Q: page တစ်ခုချင်းစီရဲ့ တစ်လစာ invoice ကိုဘယ်လိုဆွဲထုတ်လို့ရနိုင်မလဲ ကို Alex ။
A: (ကိုသန်းထက်အောင်) ဒုတိယတစ်ခုလည်း အဲ့ဒီ ads account တွေကကျကျနေတာတွေရှိတယ်။ ကျွန်တော်တို့က တစ်ခါတစ်လေကျရင် page နှစ်ခုသုံးခုကိုလည်း ads ပွင့်နေတဲ့ account တွေနဲ့ run လိုက်ရတဲ့အခါတွေလည်းရှိတယ်။ အဲ့အချိန်ကျရင် client တွေအတွက်ကို budget တွေ ကျွန်တော်တို့သုံးခဲ့တဲ့ page တစ်ခုချင်းစီအတွက်ကို budget တွေပြန်ပြီးဖယ်ပေးတာပေါ့နော်။ အဲ့လိုဖယ်ပေးရတဲ့အချိန်မှာ ads reporting ဆိုတာရှိတယ်။ ads reporting ထဲသွားပြီးလို့ရှိရင် create အသစ်လုပ်လို့ရတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ads account ကိုရွေးလိုက်ပေါ့လေ။ ရွေးပြီးသွားလို့ရှိရင် ညာဘက်မှာ breakdown တွေ metric တွေ ကျွန်တော်တို့ထည့်ချင်တာတွေ ဒါကျွန်တော်တို့ report မှာထည့်ချင်တာတွေ အများကြီးထည့်လို့ ရတာပေါ့လေနော်။ country, region, gentle တွေကအစ အကုန်လုံးထည့်လို့ရတယ်။ အဲ့အချိန်မှာ page name လေးကိုထည့်လိုက်ပေါ့နော်။ ထည့်ပြီးရင် page name မှာ run ခဲ့တဲ့ page တစ်ခုချင်းစီရဲ့ နာမည်တွေအကုန်လုံးကျလာလိမ့်မယ်။ ပြီးရင် budget တွေထည့်တာ၊ cost per result တွေထည့်လို့ ရတာတွေလည်းပါတယ်။ ပြီးရင် download ဆွဲတဲ့ဟာရှိတယ်။ file ကို format မျိုးစုံနဲ့ဆွဲလို့ရတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်ဆွဲနေကျ comer separated နဲ့ပဲဆွဲတယ်။ download ဆွဲပြီးရင် page name တွေအကုန်ပါလာတာဖြစ်တဲ့အတွက် sources ပြန်ခံပြီးတော့ page တစ်ခုချင်းစီအတွက် budget တွေ ပြန်ထုတ်လို့ရတာပေါ့နော်။ အဲ့လိုလေးလုပ်လို့ရပါတယ်။ ဆိုလိုချင်တာက ads reporting panel ကို ရောက်သွားပြီဆိုရင် ပထမဆုံးဘယ် ads account အတွက် report လုပ်မှာလဲဆိုတဲ့ဟာရွေးပေးရတယ်။ အဲ့အချိန်မှာတစ်ခါတည်း နှစ်ကောင့်သုံးကောင့်ရွေးလို့ရသလို တစ်ခုချင်းစီလည်းရွေးလို့ရတယ်။ အဲ့အချိန် မှာ page name လေးထည့်လိုက်ရတာပေါ့လေ။
#marketing #digitalmarketing #market #career #askalex #askalexmm