Listen

Description

Q: တက်သစ်စ marketer တွေအတွက် road map နဲ့ apply လုပ်ပုံလေးတွေကို ပြောပြပေးပါ။ 

A: road map နဲ့ apply လုပ်ပုံလေးကိုပြောပြပါလားဆိုတော့ ကျွန်တော်မြင်တာက life goal တစ်ခုမျိုးကို ဆက်လုပ်စေချင်တယ်။ နောက်ဆုံးပိတ် goal ပေါ့လေ။ ဒါကြီးပြီးရင် အေးဆေးဖြစ်သွားပြီဆိုတဲ့ ပုံစံမျိုး။ အဲ့လိုမျိုးရည်မှန်းချက်တစ်ခုခုရှိတော့မှပဲလည်း ပြန် map လုပ်ပြီးတော့မှ ဘယ်နေရာမှာဘာလုပ်ရမလဲ ဆိုတာဖြစ်တာကိုး။ ကျွန်တော်ဆိုရင် တွေးထားတဲ့ life goal တစ်ခုရှိတယ်ပေါ့နော်။ ကလေးတွေအတွက် ကျောင်းဖွင့်ချင်တာ။ လူနည်းနည်းနဲ့ သူတို့စိတ်ဝင်စားတဲ့ဟာမျိုးကို အနီးကပ်ပညာရေးပေါ့လေ။ ကိုယ် ဝါသနာပါတဲ့ဟာကို သင်ပေးနိုင်တဲ့ကျောင်းတစ်ခု လုပ်ပေးချင်တာပေါ့နော်။ ကျွန်တော်ကတော့ ဘာလုပ် လေ့ရှိလဲဆိုတော့ ရှစ်တန်းလောက်ကတည်းက ပြောပါတယ်။ သူများတွေလိုက်လုပ်ချင်လုပ်၊ မလုပ်ချင် နေပေါ့နော်။ ကျွန်တော်လုပ်တဲ့ပုံစံကတော့ goal တစ်ခုကို ဆယ်နှစ်စာ၊ ငါးနှစ်စာ၊ သုံးနှစ်စာ၊ တစ်နှစ်စာ၊ ခြောက်လစာ၊ သုံးလစာဆိုပြီး အကုန်လုံးပြန်ပြီး map လုပ်ထားတာ။ အသက်သုံးဆယ်မှာ ကိုယ်ပိုင် စီးပွားရေးစကိုစရမဲ့ goal တစ်ခုရှိတယ်ပေါ့နော်။ အသက် ၂၇ နှစ်မှာ level up ကိုစလုပ်တယ်။ ၂၅ မှာ CMHR ကနေ YOMA Bank ကနေ အခု level up ကိုရောက်တယ်ပေါ့နော်။ ဆိုတော့ကျွန်တော့်ရဲ့ dream ထဲမှာကိုက ကိုယ်ပိုင် business တစ်ခုကိုစရမဲ့ goal တစ်ခုရှိနေတာဆိုတော့ စလိုက်တာပေါ့လေ။ ဆိုလိုချင်တာက ဆယ်နှစ်ပြီးတဲ့အချိန်မှာ ငါးနှစ်ရယ် သုံးနှစ်ရယ် တစ်နှစ်ရယ်ဆိုတဲ့ goal လေးတွေချပါ။ ဒီနှစ်မှာတခြားဟာကို မဖြစ်ရင်နေ။ ကျွန်တော်လည်းငယ်ငယ်တည်းက သိတယ်မလား။ new year resolution ဆိုပြီး weight ဘယ်နှစ်ပေါင်ကျမယ်ဆိုပြီး ကြွေးကြော်ခဲ့တာတွေရှိတာပေါ့နော်။ တကယ် လည်းဖြစ်တာမဟုတ်ဘူး။ ဆိုလိုချင်တာက ကိုယ့်ရဲ့ career နဲ့သွားချင်တယ်ဆိုရင် marketer တွေ အတွက်ပါ။ ထားပါတော့ ကိုယ့်ရဲ့ goal က Coca Cola တစ်ကမ္ဘာလုံးရဲ့ CMO ဖြစ်ရမယ်ဆိုတဲ့ goal ကအသက်ငါးဆယ်မှာပဲထားလိုက်ပါ။ အဲ့တော့ အသက်လေးဆယ်မှာ Coca Cola ကိုရောက်နေမှဖြစ်မှာ။ အသက်သုံးဆယ်မှာ နိုင်ငံခြားကိုသွားမှဖြစ်မှာ။ အဲ့တာဆိုရင် အသက်နှစ်ဆယ်လောက်ကတည်းကနေ marketing ထဲခြေစုံပစ်ဝင်ပြီးတော့ ဘယ်လိုမျိုး trend တွေ၊ foundation တွေသိရမယ်ဆိုတဲ့ဟာမျိုးရယ်၊ အသက်နှစ်ဆယ့်ငါးနှစ်လောက်မှာ manager ဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးလုပ်ရမယ်။ တစ်နှစ်ချင်းစီ မှာလည်း ကျွန်တော့်အနေနဲ့ကတော့ ဘာရှိလဲဆိုတော့ quantity goal တွေရှိတယ်။ သုံးလတစ်ခါ ကိုယ့်ကိုကိုယ် research လုပ်တဲ့ဟာတွေရှိတယ်။ ဥပမာအနေနဲ့ SEO learn လုပ်ရမယ် ဒီသုံးလဆိုရင် လုပ်တယ်။ ကျွန်တော်ဆိုရင် ဒီသုံးလကို strategy နဲ့ HR နှစ်ခုကို learn လုပ်နေရတယ်။ ပြီးရင် level up ရဲ့ရှယ်ယာတချို့ ရောင်းဖို့ပြင်နေတယ်ပေါ့နော်။ Finance pitch ရဖို့ရယ် ဆက်ပြီးတော့ grow ချင်လို့လည်းပါတယ်။ အဲ့အချိန်မှာ level up ကို valuation လုပ်တယ်။ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို ဖြတ်ဖို့အတွက် learn လုပ်ရတယ်။ ပြီးတော့မှ level up ကိုရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့သူတွေကို pitch သွားလုပ်တဲ့ အချိန်မှာ အဲ့ valuation ကပြန် လိုတာကိုး။ အဲ့တော့ ကျွန်တော်သည် marketing ကလာတာ။ valuation တွေ finance တွေ HR တွေကိုမသိဘူး။ အဲ့တော့ကျွန်တော့်ရဲ့ဒီ ဒီကာလမှာလည်း ၂၉ ၊ ၃၀ နဲ့ ၃၅ နှစ်ကြားထဲမှာ ကျွန်တော် learn လုပ်ချင်တဲ့ဟာတွေက how to grow the business  ပေါ့လေနော်..။ ကျွန်တော် ဆိုတော့ estimate goal တစ်ခုထား။ ပြီးရင် ဆယ်နှစ်၊ ငါးနှစ်၊ တစ်နှစ်၊ ခြောက်လ၊ သုံးလကို ပြန်ပြီး map လုပ်လိုက် မယ်ဆိုရင်က ဘယ်နေရာမှာဘာလုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးလေး ကိုယ့်အတွက် တစ်ခုခုရလာပါလိမ့်မယ်။ အဲ့ကြားထဲမှာလည်း အများကြီးဖြစ်သွားနိုင်တယ်။ ကျွန်တော်ဆိုရင် ၂၀၂၀ တုန်းက ကျွန်တော့်အစ်ကိုဆုံးတယ်။ ကျွန်တော့်ရဲ့ family တစ်ခုကိုတာဝန်ယူရတော့မယ်ဆိုတဲ့အချိန်မှာ ရုတ်တရက်ပြောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ goal ကကိုယ့်ဟာကိုယ် adjust လို့ရတယ်။ နည်းနည်းလေး ကိုယ့်ဟာကိုယ်မညှာဖို့နဲ့ အရှိအတိုင်းလက်ခံဖို့က အရေးကြီးတာကိုး။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ဖြစ် မြောက်မြောက် agency မှာအကြာကြီးနေလာခဲ့တဲ့ကောင် မဟုတ်ဘူးဆိုတော့ အခု level up မှာလည်း ကျွန်တော့် ticket တွေမြင်ရတာပဲ။ အဲ့လိုမျိုးပေါ့လေ learn လုပ် နောက်တစ်‌‌ခေါက်မှာ ဘယ်လို ကောင်းအောင်လုပ်မလဲဆိုတာလေး ကြိုးစားကြမယ်ဆိုရင်တော့ ကျွန်တော့်အတွက်ကတော့ လောလောဆယ်အထိ အိုကေနေသေးတယ်။ ကျွန်တော်သည် motivation Speaker မဟုတ်သလို ဘာမှလဲ မဟုတ်ပါဘူး.. ကျွန်တော်လက်ရှိလုပ်နေတာ အဆင်ပြေတယ်ဆိုတာပြောပြတာ။ ဒါသည် ကျွန်တော့်ရဲ့ Road map နဲ့ apply လုပ်တဲ့ပုံစံပါ.။ လုပ်ချင်ရင်လိုက်လုပ်နိုင်ဖို့အတွက် share လုပ်ပေးတာပါ။ 

#marketing #digitalmarketing #market #career #askalex #askalexmm