Q: ကို Alex Marketing အကြောင်းတွေ Page နဲ့ acc မှာစ share တုန်းက ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့လဲဗျ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ၊ ကိုယ့်ထက်ဂေါ်နေတဲ့ Senior တွေနဲ့ဆိုတော့ သိမ်ငယ်တာမျိုးမဖြစ်ဘူးလား၊
A: ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့တာလဲဆိုတော့ ကျွန်တော့ mindset ကတော့ရှင်းပါတယ်၊ တစ်ခုထဲဘဲ ကျွန်တော့ mindsetက ကျွန်တော်အရင်တုန်းက ၂၀၁၃ လောက်မှာ digital marketing ကိုကောင်းကောင်းလေးစခဲ့တယ်။ KFC နဲ့ကျွန်တော်စတယ်။ digital marketing လုပ်တယ်ဆိုတဲ့ဟာက Facebook မှာ post တင်တဲ့ဟာလောက်ဘဲရှိတာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုရှာရ မလဲဆိုတာ မြန်မာပြည်မှာ ပြောတဲ့ဟာ တစ်ခုမှမရှိဘူး အဲ့တော့ အသားကုန်းလိုက်ရှာရတယ်၊ YouTube ကနေရှာတယ် Website ကနေရှာတယ် Google ကနေရှာတယ် အကုန်လိုက်ဖတ်နဲ့ သွားတာဆိုတော့ မြန်မာပြည်မှာ ငါမေးချင်တာ မေးလို့ရတဲ့လူရှိရင် ကောင်းမှာဘဲဆိုတဲ့ စိတ်တစ်ခုဘဲရှိတယ်၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ marketing နဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့မေးသမျှကိုသိသလောက်တတ်သလောက်လေးဖြေပေးမယ်၊ လုပ်ပေးမယ် ဆိုတဲ့ ဟာမျိုးနဲ့လုပ်ပေးမယ်ဆိုတဲ့အဲ့စိတ်တစ်ခုဘဲရှိတာအခုထိလည်းအဲ့စိတ်တစ်ခုဘဲရှိတာ ကျန်တဲ့ဟာသည်ဘာမှလိုချင်တဲ့ expect တွေဘာတွေဘာမှရှိမနေဘူးအဲ့တော့ ကိုယ့်ထက်ဂေါ်နေတဲ့Senior တွေနဲ့ဆိုသိမ်ငယ်တာမျိုးမဖြစ်ဘူးလားဆိုတော့အဲ့စီနီယာတွေကဘာမှမရေးလို့ ကျွန်တော်လိုက်တွန်းနေတာ အကိုတွေအစ်မတွေက ဘာမှမရေးဘူးဆိုတာ သူတို့အလုပ်တွေအရမ်းရှုပ်တာဖြစ်တဲ့လျောက် သူတို့ရဲ့ အရမ်းကြီးနည်းတဲ့ personal time က အချိန်မပေးနိုင်တာလဲပါတာပေါ့ သိမ်ငယ်တာ မျိုးတော့ မရှိဘူးရယ် insecurity မရှိဘူး ကျွန်တော့ကို criticize လုပ်ခဲ့တဲ့သူတွေလည်း အများကြီးမြင်ခဲ့ဖူးပါတယ် ဒဲ့ကြီးဖဲ့တာကအစ ကောင်းစေချင်လို့ ပြင်စေချင်လို့ အကိုတွေအမတွေ ညီတွေ ညီမတွေနဲ့လည်း စကားပြောခဲ့ဖူးတယ်ဆိုတော့ သိမ်ငယ်တယ်ဆိုတာထက် ကျွန်တော့ရဲ့ positive feedback ကိုပေးတယ်ဆိုရင် ကျွန်တော်အဲ့အတိုင်းကို ကျွန်တော်စဉ်းစားတဲ့ပုံစံကို ဘယ်လိုမျိုးဖြစ်အောင်လုပ်လို့ရမလဲ စဉ်းစားပြီးလုပ်ကြည့်တယ် အသားလွတ်ကြီးကျုံးတယ် ဆိုရင်တော့ ကျွန်တော်ကဖတ်ပြီးတော့ အော်ငါ့ကိုကျုံးဖို့အတွက်က ငါ့ video ကိုလာပြီး ကြည့်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျေးဇူးတောင် တင်ပါသေးတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm