကို အများကြီးတွေးနေတာပေါ့နော်။ အဲ့တော့ အဲ့ဒီ creation ဆိုတာ မျိုးထက် document လုပ်တဲ့ပုံစံမျိုး တစ်ချက်စဉ်းစားကြည့်ပါလား။ document လုပ်တယ်ဆိုတာ ပြောမယ်ဆိုရင် ကျွန်တော်အခုလုပ်နေတာအားလုံးက documentation တွေ။ ကျွန်တော့်ရဲ့ Ask Alex ကို ကျွန်တော်လုပ်တယ်။ Ask Alex ကို ကျွန်တော့်ရဲ့ Facebook, YouTube, LinkedIn မှာ launch လုပ်တယ်။ မေးခွန်းတွေဖြတ်တယ်။ Instagram, TikTok, LinkedIn, YouTube, Podcast မှာ short version တွေအနေနဲ့ ပြန်ချုံ့တယ်။ ပြန်တင်တယ်။ ပြီးရင် လူတွေစိတ်ဝင်စားတဲ့ အပိုင်းတွေကို ကျွန်တော်တို့က စာအနေနဲ့ ပြန်ရေးပြီး တင်တယ်။ ဆိုလိုချင်တာက နာရီဝက်၊ တစ်နာရီစာရှိနေတဲ့ long form တစ်ခုကို content တွေအများကြီး ရအောင် ပြန်ဖြတ်တယ်။ အဲ့အခါကျတော့ ကျွန်တော်တို့က content လည်တာ ပိုမြန်တယ်။ ပြီးတော့ ပိုပြီးတော့ လူသက်သာတယ်။ အဲ့လိုမဟုတ်ဘဲ အကုန်လုံး အစအဆုံး အသစ်ရေးနေရင် အသစ်အသစ်တွေကို ကျွန်တော်တို့က ကြာလာလေ Brain က အရည်ခမ်းသွားကော။ ဆိုတော့ ကျွန်တော့်အနေနဲ့ long form content တစ်ခုကို စဉ်းစားစေချင်တာပေါ့နော်။ ကျွန်တော်တို့ ဘယ်လိုမျိုး long form content တစ်ခုလဲဆိုတော့ ဉပမာ- ကျွန်တော်တို့ သစ်သီးဖျော်ရည်မွှေစက်တစ်ခုကို YouTube မှာ အဲ့ဒီစက်ရဲ့ ဓားတွေက ဘယ်လောက်ထိထက်လဲ ကြော်ငြာတာ။ အဲ့တော့ စဉ်းစားကြည့်။ မွှေစက်တစ်ခုတည်း ရောင်းနေတာ။ ကျန်တာဘာမှမရောင်းဘူး။ အဲ့တော့ IT class ကမှ နည်းနည်းစိတ်ဝင်စားဖို့ကောင်းသေးတယ်။ သူက ဒီဓားပဲ ဒီမွှေစက်ပဲရှိနေတာ။ အဲ့တော့ သူက ဘာလုပ်လဲဆိုတော့ ဒီမွှေစက်က ဘယ်လိုမျိုးပစ္စည်းတွေကို အမှုန့်ဖြစ်သွားအောင် ကြိတ်နိုင်မလဲဆိုတဲ့ ပုံစံမျိုးအထိကို သူတို့ကပြတာပေါ့နော်။ အဲ့တော့ သူတို့က အစမှာတော့ ဘာတွေနဲ့ သွားလဲဆိုတော့ ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီးတွေကို ထည့်ပြတယ်။ တဖြည်းဖြည်းနဲ့ လူတွေက အပြောင်အပျက်အနေနဲ့ အုတ်နီခဲထည့်ကြည့်ပါလားဆိုတော့ အုတ်နီခဲထည့်ပြတယ်။ ပြီးတော့ iphone ကအစ သူတို့ထည့်ပြီး မွှေပြတယ်။ အဲ့တော့ အဲ့လိုမျိုးနည်းတူ ကျွန်တော်တို့က concept တစ်ခုတည်းရဲ့အောက်မှာပဲ ကိုယ့်ရဲ့ဟာကို document ပြန်လုပ်သွားတဲ့ ပုံစံမျိုးလုပ်လို့ ရမယ်ဆိုရင်တော့ content အများကြီးစဉ်းစားတာထက်စာရင် program တစ်ခုပေါက်သွားတာ ပိုကောင်းတာပေါ့။ အဲ့တော့ ကျွန်တော်အမြဲတမ်း ပြောတယ်လေ media လိုပါပဲ။ ဒါက brand တွေက commercial content လို မတွေးဘဲ Media အနေနဲ့ entertainment နဲ့ ဒီဘက် commercial နဲ့ information နှစ်ခုပေါင်းပြီးမှ content ကို ထုက်နိုင်မယ်ဆိုရင် ကျွန်တော်တို့က အများကြီး ပိုချဲ့လို့ရတယ်။ ကျွန်တော်တို့က Facebook တစ်ခုတည်းမှာပဲ ရှိသေးတာ။ အဲ့တော့ ကျွန်တော်တို့ LinkedIn, YouTube, TikTok, Instagram တွေကို ဘယ်လိုသွားကြမှာလဲ။ အဲ့တော့ Facebook တစ်ခုတည်းတောင် stack ဖြစ်နေတယ်ဆိုလို့ရှိရင် အဲဒီဟာတွေအကုန်လုံးကို လုပ်ဖို့အတွက် အင်မတန် ခဲယဉ်းသွားလိမ့်မယ်။ အဲ့တော့ ကျွန်တော်အစောပိုင်းကပြောတဲ့ long form content တစ်ခုကိုထုတ်ပြီးတော့ short form content တွေနဲ့သွားတဲ့ ပုံစံမျိုးကတော့ အများကြီးအဆင်ပြေလာနိုင်မယ်လို့တော့ ကျွန်တော် မြင်ပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm