Listen

Description

Q: product service ကိုစ run တော့မယ်ဆိုရင် ads ဘယ်လိုပစ်သင့်လဲဗျာ။ awareness 2 campaign, engagement 1 campaign, lead 1 campaign အာ့လိုမျိုးတစ်ပြိုင်နက်ပစ်သင့်လားဗျာ။ ဒါမှမဟုတ် awareness ကို ၂ ရက်အရင်ပစ်ပြီးမှ ကျန်တာဆက်ပစ်ရမှာလားဗျာ။ 

A: အရင်ဆုံးလူသိအောင်လုပ်ရပါတယ်။ သိပြီးမှပဲလူတွေကစဉ်းစားတာပါ။ စဉ်းစားပြီးတော့မှဝယ်တာဖြစ်တဲ့ အလျောက် ကျွန်တော်တို့ရဲ့ time line တွေအကုန်လုံးကလည်း အဲ့ပုံစံမျိုးနဲ့သွားသင့်ပါတယ်။ ဒါပေမဲ့ လူသိတယ်ဆိုတဲ့ဟာကလေ အဲ့ brand ကဘယ်လောက်လောက် legacy ရှိလဲပေါ့နော်။ ဥပမာဗျာ ကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်ခဲ့ဖူးတဲ့ ကျွန်တော့်အရင် consulting လုပ်ခဲ့ဖူးတဲ့ Giorando ဆိုလို့ရှိရင်က ကျွန်တော်ချာတိတ်ဘဝတည်းကရှိနေတာ။ နှစ်အစိတ်လားရှိနေပြီဆိုတော့ သူတို့ကတစ်ခါတည်း sale ကို run လို့ရတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အခုမှ Zara ဝင်လာမယ်ဆိုရင်က Zara သည်နိုင်ငံခြားရောက်ဖူးတဲ့သူနဲ့ နိုင်ငံခြားကို exposure ရှိတဲ့သူလောက်ပဲ Zara ကိုသိတာ။ အဲ့တော့အရင်ဆုံး branding campaign ကို run ရမှာ။ ကျွန်တော်တို့ရဲ့ commercial video တွေရိုက်ရမယ်။ KOL marketing တွေလုပ်ရမယ်။ ပြီးတော့မှ sale campaign ကိုလုပ်မယ်ဆိုရင်က ပိုပြီး effective ဖြစ်ပါတယ်။ ကျွန်တော်တို့ level up agency မှာလည်းသွားနေတာက ခုနကပြောတဲ့ brand ပေါ်မှာမူတည်ပြီးတော့မှ အဲ့ brand ကို လူဘယ်နှစ် ယောက်သိနေပြီလဲ။ ဘယ်နှစ်ယောက်က trust ဖြစ်နေပြီလဲဆိုတာမှာမူတည်ပြီးတော့မှ ကျွန်တော်တို့ရဲ့ campaign ကိုပြန်ပြီးတော့တည်ဆောက်ပါတယ်။ ဒါကကျွန်တော်တို့လုပ်နေတဲ့ပုံစံပါ။

#marketing #digitalmarketing #market #career #askalex #askalexmm