Listen

Description

Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Sale Campaign - SQL)

A:  အဲ့ဒီ MQL ကိုမှ marketing သမားရဲ့ process မဟုတ်တော့ဘူး။ sale သမားရဲ့ process ကဘယ်ကဝင်လာလဲဆိုတော့ MQL ကနေ SQL ကိုပြောင်းတဲ့ဟာ။ ထားပါတော့ level up marketing agency အနေနဲ့က proposal တင်ပေးပါဆိုတဲ့အထိရောက်လာပြီဆိုရင်‌တော့ SQL ဖြစ်သွားပြီ။ စျေးရောင်းဖို့အထိကို သေချာလောက်တယ်ဆိုတဲ့ qualified lead ဖြစ်သွားတဲ့အလျောက် အဲ့ဒီဟာကို plus one to SQL ဆိုပြီးသတ်မှတ်ပါတယ်။ ဒီမှာလည်း ads result ကောင်းမကောင်းကို message ဘယ်နှစ်စောင်ဝင်လာလဲဆိုတဲ့ဟာက လွန်ခဲ့တဲ့သုံးလေးငါးနှစ်လောက်က ကျွန်တော်တို့တိုင်းလာခဲ့တဲ့ဟာပါ။ အဲ့ဒီကနေ advanced ဖြစ်သွားအောင်ဆိုပြီး အခုဆိုရင် MQL အရေအတွက်နဲ့ SQL အရေအတွက်ကိုပါ client နဲ့ညှိပြီးတော့ပဲဖြစ်ဖြစ်၊ သူ့ရဲ့ community manager နဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ ညှိပြီးတိုင်းရတယ်။ အဲ့တိုင်းလို့ရှိရင်က ကျွန်တော်တို့ရဲ့ campaign ရဲ့ business contribution ကဘယ်လောက် level ထိရောက်သွားတယ်ဆိုတာ မြင်ရမှာပါ။

#marketing #digitalmarketing #market #career #askalex #askalexmm