Listen

Description

Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ

အပိုင်း (၁) Mentality
A: Personal branding နဲ့ပတ်သက်လာရင် ကျွန်တော်ကတော့ ဘာကို ဦးတည်ပြီးလုပ်ဖို့ ပြောချင်လဲဆိုတော့ personal branding ဆောက်တဲ့သူတွေအများစုက တစ်ယောက်ထဲလုပ်ရတာကို ကျွန်တော်တောင် ကံကောင်းလို့ ကျွန်တော့် personal branding ကိုလုပ်ပေးတဲ့ team ရှိတာပေါ့၊ ဒါတောင် ကိုယ့်ဘာသာကိုယ် comment တွေဖြေတာဆိုတော့ တော်တော်များများက ကိုယ့် Page တွေကို ကိုယ့်ဘာသာ run ရတာဆိုတော့ကျတော့ ကျွန်တော်ကတော့ ဘာကိုပြောချင်လဲဆိုတော့ expendable ဘယ်လိုဖြစ်အောင် လုပ်ကြမလဲပေါ့ ဥပမာ personal branding လုပ်တာ တစ်ယောက်ထဲလုပ်တာဘဲ သို့သော် ကိုယ်ရဲ့ content တွေကို နေရာတကာမှာ ရောက်သွားအောင် ဘယ်လိုမျိုးတင်ရမလဲဆိုတဲ့ဟာမျိုးလေးတော့ တစ်ချက်လေး စဉ်းစားစေချင်တယ်။ အဲ့တာကြောင့်လဲ ကျွန်တော်က Ask Alex ကို run နေတာပေါ့နော် Ask Alex က အခု long form content ကို ကျွန်တော်ရဲ့ facebook. Youtube. LinkedIn သုံးခုမှာတင်တယ်၊ ပြီးတော့ ကျွန်တော့် team က မေးခွန်းတွေ အကုန်လုံးကို ပြန်ဖြတ်ပြီးတော့မှ Podcast တွေတင်တယ်၊ ပြီးရင် TikTok မှာတင်တယ်၊ Podcast မှာတင်တယ်၊ Facebook. Youtube စတဲ့ channel တွေမှာပြန်ပြီးတော့တင်လိုက်တဲ့ဟာမျိုးလေးတွေ ရှိတယ်ပေါ့နော် ကျွန်တော်တို့က ဒီvideo တစ်ခုထဲကိုဘဲ များများစားစားပြန်ပြီးတော့ဖြန့်ချလို့ရတာပေါ့လေ၊ အဲ့ဒါမျိုး ကျွန်တော်လုပ်ပါတယ်၊ တစ်ခုကတော့ personal branding သွားတယ်ဆိုလို့ရှိရင် နည်းနည်းလေးအကြံပေးချင်တာကလေ media ဆန်ဆန်မျိုး ကျွန်တော်က သွားစေချင်တယ်၊ Mentality ပေါ့နော် company brand တွေဘာတွေ ထက်စာလို့ရှိရင်က ကိုယ့်ဘာသာကိုယ် Media တစ်ခုလို့ ခံယူလိုက်ပြီးတော့မှ ကိုယ်ပြောနေတဲ့ topic နဲ့ဆိုင်တဲ့ တခြားသောဟာမျိုးလေးတွေပါ cover လုပ်လိုက်တယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ Media တစ်ခုက ဒီဟာတစ်ခုဘဲ ပြောနေတာမဟုတ်ဘဲနဲ့ ဥပမာ ကျွန်တော်ရဲ့ FYI Marketing Media မှာဆိုလို့ရှိရင် Marketing အကြောင်းတော့ပြောတယ် Digital Marketing အကြောင်းပြောတယ် Facebook Marketing အကြောင်း ပြောတယ် ဒါပေမဲ့ ကျွန်တော်တို့က အဲ့ဟာနဲ့ ဆက်စပ်ပြီးတော့မှ အခြားသော Instagram. Youtube, Tiktok ဆိုတဲ့ ပုံစံမျိုးလေးတွေ ဆက်ပြီးပြောတဲ့ဟာမျိုးလေးတွေ ရှိတယ်ပေါ့နော်၊ နောက်တစ်ခုကကျတော့ တော်တော်လေး အခြားသော content creator တွေနဲ့ သဘောထားခြင်းကွဲလွဲကောင်း ကွဲလဲနိုင်တယ်ပေါ့ ကျွန်‌တော်ကတော့ ဘာကိုပါ လုပ်စေချင်လဲဆိုတော့ (၂)ပိုင်းပေါ့။ (၁)ပိုင်းကကျတော့ ဘာတွေဖြစ်နေလဲ ဘယ်လိုမျိုး trend တွေရှိနေလဲ ဆိုတဲ့ ကိုယ့်ရဲ့ content ထဲမှာ ဘယ်လို trend တွေဖြစ်နေလဲ ဆိုတဲ့ဟာတော့ သိသင့်တယ်၊ ဥပမာ trend လို့ပြောတဲ့ဆိုလို့ရှိရင်က trend chart လုပ်ဖို့အတွက်စာလို့ရှိရင် အဲ့ trend ပေါ်မှာ ကိုယ့်ရဲ့ အမြင်ကိုပါ ကိုယ်ပြောပြလို့ရတာပေါ့ ဥပမာ အနီးစပ်ဆုံး ပြောမယ်ဆိုရင် ဟိုတနေ့က ကိစ္စ Facebook ပိတ်တာမပိတ်တာ တစ်ပိုင်းထားတော့ ဒါပေမဲ့ Facebook က ကျော်ပြီးတော့ ဘယ်ကိုသွားကြမလဲဆိုတဲ့ ဆွေး‌နွေးလို့ရတဲ့ post လေးတစ်ခု ကျွန်တော် တင်ခဲ့တယ်ပေါ့နော် အဲ့မှာလည်း ဝိုင်းပြီးတော့ ဆွေးနွေးခဲ့ကြတယ်၊ ကျွန်တော်ကလည်း အဲ့ဒီ post ထဲမှာ comment လာမန့်ကြတဲ့ လူတွေရဲ့မန့်တွေအကုန် လိုက်ဖတ်ပြီး ပြန်သုံးသပ်တယ်ပေါ့နော်။ ဘယ် Industry ကတော့ ဘယ်ကိုသွားသင့်နေပြီ ဆိုတဲ့ပုံစံမျိုးလေးပေါ့ ဘယ်လိုမျိုး attention ဘယ်ဘက်မှာရှိလဲ သိတယ်ဆိုရင် attention ပေါ်မူတည်ပြီး ဘယ်လိုမျိုး attention တွေဆက်သွားနိုင်မလဲ ဆိုတာမျိုးကို လိုက်ရှာရတာကို hide the culture ဆိုတဲ့ဟာမျိုးလုပ်စေချင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ကျတော့ attention ရှာတာမျိုးတော့မဟုတ်ဘူးပေါ့နော် ဒါပေမဲ့ ဘယ်တွေကိုသွားနေတာလဲ ဘယ်သူတွေက ဘာတွေကို စိတ်ဝင်စား နေတာလဲဆိုတဲ့ အကြောင်းအရာလေးကတော့ ကိုယ့်အနေနဲ့ သိသင့်တယ်လို့‌တော့မြင်တယ်။
#marketing #digitalmarketing #market #career #askalex #askalexmm