Q: (၁) page တစ်ခု restricted ဖြစ်သွားလို့ Meta agent နဲ့ chat တုန်းသူပြောတာ page admin တွေရဲ့ profile တွေပါ investigate လုပ်နေတယ်ဆိုပြီး ပါလာလို့ပါ။ ဒီလိုဆိုအမြဲအသုံးပြုနေတဲ့ official account မဟုတ်ဘဲ fake account လိုမျိုးနဲ့ admin ယူထားရင် page ကိုထိခိုက်နိုင်လား သိပါရစေ။
A: နံပါတစ် page restricted ဖြစ်သွားတဲ့အချိန်မှာ page admin ရဲ့ profile မှာ investigate လုပ်နေတယ်။ အဲ့အချိန်မှာ official account မဟုတ်ဘဲနဲ့ fake account လိုမျိုးနဲ့ admin ယူထားရင် page ကိုထိနိုင်လား ဆိုတော့ ကျွန်တော်တို့ရဲ့ account တစ်ခုရှိပါတယ်။ ဘာအကောင့်လဲတော့ ကျွန်တော်မပြောတော့ဘူး။ အဲ့တာက fake account ပါ။ ဆိုတော့ fake account လိုမျိုး admin ယူထားတယ်ဆိုရင် page ကိုထိခိုက် နိုင်တာမဟုတ်ဘူး။ ဘာကို investigate လုပ်တာလဲဆိုတော့ unusual activity ကိုသွားကြည့်တာပါ။ unusual activity ဆိုတာက ဥပမာ- restricted ဖြစ်သွားတယ်။ boost လို့မဟုတ်ဘူး။ တခြားနိုင်ငံတစ်ခုခု ကနေ ကိုယ့်ရဲ့ page ကိုဝင် hack ပြီးတော့ boost လုပ်မယ့်ဟာမျိုးတွေ သူတို့ကကြောက်တယ်။ အဲ့တာ ကြောင့် အဲ့ဒီ page ကိုကိုင်နေတဲ့သူတွေရဲ့ activity တွေကိုလိုက်စစ်တာပါ။ ထားပါတော့ ကျွန်တော်တို့ မြန်မာပြည်မှာနေတဲ့သူတွေကနေပြီးတော့ အဲ့ page ကိုပုံမှန်လေး boost လုပ်နေတယ်။ တစ်ချိန်ချိန်မှာ ဗီယက်နမ်ကနေပြီးတော့ hacker ဝင်လာတယ်။ ကျွန်တော်တို့ရဲ့ page ကိုသုံးနေတယ်။ ads account ကို သုံးပြီးတော့ boost သွားတယ်။ အဲ့အချိန်မှာ page restricted ကျသွားတယ်။ unusual activity ကြောင့် ကျသွားတယ်။ အဲ့တာဆိုရင် Facebook ကနေကျွန်တော်တို့ပုံမှန်သုံးနေတဲ့ usual activity ကို အရင်ဆုံး ဆန်းစစ်ပြီးတော့မှ ဗီယက်နမ်ကလာတာသေချာတယ်။ ဒီကောင်ကဒီ page admin ဖြစ်နေတယ်။ ဒါပေမဲ့ အရင်က admin မဟုတ်ဘူး။ အဲ့တော့သူသည် hacker ဖြစ်တယ်။ သူ့ကို page ကနေဖယ်လိုက်မယ်။ အရင်တုန်းက သူ boost လုပ်ခဲ့တဲ့ဟာတွေကို ပိုက်ဆံပြန်အမ်းမယ်ဆိုတဲ့ ပုံစံမျိုးလုပ်ပေးပါတယ်။ အဲ့တာကြောင့် Facebook က check ပေးနေတယ်ဆိုတာပြောတာပါ။
#marketing #digitalmarketing #market #career #askalex #askalexmm