Q: media buying အတွက်သီးသန့်လူခန့်သင့်လား။ နောက်ပြီးသူတို့ကို ဘယ်လို train ပေးရမလဲ လမ်းညွှန်ပေးပါဦး။
A: ကျွန်တော့်အနေနဲ့ကတော့လေ လူခန့်သင့်လားမခန့်သင့်လားကျတော့ ကိုယ့်ရဲ့ spanning power ဘယ်လောက်ရှိလဲပေါ်မူတည်တယ်ပေါ့နော်။ ထားပါတော့ တစ်လကိုဒေါ်လာတစ်ရာ၊ နှစ်ရာလောက်သုံးတဲ့ဟာကိုမှ၊ မြန်မာငွေဆိုရင် သုံးသိန်းကနေခြောက်သိန်းကြားပေါ့နော်။ အဲ့လောက်သုံးတယ်ဆိုရင်တော့ one page ပဲဆိုရင် လူခန့်တာထက်စာရင် digital marketing သဘောမျိုးပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်တုန်းကလုပ်ခဲ့တာပေါ့လေ။ ဥပမာ- digital marketing manager ဆိုတဲ့ role တစ်ခုကိုဆွဲခေါ်လိုက်မယ်ဆိုရင် အများကြီးအဆင်ပြေလို့တော့မြင်တယ်။ ဥပမာအနေနဲ့ပြောမယ်ဆိုရင် သူ့ကို planning ဆွဲခိုင်းတာနဲ့ report တွေနဲ့ ပြီးတော့ content ရေးတာနဲ့ပေါ့နော်။ အဲ့ဒီသုံးခုလုံးကတော့ ပိုပြီးတော့ cost effective ဖြစ်နိုင်တယ်။ design ကတော့တော်တော်များများ ဆွဲတတ်မှာမဟုတ်ဘူး။ designing ကကျတော့ another story ဖြစ်သွားပြီဆိုတော့။ ဒါပေမဲ့ planning ရယ်၊ reporting ရယ်၊ media buying ရယ်၊ comment ဖြေတာလောက်ရယ်ဆိုရင်တော့ အဆင်ပြေတယ်။ creative ကတော့ creative team တစ်ခုအနေနဲ့ တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ်ငှားလိုက်တာကတော့ ပိုပြီးကောင်းမယ်နဲ့တူတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ကိုယ်ကထားပါတော့ online shop တွေအများကြီးရှိတယ်။ ကျွန်တော်တို့ ဒီမှာလဲ online shop တွေအများကြီးရှိတဲ့ စီပွားရေးတွေရှိတာပေါ့ လုပ်ငန်းတွေရှိတာဆိုတော့ နည်းနည်းလေး အကြံပေးချင်တာက အဲ့လိုမျိုး ၄၊၅ ခု ၆၊၇ ခု ၁၀ ခု ရှိတယ်ဆိုရင်တော့ May be Media ပိုင်းသမား တစ်ယောက် သီးသန့် ငှားလိုက်ပြီးတော့မှ သူနဲ့ ကျွန်တော်တို့ run တာပိုပြီးတော့ အဆင်ပြေနိုင်မယ် လို့တော့ ကျွန်တော်တို့ကထင်တယ်၊ page တစ်ခုထဲနဲ့ ၁၀၀၊ ၂၀၀ လောက်သုံးတဲ့ ဟာမျိုးနဲ့က media ပိုင်းသမားချည်းဘဲ သီးသန့်ထားတယ်ဆိုလို့ရှိရင် ဆင်ဖိုးထက် ချွန်းဖိုးနဲ့က ပိုကုန်နိုင်တာပေါ့၊ ကျွန်တော်က အဲ့လိုမျိုးအကြံပေးချင်ပါတယ်၊ 1 or 2 page လောက်နဲ့ တစ်လ ဒေါ်လာ တစ်ရာ နှစ်ရာ လောက်နဲ့ဟာကျတော့ အချိန်ပြည့် full time လုပ်ပေးမယ့် media buyer ထက်စာလို့ရှိရင်က freelancer ဘဲဖြစ်ဖြစ် agency ဘဲဖြစ်ဖြစ် သူတို့ကို ငှားလိုက်တာက business လုပ်ငန်းတစ်ခုကို cost effective ဖြစ်လာနိုင်တယ်လို့တော့ ကျွန်တော်ကပိုမြင်ပါတယ်၊အဲ့တာ ကျွန်တော်အမြင်ပေါ့လေ။
#marketing #digitalmarketing #market #career #askalex #askalexmm