Listen

Description

Q: Ko Alex ရေ NFTs အကြောင်းလေး Knowledge sharing လုပ်ပေးပါ။

A: NFT ဆိုတာ Non-fungible Token ရဲ့ အရှည်ခေါက်ပါ။ NFT ဆိုတာက Blockchain ပေါ်မှာသွားပြီး အလုပ်လုပ်တာ။ ဒီ NFT ကိုအခုခေတ်စားနေတဲ့ Bitcoin, Ethereum စတဲ့ cryptocurrency နဲ့ Blockchain ပေါ်သွားပြီး အရောင်းအဝယ်လုပ်ရပါတယ်။ NFT ကဘယ်လိုထွက်လာလဲဆိုရင် မြန်မာနိုင်ငံကထားလိုက်ဦး နိုင်ငံခြားမှာဆိုတော်တော်ဆိုးဖြစ်နေပြီ။ အဲ့တာဘာလဲဆို Artist တွေရဲ့ Hardcopy ကိုဝယ်တဲ့သူက တော်တော်ကြီးကိုရှားသွားပြီ။ အရင်တုန်းကမှ ကျွန်တော်တို့က အခွေတွေကို ဝယ်စုတဲ့ အကျင့်ရှိတယ်။ ကျွန်‌တော်ဆို အရင်တုန်းက ကျွန်တော်ကြိုက်တဲ့ Artist တွေကို အားပေးချင်လို့ အခွေတွေကိုဝယ်စုတဲ့ အကျင့်ရှိတယ်။ ခုနောက်ပိုင်းကျ လူတွေက Spotify, YouTube, ကုန်ကုန်ပြောရရင် ကျွန်တော်တို့ အရင်တုန်းက Myanmar နိုင်ငံမှာ ခေတ်စားခဲ့တဲ့ Joox တို့ပေါ်လာတဲ့အချိန်မှာ သီချင်းခွေတွေကိုဝယ်မစုတော့ဘူး။ ဆိုလိုချင်တာက Analog ကနေ Digital ကြီးကိုပြောင်းလာတယ်။ ကတ်ဆက်ကနေ စီဒီ၊ စီဒီကနေ အခု NFT။ ပြောရရင်တော့ ဒါက Trend (ခေတ်ရေစီးကြောင်းတစ်ခုပေါ့) ပြောရရင် NFT က Original Content တစ်ခုလို့ပြောလို့ရတယ်။ ဥပမာ - ကျွန်တော်တို့ ဒီ CD ေခွဆိုလို့ရှိရင် copy လုပ်ကြတယ်၊ Priate လုပ်ကြတယ်ပေါ့လေ။ ပြီးတော့ လှည်းတန်းမှာသွားရောင်းကြတယ်။ ဒီသီချင်းဘဲကို CD ခွေကို copy လုပ်ပြီးနားထောင်တဲ့သူတွေနဲ့ Original ခွေကိုနား‌ထောင်ကြတဲ့သူချင်း ခံစားရတဲ့ feeling ကကွာတယ်။ Original ကိုဝယ်ပြီးအားပေးတာဆိုတဲ့ Pride တစ်ခုရှိတယ်။ ဒီ NFT ကို Artist ကိုယ်တိုင်ကလည်း‌‌ ရောင်းလို့ရတယ်။ အခုဆို Eminem, Snoop Dog တို့ဆိုလည်း NFT တွေထုတ်လာကြပြီ။ ပြီးတော့ NFT ကို CD နဲ့ပဲ ဥပမာပေးရရင် ထားပါတော့ ဒီ CD က တစ်ကမ္ဘာလုံးမှာမှ limited edition အနေနဲ့ အချပ် ၁၀၀ ထွက်တယ်ထားပါတော့။ အဲ့အခွေတစ်ရာထဲမှာ တစ်ခွေပိုင်တယ်ဆိုတဲ့ pride ရတယ်။ အဲ့လိုဘဲ NFT ကိုလည်း Limit နဲ့သတ်မှတ်လို့ရတယ်။ ပြီးတော့ အဲ့ဒီ NFT ကိုအချင်းချင်းပြန်ရောင်းလို့ရတယ်။ NFT အစစ်ဟုတ်မဟုတ်ကိုတော့ ဘာနဲ့စစ်လဲဆိုရင် NFT ရဲ့အနောက်မှာ code 16 လုံးလားမသိဘူးပါတယ်။ အဲ့ code တွေအကုန်လုံးက ဒီ NFT ကအစစ်အမှန်ဆိုတာကို သက်သေပြတာပါ။ အဲ့တော့ NFT ကို brand တွေအနေနဲ့က ဘယ်လိုသုံးလို့ရမလဲဆိုတာကို ဆက်စဉ်းစားကြည့်ရင် NFT ကို brand အနေနဲ့ သုံးလို့ရတဲ့ ပုံစံမျိုးက ဥပမာအနေနဲ့ ကျွန်တော်တို့ Level Up က NFT ထုတ်တယ်ထားလိုက်ပါတော့ အဲ့ NFT ကိုဝယ်တဲ့သူတွေကို Level Up က content creation free 3 လ လုပ်ပေးမယ်။ ဒါမှမဟုတ် တစ်လကို content 6 ပုဒ် အလကားလုပ်ပေးမယ်ဆိုပြီးလည်းလုပ်လို့ရတယ်။ ဒါမှမဟုတ် Royalty Program တစ်ခုခုနဲ့တွဲလိုက်လို့ရတယ်။ Artist တစ်ယောက်ယောက်က ဥပမာ - Eminem ကသူ့ NFT ဝယ်တဲ့သူတွေကို သူ့ show တွေကို NFT ပြပြီး free ကြည့်လိုရပါတယ်ဆိုတာမျိူးလုပ်လို့ရတယ်။ ဘာဆက်ဖြစ်လာနိုင်သေးလဲဆို ကျွန်‌တော်ခန့်မှန်းထားတာတော့ Facebook မှာဘာ post တင်ထားလဲဆိုတာကို ဝင်ကြည့်လို့ရသလိုမျိုး တစ်ချိန်ချိန်မှာ ကျွန်တော်တို့ဘာ NFT ကိုဝယ်ထားလဲဆိုတာမျိုးကို ကြည့်လို့ရမယ်လို့ထင်ပါတယ်။ ဥပမာ - Metaverse မှာဝယ်ထားတဲ့ NFT ကိုချိတ်ထားသလိုမျိုး လုပ်လို့ရနိုင်ဖို့ chance များမယ်လို့ထင်ပါတယ်။ အဲ့အချိန် virtual world မှာ ကျွန်တော်ပိုင်တဲ့ NFT က ဆယ်ခုပဲရှိတဲ့ Monalisa ပန်းချီကား NFT ထဲက တစ်ခုဆိုရင် ကြွယ်လို့ရမှာ‌ပေါ့လေ။ အဲ့လိုမျိုး NFT ကို Brand တွေ၊ Celebrity တွေအနေနဲ့ ဘယ်လိုမျိုးသုံးလို့ရနိုင်မလဲဆိုတာမျိုးကို ကျွန်တော်ကတွေးမိသလောက် sharing လုပ်ပေးတာပါ။