Q: page like boost လုပ်တာက effect ဖြစ်လား။ ပြီးတော့ တစ်လဘယ်နှစ်ခါလောက်လုပ်သင့်လဲဗျ။ A: effect ဖြစ်လားဆိုတော့ page like boost လုပ်ရင် page like တက်တယ်လေ။ page like တက်တာ ကကိုယ်လိုချင်တာဆိုရင် effective ဖြစ်တာပေါ့။ တစ်လကိုဘယ်နှစ်ခါလောက်လုပ်သင့်လဲဆိုတော့ ကိုယ်လိုချင်တဲ့ marketing objective မရောက်မချင်းလုပ်သင့်ပါတယ်။ အဲ့တော့ page like boost လုပ်တဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ တစ်ခုအကြံပေးချင်တာက content တစ်ခုတည်းကို boost မလုပ်ပါနဲ့။ content 4,5,6,7 ခု, ၁၀, ၂၀, ၃၀,၄၀,၅၀,၆၀,၇၀,၈၀, ၉၀, ၁၀၀ ကိုစီချလိုက်။ အဲ့တာကို campaign budget organization ခံပြီးတော့မှ Ads Set သုံးလေးခု လောက်နဲ့ page like boost လုပ်တာကပိုပြီးတော့ effective ဖြစ်ပါလိမ့်မယ်။ cost per page like နည်းပါ လိမ့်မယ်။ အဲ့တာက ကိုယ့်အနေနဲ့တစ်ဒေါ်လာသုံးတယ်ဆိုရင် Ads set လေးခုဆိုတော့ တစ်ရက်ကိုလေး ဒေါ်လာသုံးရင် အကောင်းဆုံးအသက်သာဆုံး page like ကိုကိုယ့်အနေနဲ့ရမှာပါ။ မဟုတ်ရင်တော့ page like ads တွေသည် content တစ်ခုကိုတစ်ခါ boost တယ်ဆိုရင်တော့ စျေးကြီးနိုင်ပါတယ်။ အကြံပေးချင် တာက campaign budget organization ကိုသုံးပါ။ ဖြစ်နိုင်ရင် content သုံးလေးငါးဆယ်လောက်ကို boost လုပ်ပါ။ Ads set လေးငါးခုလောက်ကိုသုံးလိုက်ပါ။ ကိုယ်နဲ့မဆိုင်တဲ့ Ads set ကြီးတော့သွားမသုံးနဲ့ ပေါ့နော်။ target audience ကိုတော့မသွားနဲ့ပေါ့လေ။ ကိုယ်နဲ့ဆိုင်တဲ့ target audience ကိုမှ Ads set လေးငါးခုလောက်ခွဲချလိုက်။ အဲ့တာကိုမှ boost လုပ်မယ်ဆိုရင် အများကြီးပိုပြီးအဆင်ပြေနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm