Q: online shopping page တွေမှာ brand နာမည်တွေထည့်ရေးလို့မရဘူးလို့ သိထားပါတယ်။ တခြား policy တွေမညိဘဲ အချို့ page တွေပျက်သွားကြတာ ဒီအချက်တွေကြောင့် ဖြစ်နိုင်လားရှင့်။
A: နံပါတ်နှစ်က online shopping page တွေမှာ brand နာမည်တွေထည့်ရေးလို့မရဘူးလို့ သိထားပါတယ်။ တခြား policy တွေမညိဘဲ အချို့ page တွေပျက်သွားကြတာ ဒီအချက်တွေကြောင့် ဖြစ်နိုင်လားရှင့်ဆိုတော့ အများကြီးဖြစ်နိုင်ပါတယ်။ ထည့်မရေးရတာမဟုတ်ဘူး။ ဘာပါဖြစ်ဖူးလဲဆိုတော့ ဓါတ်ပုံထဲမှာ logo ပါနေလို့ကျသွားတဲ့ဟာမျိုးဖြစ်ဖူး တယ်။ Facebook ads policy တစ်ခုထဲမှာဘာပါလဲဆိုတော့ content fake product ကိုမကြော်ငြာဘူး ပါတယ်။ အတုတွေရောင်းတာကိုပြောတာ။ ကျွန်တော်တို့က ဘယ်လောက်ထိပဲအစစ်ရောင်းတယ်လို့ ပြောစေကာမူ ဟိုဘက်က check လုပ်လို့မရဘူးလေ။ ကျွန်တော်တို့ရဲ့ပုံကိုကြည့်ပြီးတော့။ Facebook ကအတုတွေဆိုရင် ဖြုတ်ချလေ့ရှိတယ်။ အဲ့တော့အဲ့လိုအတုတွေမဖြစ်အောင် အကောင်းဆုံးကဘာလဲ ဆိုတော့ ကျွန်တော်တို့ဒီပစ္စည်းက အစစ်ပါ။ ဒီပစ္စည်းကိုဝယ်နေကျ voucher လည်းရှိပါတယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့ရဲ့ Facebook check support ပုံစံမျိုးနဲ့စကားပြောတယ်ဆိုရင် အဆင်ပြေတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm