Q: မင်္ဂလာပါ ကို Alex ရေ။ consideration stage မှာ competitor တွေများနေတယ်ဗျာ။ product ရဲ့ core value ကလည်း အတူတူပဲလိုဖြစ်နေတော့ differentiation လုပ်ဖို့လည်းမလွယ်လောက်ဘူး ယူဆတယ် ဗျ။ ကိုယ့် branding ကိုပဲ တည်ဆောက်သင့်လားဗျာ။ တခြား idea လေးများရှိနိုင်ဦးမလားဗျ။ နောက် တစ်ခုက custom audience ဆောက်ဖို့အတွက် လူအရမ်းနည်းနေတယ်ဗျ။ market က niche အရမ်း ဖြစ်နေတာမို့လည်းပါတယ်ဗျ။ အဓိကက retargeting လုပ်ချင်တာပါ။ frequency များများလေးပြချင် လို့ပါ။ အခုကအနည်းဆုံး size ဘယ်လောက်ဖြစ်သွားပြီလဲ။ real estate market ပါဗျ။
A: အဲ့တော့ဘယ်လောက်ကြီးပဲ niche ဖြစ်တဲ့ core value တူတဲ့ brand ဖြစ်နေနေ differentiation က လုပ်လို့ရပါတယ်။ differentiation လုပ်လို့မရဘူးဆိုရင် ဘာလို့ကိုယ့် brand ကိုဝယ်တော့မှာလဲပေါ့လေ။ ကျွန်တော့်အမြင်ပါ။ ဥပမာ- Pepsi နဲ့ Coca Cola နဲ့ဆိုလို့ရှိရင် brand ဖြုတ်ကြည့်လိုက် အဲ့နှစ်ခု ဘာကွာလဲ။ ဘာမှမကွာဘူး။ ရေထဲကို သကြား၊ ဆိုဒါ၊ ဂတ်စ် ထည့်ပြီးရောင်းနေတဲ့ အဖွဲ့တွေ။ အဲ့တော့ ဘာမှမကွာဘူး။ ဥပမာ- Star cola ရယ် Pepsi ရယ် Coca Cola ရယ်ကို differentiation လုပ်ပါဆိုလို့ရှိရင် brand နဲ့လုပ်လို့ရတယ်။ အဲ့တော့ real estate မှာလည်း brand တွေနဲ့လုပ်လို့ရတာပဲ။ real estate ကို တကယ်အောင်မြင်နေတဲ့အဖွဲ့တွေ အများကြီးပဲ။ ဥပမာ- စိုးစံတို့ I Myanmar house တို့စတဲ့ဟာတွေ အများကြီးရှိတယ်။ ကိုယ့်အနေနဲ့က ဘယ် story ပေါ်မှာဘယ်လိုမျိုး differentiate လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုုးနဲ့ မူတည်ပြီးသွားလို့ရတယ်။ အနည်းဆုံးတော့ ကိုကောင်းထက်သာဆီမှာ brand NARKHI type တော့ရှိသင့်တယ်။ brand NARKHI type ၁၂ မျိုးရှိတဲ့အထဲကနေ ဘယ်ဟာနဲ့ကိုက်လဲဆိုတာမျိုးမှာ မူတည်ပြီးတော့ brand ရဲ့ core message ကိုအရင်ဆုံးတည်ပေါ့လေ။ core message နဲ့ brand NARHKI type နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင် brand differentiation ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုချင်တာကဗျာ Coca Cola ရဲ့ core message က happiness ဆိုတာကိုသွားထားတာ။ Pepsi ရဲ့ core message က ကျတော့ next generation ဆိုတာမျိုးသွားထားတာ။ အမြဲတမ်းသစ်လွင်နေတဲ့ ဟာမျိုးဘက်ကိုသွားထာ တာ။ အဲ့မှာမတူတဲ့အချိန်မှာ Coca Cola ရဲ့ brand NARKHI type ပုံစံက innocent ဖြစ်တဲ့ဘက်ကို ပိုသွားတယ်။ Pepsi ရဲ့ဟာကကျတော့ form ဖြစ်တဲ့ဟာမျိုးကို ပိုသွားမယ်နဲ့တူတယ်။ ကျွန်တော့် personal အမြင်ပေါ့လေ။ အဲ့တော့ brand တွေရဲ့ core message မတူတဲ့အချိန်မှာ သူတို့ရဲ့ content တွေ လည်းကွဲသွားတယ်။ ကိုယ့်ဟာကိုယ်လည်း differentiation လုပ်လို့ရမယ်လို့လည်း ယုံကြည်ပါတယ်။ market က niche ဖြစ်တယ်ဆိုလို့ရှိရင်က retargeting လုပ်နေမဲ့အစား ခုနကပြောသလို အဲ့ထဲမှာရှိနေတဲ့ influencer တွေ KOL တွေကိုချိတ်ဆက်ပြီးတော့မှ သူတို့နဲ့ long term content ထုတ်ချလိုက်ပြီးတော့ပါ။ တစ်လကို ၁၀ post လောက်ကို run တာကပိုပြီးတော့ affective မဖြစ်နိုင်ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုပဲမြင်တယ်။ ပြီးတော့မှ ကိုယ့်ရဲ့ message နဲ့ပဲဖြစ်ဖြစ် video ကိုပဲဖြစ်ဖြစ်ကို ပြလိုက်ပြီးတော့မှ ကျွန်တော်တို့ video ကိုလာကြည့်မယ်။ message လာပို့မယ်ဆိုရင် အဲ့လူတွေကို retargeting ပြန်လုပ်လို့ ရတယ်။ retargeting run ကြမယ်ဟေ့ဆိုတဲ့ဟာက technician အတွေးပါ။ ဘာလို့လဲဆိုတော့ ဒီ platform က retargeting လုပ်လို့ရတယ်ဆိုပြီး လုပ်ကြမယ်ဆိုတဲ့ဟာမျိုးတွေးလိုက်တာ ဖြစ်ဖို့များတယ်။ အဲ့လိုမတွေးဘဲ ကျွန်တော်တို့ platform ကိုမတွေးဘဲနဲ့ customer ကိုအရင်ဆုံးတွေးကြည့်ဗျာ။ customer သည်ဘယ်ပေါ်မှာ attention တွေပေးနေတာလဲဆိုတာ သိရမယ်ဆိုလို့ရှိရင် ကိုကောင်းထက်သာရဲ့ brand ကို build လုပ်ရတာပိုပြီးလွယ်ပါလိမ့်မယ်။
#marketing #digitalmarketing #market #career #askalex #askalexmm