Q: media buying ပိုင်းကိုအပ်ရင် ဘယ်အချက်အလက်တွေကို တောင်းဆိုရမလဲဗျ။ media buying ကျွမ်း ကျွမ်းကျင်ကျင်လုပ်ပေးတဲ့ဆီကို ဘယ်လိုစုံစမ်းရမလဲဗျ။
A: ကျွန်တော်မြင်တာကတော့ ကိုယ့် business နဲ့အသွင်သဏ္ဍာန်ချင်းတူတဲ့ may be ကိုယ့် business industry ကို လုပ်နိုင်တဲ့ လုပ်ပေးခဲ့ဖူးတဲ့ track record ရှိတယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကျွန်တော်တို့ကတော့ track record တောင်းကြည့်တယ်ပေါ့လေ။ တောင်းကြည့်တယ်ဆိုတာက ကျွန်တော် brand မှာအလုပ်လုပ်တုန်းက ပေါ့နော်။ အခုလုပ်နေတဲ့ ကျွန်တော်ရဲ့ media buyer နှစ်ယောက်လုံးကကျတော့ ကျွန်တော်နဲ့လုပ်လာတာ ကြာပြီဆိုတော့ သူတို့ track record တွေသိနေတာဆိုတော့ တောင်းကြည့်စရာမရှိဘူး။ အဲ့တော့ track record တောင်းကြည့်စေချင်တယ်။ ကိုယ့်ရဲ့ same industry မှာသူတို့ရဲ့ လုပ်နေတာရှိတယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတယ်။ သူ့ရဲ့ experience ပေါ့နော်။ ထားပါတော့ ဘာကိုမေးသင့်လဲဆိုတော့ ကိုယ့်ရဲ့ cost per result တွေကကျသွားတယ်ဆိုလို့ရှိရင် သူတို့ကဘယ်လိုမျိုး optimize လုပ်ပေးမှာလဲ။ သူတို့ရဲ့ optimization plan တစ်ခုကို တောင်းကြည့်ရတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ရဲ့ boosting တွေကို ကျွန်တော်တို့ content plan တွေကိုသူတို့နဲ့ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ရဲ့ business objective ကိုပြောပေါ့လေ။ content ကဘယ်နေ့ဘယ်နေ့တွေမှာ ဘယ်လို content မျိုးလေး တွေတင်လေ့ရှိတယ်။ အဲ့ content ပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်လိုမျိုး business objective တော့ဖြစ်ချင်တာ။ ကျွန်တော်တို့ leads ဘယ်လောက်လိုချင်တာ။ message ဘယ်လောက်လိုချင်တာ။ reach ဘယ်လောက်ရောက်ချင်တာ။ အခုချိန်ကတော့ ကျွန်တော်တို့ cost per reach ဘယ်လောက်ရှိ တယ်။ cost per thousand impression ကဘယ်လောက်ရှိတယ်။ cost per engagement က ဘယ်လောက်ရှိတယ်။ cost per message ကဘယ်လောက်ရှိတယ်။ course per click ကဘယ် လောက်ရှိတယ်။ အဲ့ဒီ label လေးတွေကို သူတို့နဲ့တစ်ချက် ပြန်တိုင်ပင်ပြီးတော့မှ သူတို့ဆီကနေ quotation တောင်းလိုက်ပါ။ ကျွန်တော်တို့က ကျွန်တော်တို့ရောက်ချင်တဲ့ target ရောက်ဖို့အတွက် budget ဘယ်လောက်သုံးမယ်ဆိုတဲ့ quotation ထွက်လာပါလိမ့်မယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် Brand မှာအလုပ်လုပ်တုန်းက quotation အနည်းဆုံးသုံးခုခေါ်တယ်။ အဲ့သုံးခုကို compare လုပ်တယ်။ အဲ့လူတွေနဲ့ စကားပြောတယ်။ အဲ့လူတွေပြောတာကို သူတို့ကတကယ်ရော နားလည်တဲ့ပုံစံမျိုးပေါက်ရဲ့လားဆိုတဲ့ confidence ဘယ်လောက်ရှိလဲဆိုတဲ့ဟာကို ကျွန်တော်တို့က ဆန်းစစ်တယ်။ ဘာလို့လဲဆိုတော့ စျေးနည်းတိုင်းလည်း ကိုယ့်ရဲ့ KPI ကို hit ဖြစ်မယ်လို့ ဘယ်သူမှ အာမခံလို့မရဘူးလေ။ ဆိုတော့ကျတော့ အဲ့ဒီဟာနဲ့ ကျွန်တော်တို့သွားပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm