Listen

Description

Q:  LinkedIn Ads လေးအကြောင်းသိချင်ပါတယ်ရှင့် သိသလောက်ပြောပြပေးပါအုန်းနော်။ ပိုက်ဆံတတ်နိုင်သော လုပ်ငန်းရှင်များ၊ ရာထူးအကြီးပိုင်းများကိုပဲ Target ထားချင်တာပါ။ ဈေးအရမ်းကြီးတယ်ပဲကြားဖူးလို့ ခန့်မှန်း Cost per lead က ဘယ်လောက်လောက်ရှိနိုင်ပါသလဲရှင့်။

A: ခန့်မှန်းခြေ cost per lead ကတော့ ကျွန်တော်ဘယ် business လဲမသိဘဲနဲ့တော့ ပြောပြလို့မရဘူး။ ဒါပေမဲ့ ကျွန်တော်ပြောပြလို့ရတာက Facebook နဲ့စာလို့ရှိရင် အဆသုံးဆယ်လောက် ပိုပြီးစျေးကြီးပါတယ်။ အဲ့တော့ Facebook မှာ one  message ကို 0.1 နဲ့ သွားတယ်ဆိုလို့ရှိရင် 0.1 ကို သုံးဆယ်နဲ့မြှောက်ကြည့်ပါ။ သုံးဒေါ်လာလောက်ရှိတယ်ဆိုတော့ တစ်သောင်း၊ ခြောက်ထောင် ခုနှစ်ထောင်လောက်ရှိမယ်။ ဒါလည်း ကိုယ်ရဲ့ cost per conversion အနေနဲ့က ခြောက်ထောင်မှာက ဝယ်အုံးမှ။ အဲ့လိုမဟုတ်ဘဲနဲ့ 10 lead မှာမှ 1sale ဆိုရင် conversion rate က 10% ပဲရှိတယ်ဆို။ ပိုက်ဆံခြောက်သောင်းကိုမှ လူတစ်ယောက်ရောင်းရမယ်ဆိုတဲ့ စနစ်ဖြစ်သွားမှာ။ အဲ့တော့ ကိုယ်ရောင်းတဲ့ဟာက သိန်းနှစ်ထောင်/သုံးထောင်လောက်ရှိနေတဲ့ဟာဆိုလို့ရှိရင်တော့ may be ခြောက်သောင်းလောက်ရင်းလိုက်တာက အဆင်ပြေတယ်ဟုတ်တယ်မလား။ အဲ့တော့ cost per lead က ကျွန်တော်ဒီက ပြောပြလို့မရဘူး။ ဘာလို့လဲဆိုတော့ သူက business ပေါ်မှာ မူတည်ပြီးတော့ cost per lead မတူဘူးဆိုတော့။ နောက်တစ်ခုက ပိုက်ဆံတတ်နိုင်တဲ့ ရာထူးကြီးပိုင်းတွေ လုပ်ငန်းရှင်တွေကို ဒီဘက်ကကျတော့ ဘာလုပ်လေ့ရှိလဲဆိုတော့ phone model နဲ့ ကျွန်တော်တို့ခွဲတယ်။ ဥပမာ- ကျွန်တော်တို့ premium phone တွေကိုပဲ ကျွန်တော်တို့က flagship phone တွေ ဆယ်သိန်းနဲ့အထက် phone တွေကို target ထားလိုက်တယ်။ ဥပမာ- apple ဆိုလို့ရှိရင်လည်း iphone 10,11,12,13 အထိပါတယ်။ Samsung ဆိုလို့ရှိရင် note ရယ် S ရယ် flip ရယ် fold ရယ် ပါမယ်။ ပြီးရင် Huawei ဆိုရင် mate ရယ် p ရယ် ပါမယ်။ စတာတွေပေါ့နော်။ ကျွန်တော်အမြဲတမ်းကြည့်တာကတော့ Win Mobile  က ဖုန်းစျေးနှုန်းတွေ သွားကြည့်တယ်။ အဲ့မှာကြည့်ပြီးတော့မှ ဘယ်ဖုန်းသည် ဘယ်လောက်စျေးရှိတယ်ဆိုတာကို သိပြီဆိုလို့ရှိရင် အဲ့တာကို Facebook ads ထဲမှာ သွားထည့်တယ်ပေါ့။ နောက်တစ်ခုကကျတော့ interest ကို ကိုယ်ကြိုက်တဲ့ interest ထည့်ပေါ့နော်။ ဒါကတော့ များများစားစား ပြောစရာမလိုပါဘူး။ ဒါပေမဲ့ ဖုန်းနဲ့ ကန့်တဲ့အချိန်မှာ ပိုက်ဆံရှိတဲ့လူတွေဆီကိုပဲ အဓိကရောက်သွားတာပေါ့။ အဲ့ထဲမှာမှ interest ကို business page admin ဆိုပြီးတော့ ထားလို့ရတယ်။ အဲ့တာဆိုရင်တော့ လုပ်ငန်းရှင်ကို အဓိကရောက်သွားနိုင်ပါတယ်။ လုပ်ငန်းရှင်ဆိုတဲ့နေရာမှာတော့ ဥပမာ- အရမ်းကြီးချမ်းသာကြတဲ့ corporate owner တွေကတော့ သူတို့ရဲ့ business page ရဲ့ admin ဖြစ်မှာတော့ မဟုတ်ဘူးပေါ့လေ။ ပြောမယ်ဆိုရင် YOMA strategic holding ရဲ့ ပိုင်ရှင် Uncle Serge ဆိုလို့ရှိရင်လဲ KFC ရဲ့ page admin တော့ဖြစ်မယ်မထင်ပါဘူး။ ဖြစ်လည်းဖြစ်မနေပါဘူး။ ပြီးတော့ CMHL ရဲ့ ပိုင်ရှင်အမ ဒေါ်ဝင်းတင့် ဆိုရင်လည်း CMHL ရဲ့ page တစ်ခုလုံး တစ်ခုစီကိုလည်း ပိုင်မနေပါဘူး။ ဒါက very operational level ဖြစ်သွားပြီဆိုတော့ကျတော့ သူတို့သည် အရမ်းတော့ page admin တော့ ဖြစ်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ နည်းနည်း smaller business တွေ medium size business တွေဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လုပ်ငန်းရှင်တော်တော်များများက ရာထူးကြီးပိုင်းတော်တော်များများကတော့ page admin ဖြစ်နေကြပါတယ်။ အထူးသဖြင့် marketing cycle ကလူတွေပေါ့လေ။ အဲ့လိုမဟုတ်ဘဲနဲ့ တခြားသော cycle ကလူတွေကိုပါ သွားစေချင်တယ်ဆိုရင်တော့။ တခြားcycle ဆိုတာ HR တို့ finance တို့ warehousing တို့ logistic တို့ စတာတွေသွားချင်တယ်ဆိုရင်တော့ Operation တို့သွားချင်တယ်ဆို ကျွန်တော့်အနေနဲ့က phone လောက်ကိုပဲ target ထားပြီး သွားမယ်ဆို အဆင်ပြေပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm