Listen

Description

Q: (၁) page အသစ်တစ်ခုအနေနဲ့ ပထမလမှာ media buying ကောင်းကောင်းလုပ်ပြီး အလုပ်တော် တော်ဖြစ်ခဲ့တယ်။ ဒုတိယလမှာ media buying ရပ်လိုက်ပြီးနောက် တတိယလမှပြန်လုပ်ရင် အရင် လောက် reach မရတော့တာဖြစ်တတ်လားဗျ။

A: ကျွန်တော်ဖြေမဲ့အစား ကျွန်တော့်တို့ရဲ့ media buyer ပေါ့နော်။ performance marketer ကိုသန်းထက်အောင် ရှိပါတယ်။ သူ့ကို welcome လုပ်ပြီးတော့မှ discuss လုပ်တာပေါ့။ 

A: ကိုသန်းထက်အောင် - ပထမဦးဆုံးကတော့ page အသစ်တစ်ခုမှာ ပထမလမှာ media buying လုပ်ပြီး တော့ ဒုတိယလမှာခဏနားပြီးတော့ တတိယလမှာပြန်လုပ်ရင် အရင်လောက် reach မရတော့တာ ဆိုတော့ အဲ့ဟာကဖြစ်တတ်ပါတယ်ဗျ။ တစ်လလောက်နားလိုက်တာမဟုတ်ဘဲ ၁၅ ရက်လောက်နားရင် တောင်မှ ပုံမှန် run နေကျ ads account နဲ့ page အတွက်ကို audiences ရှိတယ်ပေါ့နော်။ audience တွေက ပုံမှန် run နေကျမဟုတ်တော့ရင် တစ်လ ဒါမှမဟုတ် ၁၅ ရက်လောက်နားပြီးမှ ပြန်ပြီး run မယ်ဆိုရင်တော့ Facebook ရဲ့ learning stage ထဲတော့ပြန်ဝင်သွားတတ်တယ်ဗျ။ အဲ့တာဆိုရင် ပထမစစချင်းတွေက result တွေသိပ်မကောင်းတတ်ဘူး။ ဒါပေမဲ့ learning stage ကိုစိတ်ရှည်ရှည်ထားပြီး စောင့်လိုက်ရင်တော့ ပုံမှန် audience တွေကိုပဲ run ရင်းနဲ့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ စစချင်းကတော့ cost per result နဲ့ reach တွေကတော့ နည်းနည်းကျနေတတ်တယ်။

#marketing #digitalmarketing #market #career #askalex #askalexmm