Product အသစ်ကို စျေးကွက်ဘယ်လိုဖောက်မလဲ?
Product အသစ်ဖောက်တာကတော့ အများကြီးပြောင်းလဲသွားတာမျိူး မရှိပါဘူး။ ကျွန်တော် အတွက်ကတော့ content ပါဘဲ။ ပထမဆုံးကတော့ ဘယ်လို target segment ကို သွားချင်လဲဆိုတာကို သိရဖို့လိုအပ်ပါတယ်။
Skin care brand ဆိုတော့ ဥပမာ - နယ်လား၊ မြို့လား၊ white collar၊ Blue collar၊ housewife တွေလား ဆိုပြီး ကိုယ့် product ရဲ့ target segment ကိုသိဖို့ အရေးကြီးပါတယ်။ ကိုယ့် Target ကိုသိပြီဆိုရင်တော့ သူတို့နဲ့ သက်ဆိုင်တဲ့ content တွေနဲ့ဖောက်မယ်ဆိုရင်တော့ ဖောက်လို့ရပါတယ်။ ကျွန်တော်ကတော့ ဘာနဲ့အရင်စဖောက်စေချင်လဲဆို differentiation လုပ်ပါ။ ဘာလဲဆိုတော့ ခု local မှာက ဒါသုံးရင် glow လာမယ်၊ ချောလာမယ်ဆိုပြီး အဲ့လို content တွေနဲ့လုပ်နေကြတာများတယ်။ ဆိုတော့ ကိုယ့်ရဲ့ product အသစ်က အဲ့ရှိနေတဲ့ Market မှာ ဘယ်လိုခွဲထွက်ရမလဲဆိုတာ စဉ်းစားဖို့ပါ။ အဲ့တာကို Unit Selling Point (USP) လို့လည်းခေါ်ပါတယ်။ Seth Godin ရဲ့ Purple Cow နဲ့ ဥပမာပေးပြပါမယ်။ ကျွန်တော်တို့ လယ်ကွင်းတွေကို ဖြတ်ပြီးကားမောင်းနေတယ်လို့ ထားလိုက်ပါတော့ လမ်းမှာနွားတွေတွေ့နေရမယ် ဆိုရင် ဘယ်သူမှ ကားကိုရပ်ပြီး တကူးတကကြီး ဆင်းမကြည့်ဘူး Right? ဒါပေမဲ့ နွားပြာကြီးကို ရူတ်တရက်တွေ့လိုက်မယ်ဆိုရင် နွားပြာကြီးတစ်ခါမှ မမြင်ဖူးဘူးဆိုပြီး ဆင်းကြည့်ကြမှာပဲ။ အဲ့တာကို Seth Godin က Remarkable လို့ဆိုပြီးသုံးတယ်။ အဲ့တော့ remarkable ကအရေးကြီးတယ်။ Branding မှာ ကိုယ့် Product က remarkable ဖြစ်မှသတိထားမိမှာ။ ကျွန်တော်တို့ Beauty Vlogger တွေ၊ giveaway contents တွေမသုံးနဲ့ မဟုတ်ဘူး သုံးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ product နေရာယူထားတဲ့ position တစ်ခုက တခြား competitor တွေ products ရဲ့ position နဲ့သွားတူနေမယ်ဆိုရင် consumer က ငါဘာကြောင့် ဒီ product ကိုသုံးရမှာလဲဆိုပြီး စဉ်းစားလိမ့်မယ်။ အဲ့တာကြောင့် USP (Unit Selling Point) က အရေးကြီးတယ်လို့ပြောတာပါ။ USP ဆိုတာ တစ်ခြားသူတွေ မပြောသေးတဲ့ idea တစ်ခု၊ တစ်ခြားသူတွေ မသုံးသေးတဲ့ ingredient တစ်ခု၊ တစ်ခြားသူတွေမသုံးသေးတဲ့ Marketing activity တစ်ခု ဖြစ်နိုင်တယ်။ နောက်ဆုံး ဘာ USP မရှိဘူးဆိုရင်တောင်မှ ဘယ်သူမှမလုပ်သေးတဲ့ Marketing activity တစ်ခုကို USP ထားပြီးတော့ လုပ်ရင် အဲ့ Brand ပေါက်ပါတယ်။ ဒါတွေကတော့ ကျွန်တော့် အနေနဲ့ ဒီအချိန်မှာ ပေးချင်တဲ့ အကြံပါ။