Listen

Description

Q: ကို Alex ရေ.. Marketing 5.0 အကြောင်း short program လေးလုပ်ပြီး ဆွေးနွေးပွဲလေးလုပ်ဖို့ အစီအစဉ် ရှိလား။ တချို့က seminar အသေးလေးတွေ စလုပ်နေတာတွေ့ရလို့ပါ။ အခြားနိုင်ငံတွေလည်း ဒါကို စမ်းသုံးနေကြပြီ။ မြန်မာနိုင်ငံရဲ့ culture အရ အသုံးချလို့ရလာနိုင်လား။ ဖြေပေးပါဦးနော်။



A: Marketing 5.0 က လုပ်နေပြီလားဆိုတဲ့ တစ်ချို့တစ်ဝက်က လုပ်နေပြီ။ ဒါပေမဲ့ အကုန်လုံးလုပ်ဖို့ အတွက်က မလွယ်သေးဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ marketing က လောလောဆယ် Marketing 2.0 ကို မနည်းကျော်နေရတဲ့အဆင့်။ customer တွေကို အ‌ရေးကြီးပါတယ်ဆိုတဲ့ points မရမချင်း value base marketing မသွားမချင်း။ ကျွန်တော်တို့ဆီမှာ အများဆုံးလုပ်နေကြတာက Marketing 1.0 Product Centric , Product features ကိုပဲ ပတ်ချာလှည့်ပြီးတော့ ပြောနေကြတဲ့ marketing state တစ်ခုမှာ တိုးထွက်နေရတဲ့ corporate brand တွေအကုန်လုံးက ထွက်သွားပြီ။ Marketing 3.0 လောက်ကို သွားနေကြတဲ့ အခြေအနေတစ်ခုပေါ့။ Marketing 3.0 ကနေ Marketing 4.0 ကိုတက်ဖို့အတွက်က ခုနကပြောတဲ့ Omani-channel ကို ကျွန်တော်တို့ သွားလို့ရတဲ့အချိန်ကျတော့မှ Marketing 4.0 ရဲ့ state က complete ဖြစ်မှာဆိုတော့ကျတော့ အဲ့ဒီ value marketing ကနေစပြီးတော့ Omani-channel ကို ရွေ့နေကြတယ်ပေါ့။ ဒါပေမဲ့ အများစုက လက်ရှိအချိန်မှာက digital ပေါ်မှာ စျေးတက်ရောင်းတာ။ ကျွန်တော်တို့က marketing လို့ သုံးမရဘူး။ digital channel တစ်ခုကိုသုံးပြီး product marketing လုပ်နေကြတာ။ Marketing 2.0 ပုံစံမျိုးလောက်အထိပဲ ရှိနေသေးတာဆိုတော့ Marketing 5.0 အထိက regional နဲ့သွားမယ်ဆိုရင် ရန်ကုန်ကတော့ ဖြစ်နိုင်တယ်။ မန္တလေးတောင်မှ Marketing 4.0 ကို အခုမှ တဖြည်းဖြည်း traditional ဖြစ်တဲ့အဆင့်ပဲ ရှိနေသေးတယ်။ ရန်ကုန်ကတော့ Marketing 5.0 အနေနဲ့ဖြစ်နိုင်တယ်။ တစ်တိုင်းပြည်လုံးအနေနဲ့ကတော့ မဖြစ်နိုင်သေးဘူး.. ဒါ ကျွန်တော့် အမြင်ပါ။

#marketing #digitalmarketing #market #career #askalex #askalexmm