Listen

Description

Q: agency တွေမှာ content calendar ပေါ်မူတည်ပြီး media buying plan ဘယ်လိုဆွဲရတာလဲသိချင်လို့ပါ။ 



Part - 2 Conversion Rate 

အာ့တော့ business objective က ဘာကိုအရင်ဆုံးမေးလေ့ရှိလဲဆိုတော့ conversion rate ပေါ့နော်။နောက်ဆုံးမှာ conversion rate ရှိတယ်။ ရောင်းရချင် တယ်ဆိုတဲ့ client တစ်ယောက်အတွက်က သူ့ရဲ့ conversion rate ကို သူသိထားသင့်တယ်။ ဥပမာ-အကြမ်းဖျင်းပဲဖြစ်ဖြစ်ဗျာ။ ဘယ်လိုရောင်းရချင်တယ်ဆိုလို့ရှိရင် customer journey အရ ဘယ်လိုလာပြီးမေးတာလဲ။ ဆိုင်တွေကို လာပြီးမေးတာလား။ ဒါမှမဟုတ် messenger ကိုလာပြီးမေးတာလား။ အဲ့တော့အများစုကတော့ messenger ကိုလာပြီးမေးတယ်လို့ ဒီ Covid-19 ဖြစ်တဲ့အချိန်မှာ အများစုမြင်ရတာပေါ့နော်။ cilent အများစုဆီက လာတဲ့ Feedback တွေကြားဖူးတယ်။ အဲ့တော့ messenger ကနေ ဘယ်နှစ်ယောက်ဝယ်တယ်ဆိုလို့ရှိရင် sale နှုန်း ဘယ်လောက်ရာခိုင်နှုန်း ဖြစ်သွားတယ် ဆိုတဲ့ဟာမျိုးမေးတယ်။ အဲ့တော့ ကျွန်တော်တို့က leads တွက်လုပ်တာပေါ့နော်။ 10 ယောက်လာ‌မေးပြီး ၂ ယောက် ၃ ယောက်လောက်က convert ဖြစ်သွားတယ်ဆိုလို့ရှိရင် 20% 30% လောက်ရှိတယ်။ ၁၀  ယောက်မှာ ၅ ယောက်ဆိုရင် 50% conversion rate ပေါ့လေ။ ဆိုတော့ အဲ့ဒီ 10 ယောက်ကို ဝင်လာဖို့အတွက်ကို ပိုက်ဆံဘယ်လောက်သုံးရလဲဆိုပြီး ကျွန်တော်တို့ကမေးတယ်။ အဲ့မှာ သူတို့ထွက်လာတဲ့ဟာတွေ ရှိတာ ပေါ့နော်။ ဒေါ်လာနှစ်ဆယ် သုံးရတယ်။ ၅ ဒေါ်လာသုံးရတယ်။ စတဲ့ data တွေ ကျွန်တော်တို့ကိုပြောတယ်။ အဲ့တာဆိုရင် next step အနေနဲ့ ကျွန်တော်တို့က တချို့ client တွေဆိုရင် reach data တွေဘာတွေသိတယ်။ မသိဘူးဆိုလို့ရှိရင် ဒီလိုမျိုးလေးတော့ သွားကြည့်လို့ရတယ် ပြောပေးတာပေါ့နော်။ အဲ့တော့ post ဘယ်နှစ်ခု boost လုပ်လဲ။ post တစ်ခုချင်းစီမှာ ပျမ်းမျှ reach ဘယ်လောက်ရောက်သွား တာလဲ။ engagement ဘယ်လောက်ရှိနေတာလဲဆိုတဲ့ data ကို client ဆီက briefing stage မှာ အကုန်လုံးမေးလိုက်တယ်။ မေးပြီးတော့မှ ကျွန်တော်တို့ရဲ့ media planner သည် reach ဆိုတဲ့ awareness ကြီးဘယ်လောက် ရှိပြီဆိုတော့မှ ဥပမာ- ရောင်းချင်တယ်ဆိုတဲ့ client အနေနဲ့ အဲ့ဒီအပေါ်မှာမူတည်ပြီးမှ Messager နေရာက leads ကို ဘယ်နှစ်ယောက်ရနိုင်တယ်။ အဲ့တော့ ဘယ်နှစ်ယောက်ရနိုင်တဲ့ leads ကိုမှ conversion ကိုတော့ ကျွန်တော့်ဘက်က အာမမခံပေးဘူး။ ဘယ် agency မှလည်း အာမခံမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ရှိတယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ကျွန်တော်တို့လည်း co-operate လုပ်ချင်ပါတယ်။ အဲ့တော့ ခုနက ပြောသလိုမျိုး ဒီတစ်လစာကို ငွေဘယ်လောက်သုံးရမလဲဆိုတဲ့ plan ကို ဆွဲထုတ်လိုက်တယ်။ အဲ့ထဲမှာမှ ဒီဘက်က အရမ်းကြီး sale push လုပ်တယ်ဆိုလို့ရှိရင် ခုနက ရောင်းချင်တယ်ဆိုတဲ့ client တောင်မှ ကျွန်တော်တို့ရဲ့ brand သည် ရောင်းရမှာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့က split ပြန်ခွဲတယ်။ split ပြန်ခွဲတယ်ဆိုတာက brand ဘက် ကို 30% 35% သွားမယ်ဆိုလို့ရှိရင် အဲ့တာကို engagement နဲ့ run ပြီးတော့မှ ကျန်တဲ့ 65% 70% ကို ကျွန်တော်တို့ရဲ့ message နဲ့ဦးစားပေးသွားပါတယ်။ အဲ့ထဲမှာမှ client က page like လေးတွေ ဘာလေးတွေ လုပ်ချင်တယ်ဆိုရင်တော့ အဲ့တာနဲ့ပတ်သက်ပြီး သွားတယ်။ အဲ့တော့ စောစောကပြောတဲ့ 35% engagement နဲ့ run တဲ့ဟာသည် တစ်လမှာ ဒေါ်လာ ၁၀၀ ရှိတယ်ပဲထား။ ဒေါ်လာ ၁၀၀ ရှိတယ်ဆိုလို့ရှိရင် 35%  သည် engagement နဲ့ run ဖို့ pack လိုက်တယ်။ 65% သည် ကျွန်တော်တို့ရဲ့ message ads run ဖို့အတွက်ကို pack လိုက်တယ်။ အဲ့တော့ 35, 65 ဆိုတဲ့ data ထွက်လာတယ်။ 

#marketing #digitalmarketing #market #career #askalex #askalexmm