Listen

Description

Q:   Facebook page တွေက profile page တွေဖြစ်လာလို့ monthly report ထုတ်ဖို့ Facebook analytic လုပ်တဲ့အခါ ဘယ်လိုလုပ်ရမလဲရှင့်။ classic page တုန်းက လုပ်ရတာအဆင်ပြေပြီး acc switch လုပ်မိလို့ profile page ဖြစ်သွားလို့ပါအစ်ကို။



A:   Facebook analytic ကိုဘယ်လို လုပ်ရမလဲဆိုတာကလေ https://business.facebook.com/creatorstudio/insights_performance ဒီ link မှာဝင်ကြည့်လို့ရပါတယ်။ အထဲမှာ audience performance reach ဘယ်လောက်ရှိလဲ ကြည့်လို့ရပါတယ်။ data export လည်းထုတ်လို့ရပါတယ်။ အဲ့ဒီနည်းနဲ့ ကျွန်တော်တို့ page by page ဆိုရင်တော့ ထုတ်လို့ရမယ်လို့ယူဆပါတယ်။ နောက်တစ်ခုက data studio နဲ့ဆိုရင်တော့ ပိုအဆင်ပြေ နိုင်တယ်လို့မြင်ပါတယ်။ FYI ဘက်ကနေလုပ်ပေးနေတဲ့ service တစ်ခုတော့ရှိတယ်။ client ဘက်က ပေးရမဲ့ data ရှိသလို၊ market data ဆိုရင်တော့ page အလိုက် budget ဘယ်လောက်သုံးတယ်တို့၊ cost per page type ဘယ်လောက်ရှိတယ်၊ fan ဘယ်နှစ်ယောက်ရှိတယ်။ reach ကိုဘယ်လောက်သုံးလိုက် တယ်၊ engagement ဘယ်‌လောက်သုံးလိုက်တယ်၊ ဒါက client ဘက်ကဖြည့်ပေးရတာပေါ့နော်။ အဲ့လို ဖြည့်ခြင်းအားဖြင့် ဘာရလဲဆို‌တော့ ဥပမာ- ကျွန်တော်တို့ ဂျူလိုင်  ၁ ရက်နေ့ကနေ စက်တင်ဘာ ၁ ရက်နေ့ အထိကို ကြည့်ချင်တယ်ဆိုရင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒီထဲမှာမှ ဘယ်နေ့မှာတော့ ဘယ်လောက်သုံး လိုက်တယ်။ reach ဘယ်လောက်ရောက်သွားတယ်။ engagement ဘယ်လောက်ရတယ်။ page message ဘယ်လောက်ရတယ်ဆိုတဲ့ data တွေကအစ သိနိုင်ပါတယ်။ နောက်တစ်ခုက market overview ပေါ့နော်။ market overview ကကိုယ့်ရဲ့ competitor list ကိုထည့်ပြီး track တာပါ။ သူတို့သည် post ဘယ်နှစ်ခုတင်ခဲ့တာလဲ၊ reaction, share, comment တွေဘယ်နှစ်ခုရခဲ့တာလဲဆိုတာကို ကျွန်တော် တို့ date နဲ့ပေါ်မူတည်ပြီးတော့မှ၊ ထားပါတော့ တစ်နှစ်စာလုံးကြည့်မယ်ဆိုလည်းရတယ်။ reaction comment share ဆိုရင်လည်း ကိုယ့်ရဲ့ brand တင်မကဘဲ တခြားသော brand တွေရဲ့ reaction, comment, share ဘယ် post ကအများဆုံးရထားတာလဲဆိုတဲ့ဟာကအစ၊ ပြီးရင် ဘယ်လမှာတော့ reaction, comment, share ဘယ်လောက်ရတယ်ဆိုတာမြင်ရတယ်။ ပြီးရင် engagement performance ရှိတယ်။ အဲ့မှာလည်း ဘယ် page က reaction အများဆုံးရတာလဲကြည့်လို့ရတာဆို‌တော့ ကိုယ့်ရဲ့ content ကိုပဲသွားကြည့်မှာလား။ engagement performance ကိုကြည့်မှာလား၊ overview ကိုကြည့်မှာလားဆိုတဲ့ဟာမျိုးလေးတွေ မြင်ရတာပေါ့နော်။ ဒါပေမဲ့ ဒီဟာကသိပ်များတာဆိုတော့ ကျွန်တော်တို့က competitor ပေါင်းအယောက်‌လေးဆယ်လောက်ကို track တယ်။ ဒါပေမဲ့ SME တွေ ဆိုရင်တော့ သုံးယောက်ကနေ ငါးယောက်အထိကို ကျွန်တော်တို့ track ပေးမယ်။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်ရဲ့ agency page ရှိပါတယ်။ Marketing Agency: https://facebook.com/lvlupmm Data Dashboard: FYI Media၊ https://www.facebook.com/fyi.news

#marketing #digitalmarketing #market #career #askalex #askalexmm