Ko Alex 18hr challenge ကို burn out ဖြစ်မသွားအောင်ဘယ်လိုလုပ်ရမလဲ? နောက်တစ်ခုက အလုပ်နဲ့ Learning ကိုဘယ်လိုတွဲလုပ်ရမလဲဗျ။
ကျွန်တော် ၂ နည်းနဲ့ပြောပြမယ်။ တစ်နည်းက ကျွန်တော် အခုအချိန်မှာလုပ်နေတဲ့ ပုံစံပေါ့ နောက်တစ်နည်းကကျတော့ ကျွန်တော် အရင်တုန်းက ဘယ်လိုလုပ်ခဲ့လည်းဆိုတာပေါ့။ အခုကတော့ ကျွန်တော့် partners တွေရှိတော့ learning ကိုပိုပြီးလုပ်လို့ရပေမယ့် အလုပ်လုပ်တယ်ဆိုတာကလည်း part of learning ပါ။ မြန်မာကလူတွေက delicate မလုပ်တတ်ဘူး အရင်တုန်းကလည်း ကျွန်တော့်မှာ အဲ့အကျင့်ရှိခဲ့တယ်။ Delicate မလုပ်တတ်ဘူးဆိုတာက ကိုယ့်ရဲ့ partners တွေ ကိုယ့်ကိုဝိုင်းကူပေးနေတဲ့သူတွေကို အလုပ်တွေမလွှဲပေးဘဲနဲ့ အကုန်လုံး သိမ်းကျုံးပြီးကိုယ့်ဆီမှာထား ထားတတ်တဲ့အကျင့်ကိုပြောတာ။ ကျွန်တော့်ဆရာမ Ellien ဆိုကျွန်တော့်ကို delicate လုပ်ဖို့အမြဲပြောတယ်။ ပြီးတော့ priority ခွဲပြီး အလုပ်တွေကိုခွဲပေးဖို့ အမြဲသင်ပေးတယ်။ သူသင်ပေးတဲ့ အကျင့်ကြောင့်ဘဲ ကျွန်တော်ဒီအချိန်မှာနည်းနည်းလေးပိုပြီးတော့ အဆင်ပြေသွားတာပေါ့လေ။ ပြီးတော့ 18hr challenge ကို burn out မဖြစ်အောင် ဘယ်လိုလုပ်လဲဆိုတော့ ကျွန်တော့်မှာ ထမင်းစား၊ ရေသောက်လုပ်တဲ့ personal time ရှိတယ်ဗျာ။ အဲ့ personal time တွေမှာ ကျွန်တော် podcast ကနေ learning လုပ်တယ်ပေါ့။ ပြီးတော့ ကျွန်တော် Amazon ကနေ audio book တွေဝယ်ထားတယ်။ ကားမောင်းလို့ ကားပိတ်တဲ့အချိန်တွေ စတဲ့အချိန်တွေမှာ နားထောင်တယ်ပေါ့။ ဒါကြောင့်မလို့ podcast သည်နောက်ပိုင်းလူတွေရောက်လာနိုင်တဲ့နေရာဖြစ်နိုင်တယ်။ အဲ့တာကြောင့် ကျွန်တော့် askalex ကို podcast ကို အသည်းအသန်ရွှေ့တာ။ ကျွန်တော့် learning process ကဘယ်လိုလည်းဆိုတော့ podcast နားထောင်နေတာဘဲဖြစ်ဖြစ်၊ စာဖတ်နေတာဘဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေတာဘဲဖြစ်ဖြစ် learning တစ်ခုခုရအောင် ကျွန်တော်ကြည့်တယ်။ အဲ့တာတွေလုပ်နေတဲ့ အချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ဘယ်လိုတွေ အလုပ်လုပ်နေလဲဆိုတော့ အခုချိန်မှာဖြစ်နေတဲ့ အခြေအနေတွေ၊ ပုံစံနဲ့ တိုက်စစ်တယ်။ ဥပမာ - ကျွန်တော်အရင်နေ့တွေက RED Maketing ဆိုတဲ့ KFC က စာအုပ်ကိုဖတ်နေတာ။ ဖတ်နေရင်းနဲ့ ကျွန်တော့် ဒီဘက်ခေါင်းက ဘယ်လိုအလုပ်လုပ်နေလဲဆိုတော့ သူတို့ ပြောနေတဲ့ပုံစံတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံက Marketing မှာဘယ်လိုပြန်လုပ်လို့ရလဲဆိုပြီး စဉ်းစားနေတာ။ အဲ့အချိန်မှာဆို ကျွန်တော်ပျော်နေတယ်။ ပြီးရင် မျက်နှာသစ်၊ သွားတိုက်လုပ်တယ်။ ပြီးတော့ ကျွန်တော့် computer ရှေ့ထိုင်ပြီးအလုပ်လုပ်တယ်။ ပင်ပန်းလာပြီဆို ခုနကလို စာဖတ်တာဖြစ်ဖြစ်၊ podcast နားထောင်တာဖြစ်ဖြစ်ပြန်လုပ်တယ်။ ပြီးတော့ နောက်ထပ်လုပ်တာတစ်ခုက အဲ့အလုပ်ကိုချထားပြီးတော့ နောက်ထပ်တစ်ခြားအလုပ်တစ်ခုကိုပြောင်းလုပ်တယ်။ ကျွန်တော် နာရီဝက်၊ နာရီဝက်လေးတွေ ခွဲပြီးတော့ အလုပ်တွေပြောင်းပြောင်းလုပ်သွားတယ်။ အဲ့တာကြောင့် burn out မဖြစ်တာလို့တော့ ထင်တာဘဲ။ ပြီးတော့ ကျွန်တော်က Marketing လုပ်ရရင် ပျော်နေတာကိုး။ အဲ့တော့ 18hr challenge က ကျွန်တော်ပျော်တာလုပ်နေတာဆိုတော့ အဲ့လောက်ကြီး ခေါင်းမစားဘူး။ အဲ့တော့ ပြဿနာဖြစ်ရင်တောင်မှ ပြဿနာကိုပျော်ပျော်ကြီးရှင်းနေတတ်တဲ့ အကျင့်ရှိတာဆိုတော့ အဆင်ပြေတယ်။ အရင်အချိန်တုန်းကတော့ ကျွန်တော် bus စီးနေတဲ့ အချိန်၊ ထမင်းစားနေတဲ့ အချိန်တွေမှာ စာအုပ်ဖတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့ ကျွန်တော့် senior တွေနဲ့စကား အရမ်းပြောတယ်။ စကားပြောတာကနေ ဘာရလဲဆိုရင် သူတို့ရဲ့ experience တွေရတယ်။ အဲ့တာက ကျွန်တော့် learning အစိတ်အပိုင်းတစ်ခု၊ ပြီးတော့ သူတို့နဲ့ ကျွန်တော်ရင်းနှီးသွားတယ်။ သူတို့ကနေလည်း ကျွန်တော့်ကိုဆွဲခေါ်ပြီးသင်ပေးသွားတာတွေရှိတော့ အဲ့ဒီ ပုံစံကနေ ကျွန်တော် learning လုပ်ပါတယ်။