Listen

Description

Q: ကို Alex ‌ရေ ကျွမ်းကျင်တဲ့ marketer တစ်ယောက်ဖြစ်ဖို့ marketing sense ရှိဖို့ marketing ကို ဘယ်ကနေဘယ်လို လေ့လာသင့်လဲအကြံပေးပါဦးဗျ။

A: ကျွန်တော်အမြဲတမ်းပြောလေ့ရှိတာက marketing သမားတစ်ယောက်ဖြစ်ဖို့က marketing ကိုစပြီး လေ့လာပါ။ marketing ကိုစပြီးလေ့လာပါဆိုတာက marketing foundation, marketing principle, marketing management ဆိုတာတွေရှိပါတယ်။ အဲ့ကနေစပြီးတော့ လေ့လာပါ။ အဲ့တာမှ 4p တို့ SCP တို့ MAR law တို့ PESTEL တို့ 7p တို့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။ အဲ့တာမှ SWOT analysis တွေဘာတွေသိကြမှာ။ အဲ့တာတွေသိတော့မှပဲ next level တစ်ခုဖြစ်တဲ့ အားလုံး learn လုပ်နေကြတဲ့ digital marketing ဆိုတဲ့ဟာတွေကိုလိုက်ပြီးကြည့်တာ ပိုပြီးကောင်းပါတယ်။ ထပ်ပြောမယ်နော်။ marketing principle တွေကိုလေ့လာကြပါ။ အဆင့်တွေခုန်ဖို့အတွက်ကို လောမကြီးပါနဲ့။ အရမ်းအရေး ကြီးတယ်လို့‌တော့မြင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လောပြီးလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့နောက်ဆုံးတော့ ကျွန်တော်လည်း foundation ကိုပြန်လေ့လာ principle ကိုပြန်လေ့လာ management ကိုပြန်လေ့လာ။ ပြီးတော့မှ အဲ့ဒီဟာကို platform တစ်ခုချင်းစီပေါ်မှာ ဘယ်လိုမျိုးသုံးရမလဲဆိုတဲ့ ပုံစံမျိုးလေးနဲ့သွားရ ပါတယ်။ အဲ့တော့ marketing သမားဖြစ်ချင်တယ်ဆိုရင် marketing ကိုလေ့လာပါ။ platform တွေကို စစချင်းလေ့လာမယ်ဆိုရင် technician ပဲဖြစ်မှာပါ။ marketing သမားဖြစ်မယ်လို့ မထင်ဘူး။ အရေးကြီး တဲ့နောက်တစ်ချက်က practical အများကြီးရှိဖို့ပါ။ အဲ့တော့ digital marketing လောက် practical အများကြီးလိုတာ digital marketing ရှိတယ်ဗျာ။ တခြား marketing ထဲဝင်ချင်တယ်ဆိုရင်တော့ မသိဘူး ပေါ့နော်။ ဥပမာ- Event တို့ PR တို့ အဲ့လိုမျိုး traditional marketing ဆိုရင်တော့ နည်းနည်းအရင်းအနှီးကြီးတာပေါ့။ ဒါပေမဲ့ digital marketing ကအခုချက်ချင်း page ထောင်လို့ရတယ်။ အခုချက်ချင်း YouTube channel ထောင်လို့ရတယ်။ အခုချက်ချင်း website ရေးလို့ရတယ်။ in very minimum cost. ပိုက်ဆံနှစ်သောင်းလောက်ရှိရင် website တစ်ခုက ကိုယ့်ဟာကိုဖွင့်လို့ရနေပြီ။ ဆိုတော့ marketing foundation, marketing principle, marketing management သိသွားပြီဆိုရင် marketing ကိုသင်နေရင်းနဲ့မှ အခုလိုမျိုး Facebook တို့ YouTube တို့ TikTok တို့ LinkedIn တို့ website တို့မှာ practical ရအောင် learn လုပ်ပါ။ ကျော်ခွပြီးတော့မှ Facebook မှာ content ဘယ်လိုရေးရမလဲရှာနေတယ် ဆိုရင်တော့ အဆင်မပြေဘူး။ customer တောင်မှဘာစိတ်ဝင်စားနေလဲဆိုတဲ့ customer sentiment ကို မသိသေးဘူး။ ကိုယ်ကနေ post ‌ရေးဖို့အတွက်ပြင်နေပြီဆိုရင် What’s a point? ဆိုတော့ကျွန်တော်က basic ကိုအရင်လေ့လာစေချင်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm