Listen

Description

Q: Own, Earn, and Paid Media အကြောင်းလေးသိချင်ပါတယ် ကို Alex ရေ။

A: အမှန်တကယ်က အဲ့တာ PESO ဆိုတဲ့ စကားလုံးလေးလုံးရှိပါတယ်။ Paid , Earn, Share, Own ပါ။ PESO မှာဘာပါလဲဆိုတော့ paid ဆိုတာက ပိုက်ဆံပေးရတဲ့ media တွေအကုန်လုံးကို paid media လို့ခေါ်ပါတယ်။ ပိုက်ဆံပေးရတဲ့ဟာတွေအကုန်လုံး၊ Facebook boost လုပ်ရတယ် paid media ။ ထားပါတော့ media မှာကြော်ငြာထည့်ရင် ကျွန်တော်တို့ရဲ့ FYI မှာ ကျွန်တော်တို့ client တွေကို ကျွန်တော်တို့ newsletter subscribers တွေကို reach လုပ်ချင်လို့ဆိုပြီး ကျွန်တော်တို့ကို ကြော်ငြာလာအပ်တယ်ဆိုလို့ရှိရင် ဒါသည်လည်း paid media ပါပဲ။ ပိုက်ဆံပေးရတဲ့ bill board တွေ TVC ကြော်ငြာတွေ ပြီးရင် radio တွေအကုန်လုံးက paid media အနေနဲ့ ကျွန်တော်တို့က သွားသုံးပါတယ်။ earned media ကကျတော့ အလကားရတဲ့ media ပေါ့နော်။ ဥပမာ- ကျွန်တော်တို့ press release လုပ်တယ်။ product launch လုပ်တဲ့အချိန်မှာ media တွေကိုဖိတ်တယ်။ ကျွန်တော်တို့ story အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီလိုအခက်အခဲတွေကို ဒီ product က ဒီလိုမျိုးဖြေရှင်းပေးနိုင်ပါတယ်ဆိုတဲ့ PR story telling နဲ့သွားတယ်ဆိုရင်က သူတို့သည် အဲ့ဒီ story ကို cover လုပ်ပေးတယ်။ သတင်းအနေနဲ့ ပြန်ရေး ပေးတယ်။ အဲ့ဒီဟာတွေအကုန်လုံးက earn media လို့ခေါ်ပါတယ်။ ထားပါတော့ ကျွန်‌တော်တို့ရဲ့ Facebook မှာ KOL ဘက်ကတစ်ယောက်က‌နေ ကျွန်တော်တို့ရဲ့ review တင်ပေးလိုက်တယ်ဆိုလို့ရှိရင် ဒါသည် earned media ပါ။ shared media ရှိသေးတယ်။ Share Media ကျတော့ social media အကုန်လုံးပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် share လုပ်လို့ရနေတဲ့အတွက်ကြောင့် share media လို့ခေါ်ပါတယ်။ own media ကကျတော့ ကိုယ်ပိုင် own channel တွေပါ။ ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ website တွေ ရှိမယ်။ e-commerce တွေရှိမယ်။ Facebook page, Viber channel တွေရှိမယ်။ အဲ့တာတွေအကုန်လုံးက own media ပါ။ marketing plan ဆွဲပြီးဆိုလို့ရှိရင်က paid, earned, share, owned ဆိုတဲ့ PESO ကို ဘယ် platform မှာဘာလုပ်မှာလဲ။ ကျွန်တော်တို့ product launch တစ်ခုလုပ်မယ်ဆိုရင် ထားပါတော့ ဥပမာ Vitacup ပေါ့လေနော်။ Vitacup ကို Launch လုပ်မယ်ဆိုရင် owned မှာဘာလုပ် မှာလဲ earned မှာဘာလုပ်မှာလဲ paid မှာဘာလုပ်မှာလဲ share မှာဘာလုပ်မှာလဲဆိုတဲ့ plan ဆွဲချတယ်။ ပြီးတော့မှ ဘယ်ကာလမှာ ဥပမာ- August မှာဘာလုပ်မှာလဲ September မှာဘာလုပ်မှာလဲ October မှာဘာလုပ်မှာလဲ November မှာဘာလုပ်မှာလဲ own, earn, paid, share ရဲ့ ဘယ် channel တွေမှာ ဘာလုပ်မှာဆိုတဲ့ marketing plan ထွက်လာပါတယ်။ အဲ့ကနေဆက်ပြီးတော့ အလုပ်လုပ်ကြတာပါ။ အဲ့တာကတော့ own, earn, paid, share ရဲ့ အကျဉ်းချုပ်လေးပေါ့နော်။
#marketing #digitalmarketing #market #career #askalex #askalexmm