Listen

Description

Q: ကို Alex ရေ.. Marketing 5.0 အကြောင်း short program လေးလုပ်ပြီး ဆွေးနွေးပွဲလေးလုပ်ဖို့ အစီအစဉ် ရှိလား။
A: Marketing 5.0 ကျတော့ community ဘက်ကို ပိုပြီး support ပေးတဲ့ပုံစံမျိုးဖြစ်တယ်။ အဲ့တော့ Marketing 4.0 မှာ ဘာသတိထားမိလဲဆိုတော့ အကုန်လုံး data, data တွေဆိုပြီး အော်ခဲ့ကြတာပေါ့။ လူတွေရဲ့ data point တွေ ရလာပြီဆိုရင် အဲ့ data point တွေက အများကြီး အသုံးချလို့ရတယ်။ ကျွန်တော်ဆိုလည်း Samsung မှာ ဘယ်လောက်ထိသုံးလို့ရလည်း ဆိုတဲ့ဟာကို Adobe ဘက်ကနေလာပြတဲ့အချိန်မှာ အကုန်မြင်ရတယ်။ အဲ့တော့ data ပိုင်တယ်ဆိုလို့ရှိရင် Donald Trump တောင် သမ္မတဖြစ်သွားတာဆိုတော့ data point တွေသည် အရေးကြီးတယ်ဆိုတဲ့ နေရာရောက်လာတာပေါ့။ data-dripping marketing ဆိုပြီးအကုန်လုံးက digital marketing ကို data-dripping ဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ အော်ကြတယ်။ မြန်မာနိုင်ငံကို ပြောတာပေါ့နော်။ မြန်မာနိုင်ငံလောက် data ရှာရခက်တာ မြန်မာနိုင်ငံပဲရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ data point တွေကလည်း အရမ်းကြီးများမနေဘူး။ Facebook profile လောက်၊ ဖုန်းနံပါတ်လေး၊ နေရပ်လိပ်စာလောက်နဲ့အကုန်လုံးက အဆင်ပြေနေကြတာများတယ်။ ကြီးကြီးကျယ်ကျယ်ကောက်နေကြတဲ့ company တွေရှိတယ်။ အဲ့ဒီ company တွေကလည်း ဒီဘက်က data ကို business inside အနေနဲ့ ပြန်ပြီးတော့ translate လုပ်ပြီးတော့ business inside ကိုမှ marketing အနေနဲ့ ပြန်ပြီးတော့ အသုံးချနိုင်တဲ့ company လက်တစ်ဆုပ်စာတောင် မရှိဘူး။ ဆိုတော့ အရမ်းနည်းတယ်ပေါ့နော်။ အဲ့တော့ မဖြစ်တဲ့ ကြားထဲကနေ ဖြစ်အောင်လုပ်နေကြတဲ့ marketing သမားတွေကိုလည်း respect ပါ။ Marketing 5.0 မှာကြတော့ data ကို အခြေခံလိုက်တဲ့အချိန်မှာ သုံးခုထွက်လာတယ်။ တစ်ခုကဘာလဲဆိုတော့ Contextual Marketing ရယ် Augmented Marketing ရယ် နောက်တစ်ခုက ဘာမှန်းမသိဘူး။ အဲ့တော့ Contextual Marketing လုပ်တယ်ဆိုတဲ့ဟာမျိုးကြတော့ ခုနပြောတဲ့ data set အခြေခံတာ။ ဥပမာ- Donald Trump ရဲ့ targeted ဆိုတဲ့ video တစ်ခုရှိတယ်။ The Great Heart ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးတယ်ဆိုလို့ရှိရင် ဒီဇာတ်ကားရဲ့ documentary ရိုက်ထားတဲ့ဟာက Marketing 5.0 ကိုတော်တော်ကြီးကို အများကြီးပြသွားတာ။ Contextual Marketing တွေ အများကြီးသုံးပြသွားတယ်။ လူတွေကို profile ထဲထည့်သွားတာ။ Donald Trump ကိုကြိုက်တယ်ဆို သူတို့ရဲ့ profile ကတစ်ခု။ ပြီးရင် Hillary Clinton ကို ကြိုက်တဲ့ profile ကတစ်ခု တခြားသောကြိုက်တဲ့ profile တွေဆောက်လိုက်ပြီးတော့ segments တွေပြန်ခွဲချလိုက်တာ။ ပြန်ခွဲချပြီးတော့ Donald Trump ကို ကြိုက်တယ်ဆိုလို့ရှိရင် ဘယ်လိုမျိုးဆက်အားပေးရမလဲဆိုတဲ့ဟာမျိုးသွားတယ်။ Hillary Clinton ကို ကြိုက်တယ်ဆိုလို့ရှိရင် မတူတဲ့ page တွေအများကြီးကနေပြီးမှ fake new တွေ ဖြန့်ချတာ။ ဖြန့်ချပြီးတော့ fake new တွေအများကြီးကနေ Hillary Clinton သည် ဘာဖြစ်တယ် ညာဖြစ်တယ် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောကြတာပေါ့လေ။ အဲ့ campaign ကို run တာ။ အဲ့အချိန်မှာ profile links ဆောက်သွားတဲ့ဟာတွေ သူတို့ပြောသွားတဲ့ဟာတွေ အရမ်းမိုက်တာ။ အဲ့ဒီဟာက Contextual Marketing ပေါ့။ နောက်တစ်ခုက Augmented Marketing ကကျတော့ ပြောရရင် AR တွေ VR တွေ ပါလာတာ။ ကျွန်တော့်အမြင် Sale Plural မဖြစ်နိုင်ဘူးမဟုတ်ဘူး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်တစ်ပတ်နှစ်ပတ်ကနေ ကိုစိုးထက်အောင်တို့ တောက်လျှောက်သွားတဲ့ မြို့ပြဆိုတဲ့ app တစ်ခု ကျွန်တော်သတိထားမိလိုက်တယ်။ အဲ့ဒီ AR, VR တွေက မဖြစ်နိုင်ဘူးတော့မဟုတ်ဘူး။ commercial သုံးဖို့အတွက်ကကျတော့ Sale Plural ။ AR, VR က မြန်မာနိုင်ငံမှ မဟုတ်ဘူး။ International မှာတောင် big brand တွေ ဥပမာ- Jonson and Jonson တို့တောင်မှ AR, VR ကို ၁၀၀ ရာခိုင်နှုန်း အသုံးမချနိုင်သေးတဲ့ အခြေအနေတစ်ခု ရှိနေသေးတာဆိုတော့ Augmented Marketing သည် ဝုန်းကနဲ တစ်နှစ်နှစ်နှစ်အတွင်းမှာ တက်လာနိုင်မယ်လို့‌တော့ မမြင်ပါဘူး။ နောက်ဆုံး တစ်ခုကတော့ Predictive Marketing ။ ဘာလဲဆိုတော့ ခုနကပြောတဲ့ data point တွေနဲ့ သွားတဲ့ဟာ။ ကျွန်တော်တို့က consensual marketing မှာ လူတွေရဲ့ profile တွေကို Contextual အနေနဲ့ ဆောက်လိုက်ပြီးလို့ရှိရင် Predictive Marketing ကို run ကြတယ်။ ပြောရရင် ကျွန်တော်တို့အခုလုပ်နေပြီ။ ဥပမာ- shop.com ကျွန်တော်တို့ လူတွေက ဝယ်နေတဲ့ data point တွေရှိတယ်။ Ecommerce platform တွေမှာ ဝယ်နေတဲ့ data point ရပြီဆိုရင် အလွယ်ဆုံး ဥပမာ‌ပေးရရင် ကျွန်တော့် training တွေ Corporate section တွေ မှာပေးနေကျ ဥပမာ- messenger ကို ဖတ်လိုက်။ customer တစ်ယောက်စီလာပြီးပြောတဲ့ဟာတွေကို checking လုပ်လို့ရတယ်။ label တပ်လိုက်။ ကျွန်တော်တို့က နှစ်ပတ်တစ်ခါဝင်တာလား တစ်လတစ်ခါဝင်တာလား ဆိုတဲ့ data တွေ ထွက်လာလိမ့်မယ်။ ဘယ်လမှာ ဝယ်သွားတယ်ဆိုတဲ့ data ထွက်လာပြီဆိုရင် နောက် လ same day လောက်မှာ အစ်ကိုရေ ဒါလေးရောက်လာလို့ ဝယ်အုံးမလားဆိုတဲ့ manual လုပ်ရတယ်။ အဲ့တာတွေ