Q: page ပုံစံအသစ်ကနေ အဟောင်းကို ပြန်ပြောင်းလို့ရလားခင်ဗျာ။ ကို Alex အနေနဲ့ကရော ဘယ်ဟာကိုပို prefer ဖြစ်ပါသလဲ။
A: ကျွန်တော်သိထားတာကတော့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ new format page ကနေ old format page ကိုပြန်ပြောင်းလို့ရတယ်။ ကျွန်တော့်အသိတစ်ယောက်ရေးထားတဲ့ link ဖြစ်မယ်ထင်တယ်။ ကျွန်တော့်အနေနဲ့က ဘယ်ဟာကိုပို prefer ဖြစ်လဲဆိုတော့ အခုသတိထားမိတာ level up ကကိုင်နေတဲ့ page တော်တော်များများက new format တွေပြောင်းလာကြတယ်။ ကျွန်တော်မြင်တာကတော့ Facebook က unforce လုပ်ချင်တာလားပေါ့နော်။ ဘာလို့လဲဆိုတော့ customer experience ကောင်းတယ်လို့ သူတို့မယုံ မချင်းကတော့ old format ကနေ new format ကိုပြောင်းစရာမရှိဘူး။ ဆိုတော့ page တော်တော် များများက new format page ကိုပြောင်းနေကြတာဆိုတော့ ကျွန်တော် prefer ဖြစ်ဖြစ်မဖြစ်ဖြစ် ပြောင်းတာကပြောင်းမှာပဲ။ အဟောင်းကိုပြန်ပြောင်းရင်တောင်မှ တစ်ချိန်ချိန်မှာအသစ်ပြောင်းလာနိုင်တယ်။ ဆိုတော့ကျတော့ prefer ဖြစ်ဖြစ်မဖြစ်ဖြစ် Facebook က by force နဲ့ပြောင်းဆိုရင်တော့ ပြောင်းရမှာပဲ။ ကျွန်တော့်အနေနဲ့ကတော့ page အဟောင်းကိုပြန်မပြောင်းစေချင်တော့ဘူး။ ကျွန်တော့် page အကုန်လုံး ကတော့ new format တွေများတယ်။ ကြားဖူးတာကတော့ အဟောင်းတွေကိုပြန်ပြောင်းရင် post တွေ ပျက်တယ်ကြားတယ်။ အရင်တစ်လလောက်မှာတင်ထားတဲ့ post တွေပျောက်သွားတယ်ပေါ့နော်။ အဲ့ဒီဟာတွေက ပြန်ရလားမရလား မသေချာဘူး။ ပြောချင်တာက old page ကိုမရမကပြန်ပြောင်း ပြီးတော့မှ နောက်ပိုင်းမှာလည်း ပြန်ပြောင်းခံရမဲ့အတူတူတော့ new page ကိုကိုယ့်ဟာကိုယ် ဘယ်လိုမျိုး adaptation လုပ်ကြမလဲဆိုတဲ့ဟာမျိုးလေး စဉ်းစားကြည့်စေချင်ပါတယ်။ ဒါမှလည်း အဆင်ပြေမှာပေါ့ နော်။
#marketing #digitalmarketing #market #career #askalex #askalexmm