Listen

Description

Q: page ရဲ့အခြား channel (Viber, Channel, Telegram, Website) တွေကို page က customer တွေကိုဘယ်လိုဆွဲခေါ်လို့ရမလဲအစ်ကို။ Facebook က link တွေချလို့မရကြားလို့ ဒီနေ့ account မှာ blogs spot link စမ်းတင်တာတောင်ဖျက်ခံရလို့။

A: blogs spot link ကတော့အဖျက်ခံရတယ် ကိုမျိုးသန့်ဇော်ရေ။ ဒါပေမဲ့ ကိုယ့်ရဲ့ custom domain တစ်ခုအနေနဲ့လုပ်တယ်ဆိုရင်တော့ အဖျက်မခံရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ FYI marketing media ရဲ့ content တွေသွားကြည့်ပါ။ ဆိုတော့ ကျွန်တော်တို့ FYI ကတင်တာအကုန်လုံးက link တွေပါ။ ဆိုတော့ link ကတင်လို့ရတယ်။ အဓိက custom domain ဖြစ်ဖို့လိုတာ။ custom domain မဖြစ်ဘဲနဲ့ အလကားရတဲ့ domain တွေဆိုရင် Facebook ကချပြစ်ပါတယ်။ ဘာလိုလဲဆို့တော့ အဲ့ဒီ website ပေါ်မှာဘာတွေရေးထားလဲဆိုတာ သူတို့ဘက်က စစ်လို့မရဘူး။ စစ်မရတဲ့အပြင်ဘာမှပြောပိုင်ခွင့်မရှိဘူး။ မရှိတဲ့အချိန်မှာ သူတို့ရဲ့ safety issue တွေကြောင့် blogs spot တွေကိုပေးမတင်တော့ပါဘူး။ ဒီမှာတော့ link ကချလို့ရတယ်။ link ချရင်တော့ reach နည်းတယ်။ ကျွန်တော်တို့ FYI မှာ reach နည်းတာတောင်ဘာလို့ link ချလဲဆိုတော့ ဒါကလည်းကျွန်တော်တို့ရဲ့ strategy နဲ့ကျွန်တော်တို့ရှိတာပေါ့လေ။ ကိစ္စတော့မရှိဘူး link တွေသွားပေးတယ်။ အဲ့လိုမလုပ်ချင်ဘူးဆိုရင်က ဇူကာဘတ်လုပ်နေတဲ့ ပုံစံရှိပါတယ်။ ဘာလဲဆိုတော့ အပေါ်မှာစာရေးတယ်။ ပုံထည့်တယ်။          First         comment ထဲမှာ link ထည့်ပါတယ်။ အဲ့လိုပုံစံမျိုးသွားမယ်ဆိုရင်လည်း ရနိုင်တယ်ပေါ့လေ။ အဲ့လိုမဟုတ်ဘဲနဲ့ နောက်တစ်ခုကဘာနဲ့သွားလို့ရလဲဆိုတော့ Facebook boost လုပ်လိုက်။ ပြီးရင် traffic ကို  အဲ့ဒီ viber, telegram website ကိုထည့်လို့ရတာပေါ့လေ။ အဲ့တာတစ်ခုရှိတယ်။ ပြီးရင် Facebook ထက်စာလို့ရှိရင် programmatic ads run ကြည့်ပါ။ ကျွန်တော်တို့လက်ရှိ Level Up မှာ run ပေးနေတဲ့ programmatic ads တွေမှာတော့ Click-Through Rate က   မဆိုးဘူး စျေးတော့နည်းနည်းပိုပြီးကြီးတယ်။ Facebook ရဲ့ CBC နဲ့ cost per click နဲ့ programmatic ads ရဲ့ cost per click နှစ်ခုယှဉ်မယ်ဆိုရင် programmatic ads ကတော့ စျေးပိုကြီးတယ်  ဒါပေမဲ့ Still is Quality lead ပိုပြီးတော့ရတယ်၊ ကျွန်တော်တို့က programmatic ads ကို အခုရက်ပိုင်းမှာ နည်းနည်းလေးပိုပြီးတော့ အားစိုက်ပြီးတော့အကြံပေးဖြစ်ပါတယ်။

#marketing #digitalmarketing #market #career #askalex #askalexmm